Censorship.no! သုံးစွဲသူ လက်စွဲ

ဤလက်စွဲကို eQualitie ၏ ပရောဂျက်ဖြစ်သော Censorship.no! အတွက် ဖန်တီးထားသော CENO ဘရောက်ဇာ နှင့် သက်ဆိုင်ရာ နည်းပညာများကို သုံးစွဲသူများအတွက် ရည်ရွယ်သည်။

သင်သည် နည်းပညာဆိုင်ရာ စာရွက်စာတမ်းကို လိုက်ရှာနေလျှင် ကျေးဇူးပြု၍ နောက်ထပ် ဖတ်ရမည့်စာများအတွက် ညွှန်တံများနှင့် အကောင်အထည်ဖော်မှုဆိုင်ရာ အသေးစိတ်များအပြင် ပရိုတိုကော အသေးစိတ်အချက်အလက်များ ကို ရှာတွေ့နိုင်မည့် CENO စာရွက်စာတမ်း ဗဟိုသိုလှောင်ခန်းကို ရည်ညွှန်းပါ။

မိတ်ဆက်

အင်တာနက်နှင့် World Wide Web သည် ကမ္ဘာတစ်ဝှမ်းရှိ လူများအတွက် အချက်အလက် အမျိုးအစားအားလုံး၏ ရင်းမြစ်နှင့် အခြေခံကျသော အခွင့်အရေးများကို ကျင့်သုံးရန် နည်းလမ်းအဖြစ် ပို၍၊ ပို၍အရေးကြီးလာသည်။ တစ်ချိန်တည်းမှာပင် မကြာမီ နှစ်များအတွင်း ပုဂ္ဂလိကနှင့် အစိုးရ လုပ်ဆောင်သူ နှစ်မျိုးလုံးထံမှ ကွန်ရက် ဆင်ဆာလုပ်ခြင်း အမျိုးအစားအားလုံးနှင့် ကွန်ရက် ကြားဝင်နှောင့်ယှက်မှု အခြားအမျိုးအစားများကို တွေ့မြင်လာရသည် (OONIMagmaCensored Planet မှ အစီရင်ခံစာများကို ကြည့်ပါ)။

၀က်ဘ်သည် သင် ပြန်ထုတ်လိုသော အကြောင်းအရာကို ထိန်းသိမ်းထားပြီး ပေးစာများ ဖလှယ်ခြင်းထက် တယ်လီဖုန်းဖြင့် တိုက်ရိုက် စကားပြောသကဲ့သို့ ချိန်ကိုက်ထားသော နည်းလမ်းဖြင့် ပြန်ထုတ်နိုင်ရန် (အကြောင်းအရာ ဖန်တီးသူများ၊ ထုတ်ဝေသူများနှင့် အင်တာနက် ဝန်ဆောင်မှုများ ပေးသူများက လည်ပတ်သည့်) ဝက်ဘ် ဆာဗာများ ဟု ခေါ်သည့် အထူးကွန်ပျူတာများသို့ သင့်စက်များက ရောက်ရှိနိုင်မှုပေါ် အားထားရသည်။ ကံမကောင်းစွာဖြင့် ဤသို့ပြုလုပ်ရန် သင်လိုအပ်သော ဝက်ဘ်ဆာဗာသည် ကွန်ရက်သို့ ချိတ်ဆက်ထားပြီး ထိုအခိုက်အတန့်တွင် သင့်စက်နှင့် ပြောဆိုရန် လုံလောက်သော ရင်းမြစ်များ ရရှိနိုင်ရန် လိုအပ်သည်။

အကြောင်းအရာ ပို့ဆောင်မှု ကွန်ရက်များ (သို့မဟုတ် စီးပွားဖြစ် Akamai နှင့် Cloudflare ကဲ့သို့ CDNs (သို့) အရပ်သား အသိုင်းအဝိုင်းအတွက် ရည်ရွယ်သော Deflect) ပေါ်ထွန်းလာမှုနှင့်အတူ အကြောင်းအရာ၏ မိတ္တူများကို ကမ္ဘာတစ်ဝှမ်းရှိ ဒေတာစင်တာများသို့ ဖြန့်ဝေပေးခြင်းဖြင့် ၎င်းသည် သင့်စက်များနှင့် ပိုနီးလာပြီး ရောက်ရှိရန် ပိုမြန်လာနိုင်သည့်အပြင် မူလ ဆာဗာများကို တိုက်ရိုက် ဝင်ရောက်သုံးစွဲမှုမှ ကာကွယ်ပေးသဖြင့် ဤဝက်ဘ်ဆာဗာများမှ ဝန်အချို့ကို ဖယ်ရှားနိုင်ခဲ့သည်။ သို့သော် လက်ရှိ CDN ဆာဗာများ (နှင့် ၎င်းတို့ကို လည်ပတ်သည့် အဖွဲ့အစည်းများ) ကို မူလ ဆာဗာရော သင့်စက်များကပါ ယုံကြည်ရန် လိုအပ်ပြီး ၎င်းတို့ကို အချိန်တိုင်းတွင် ရောက်ရှိနိုင်ရန်လည်း လိုအပ်သည်။

နောက်ထပ် ကံမကောင်းစွာဖြင့် ယေဘုယျ ချိတ်ဆက်နိုင်မှု ရှားပါးသော (ဖွံ့ဖြိုးဆဲ နိုင်ငံများ သို့မဟုတ် ချို့တဲ့သော၊ ဆင်းရဲသော သို့မဟုတ် ကျေးလက်ဒေသများ)၊ ဈေးကြီးသော (အချို့နိုင်ငံများသည် နိုင်ငံတကာ အသွားအလာအတွက် ငွေပိုတောင်းသည်) သို့မဟုတ် အစိုးရ တာဝန်ရှိသူက တက်ကြွစွာ ပိတ်ဆို့ထားသော (အတိအလင်း သို့မဟုတ် ယေဘုယျ ပိတ်ပင်မှုကြောင့်) အခြေအနေများ ရှိသည်။ ဤကိစ္စရပ်များတွင် မူလ ဝက်ဘ်ဆာဗာများ သို့မဟုတ် CDN ဆာဗာများကိုပင် ရောက်ရှိရန် ခက်ခဲသည် သို့မဟုတ် မဖြစ်နိုင်ပါ။ ထို့ပြင် လွန်ခဲ့သော နာရီ အနည်းငယ်က ကျွန်ုပ်သည် တစ်နည်းနည်းဖြင့် ဝင်ရောက်သုံးစွဲနိုင်ခဲ့ပြီး ကျွန်ုပ်တို့သည် လမ်းအနည်းငယ် ခြား၍ နေထိုင်လျှင်ပင် သင့်စက်သည် ထိုအကြောင်းအရာကို ရရှိနိုင်မည် မဟုတ်ပါ။

ဤနေရာတွင် CENO ဘရောက်ဇာနှင့် Ouinet သည် အရေးပါလာပါပြီ။ ဤအခန်းတွင် သင့်အား ၎င်းတို့နှင့် မိတ်ဆက်ပေးပါမည်။

CENO ဘရောက်ဇာ ဆိုတာဘာလဲ။

CENO ( Censorship.no! ၏ အတိုကောက် အခေါ်အဝေါ် ) ဆိုသည်မှာ (စမတ်ဖုန်း နှင့် တက်ဘလက် တို့ကဲ့သို့) မိုဘိုင်း Android နည်းပညာသုံး စက်ပစ္စည်းများတွင် အသုံးပြု နိုင်သည့် ဝက်ဘ်ဘရောက်ဇာဖြစ်သည်။ ၎င်းကို အင်တာနက်ဆင်ဆာပိတ်ဆို့မှုကို ကျော်လွှားရန်နှင့် ဆင်ဆာဖြတ်ထားသည့် အကြောင်းအရာများကို အသုံးပြုသူများအကြား အချင်းချင်းဖြန့်ဝေနိုင်ရန်အတွက် ဆန်းသစ်သောနည်းလမ်း အသုံးပြုသူထံမှ အသုံးပြုသူ (P2P) ဖြင့် ဖန်တီးထားပါသည်။ ဤဘရောက်ဇာက နိုင်ငံတကာ နက်ဝေါ့ခ်များ အပေါ် မှီခိုအသုံးပြုရခြင်းကို လျော့ချပေးပြီးပိတ်ဆို့မှုများရှိနေသည့်တိုင် လူကြည့်များသည့် အကြောင်းအရာများကို နက်ဝေါ့ခ်အတွင်း ကြာရှည်စွာ တည်ရှိနေစေရန် လုပ်ဆောင်ပေးသည်။

CENO နှင့် အခြား အင်တာနက် ဆင်ဆာပိတ်ဆို့မှုကို ကျော်လွှားသည့်နည်းလမ်းများ အကြား မတူညီသည့် အချက်တစ်ခုမှာ CENO ကို အသုံးပြုသူများသည် နိုင်ငံတကာဖြတ်ကျော် ချိတ်ဆက်မှုများ လုံးဝမရှိသည့်တိုင် (အလွန်အမင်း ကန့်သတ်မှုများ ရှိသည့်တိုင်) ဝက်ဘ်ပေါ် မှ အကြောင်းအရာများကို အချင်းချင်းကြား မျှဝေနိုင်ခြင်း ဖြစ်သည်။ အင်တာနက် ဆင်ဆာပိတ်ဆို့မှုကို ပြင်းပြင်းထန်ထန် လုပ်သည့်နိုင်ငံများ၊ အင်တာနက်အသုံးပြုမှုကို နိုင်ငံတွင်းသုံး အင်ထရာနက် ကန့်သတ်ထားသည့် နိုင်ငံများတွင်ပင် CENO ကို အသုံးပြုနိုင်ရန် ပုံစံချ တည်ဆောက် ထားပါသည်။

CENO ဘရောက်ဇာကို Android အတွက် Firefox ကို ပြုပြင်၍ တည်ဆောက်ထားခြင်း ဖြစ်သည်။ Android အတွက် Firefox  သည် ခေတ်မီ၍ လူကြိုက်များပြီး လုံခြုံမှုရှိသော အခမဲ့ open source ဘရောက်ဇာ ဖြစ်သည်။ CENO ကို စက်ပစ္စည်းများအကြား အကြောင်းအရာများ မျှဝေရာတွင် အသုံးပြုသည့် နည်းပညာ ဖြစ်သည့် Ouinet နည်းပညာ (နောက်အပိုင်းများ တွင် ရှင်းလင်းချက်ပါဝင်) သုံး၍ Firefox ၏ အဆက်အဖြစ် ချိတ်ဆက်ထားပါသည်။

CENO ကို ဘယ်သူတွေ ရေးသားတည်ဆောက် ထားသလဲ။

Censorship.no! ပရောဂျက်ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း၊ အပိုဒ် ၁၈၊ ၁၉ နှင့် ၂၀ တို့နှင့်အညီ eQualitie မှ တာဝန်ယူ လည်ပတ်ပါသည်။ CENO နှင့် ဆက်စပ် နည်းပညာများကို အခမဲ့ ပွင့်လင်းအရင်းအမြစ် ဆော့ဖ်ဝဲအဖြစ် တည်ဆောက် ရေးသားထားပြီး (စီမံကိန်း အရင်းအမြစ်) မည်သူမဆို လေ့လာခြင်း၊ အသုံးပြုခြင်း၊ ပိုကောင်းအောင် ပြင်ဆင်ခြင်းနှင့် မျှဝေခြင်းတို့ လုပ်ဆောင်နိုင်ပါသည်။ တစ်စုံတစ်ရာ သံသယရှိပါက သို့မဟုတ် အချက်အလက်များကို ပိုမိုသိရှိလိုပါက cenoers@equalit.ie သို့ ဆက်သွယ်ပါ။

ဘယ်သူ့အတွက်လဲ။

CENO သည် လူတိုင်းအတွက် ဖြစ်သည်။ အထူးသဖြင့် အင်တာနက်ဆင်ဆာ ပိတ်ပင်ခြင်းခံရသည့် အကြောင်းအရာများကို ကြည့်ရှု အသုံးပြုလိုသူများ၊ ကမ္ဘာ့အင်တာနက်နှင့် ချိတ်ဆက်ရန် ဈေးကြီးပေးရသည့် (သို့) ကွန်နက်ရှင် မကောင်းသည့် နိုင်ငံများတွင် နေထိုင်သူများအတွက် ရည်ရွယ်ပါသည်။ CENO က အသုံးပြုသူများအကြား အကြောင်းအရာများ မျှဝေခြင်းကို အားပေးပြီး အချင်းချင်းအကြား ချိတ်ဆက်ပံ့ပိုးသည့် ပုံစံဖြင့် ဗဟိုထိန်းချုပ်မှု မရှိသော နက်ဝေါ့ခ်ကို ဖန်တီးနိုင်ပါသည်။

CENO ကို အသုံးပြုရန်အတွက် ကွန်ပျူတာ ကျွမ်းကျင်သူ ဖြစ်ရန်မလိုသကဲ့သို့ အသုံးပြုသူမှအသုံးပြုသူ အချင်းချင်းကြား ချိတ်ဆက်ပေး သည့် ကွန်ရက်များက CENO ကို မည်သို့အသုံးပြုသည်ကို နားလည်ရန်လည်း မလိုအပ်ပါ။ CENO ကို သာမန်ဝက်ဘ်ဘရောက်ဇာများ အသုံးပြုသကဲ့သို့ပင် သုံးနိုင်ပါသည် (CENO တွင်သာရရှိနိုင်သည့် လုပ်ဆောင်ချက်များကို မသိမသာ ထည့်သွင်းထားပြီး ဖြစ်သည်)။

သို့ရာတွင် CENO သည် နက်ဝေါ့ခ် တွင် မျှဝေထားသည့် ဝက်ဘ်အကြောင်းအရာများကို အခြားအသုံးပြုသူများအား အသိပေးခြင်း နှင့် အသုံးပြုသူထံသို့ အကြောင်းအရာများ ပေးပို့ရသည့် အတွက် အခြား သာမန် ဝက်ဘ်ဘရောက်ဇာများထက် အင်တာနက် လမ်းကြောင်း ပိတ်ဆို့မှုကို ပိုမိုဖြစ်စေတတ်ပါသည်။ ထို့ကြောင့် အင်တာနက် ချိတ်ဆက်မှု အနေအထား အတော်အသင့် ကောင်းရန် လိုအပ်သည်။ မိုဘိုင်း ဒေတာဖြင့် သုံးခြင်းထက် ဝိုင်ဖိုင်ချိတ်၍ သုံးရန် အကြံပြုပါသည်။ သို့မှသာ အင်တာနက် ဒေတာ အကုန်သက်သာပြီး မိမိ ချိတ်ဆက်ထားသော ဝက်ဘ် အကြောင်းအရာများကို အခြားသူများကို မျှဝေနိုင်မည် ဖြစ်သည်။

သတိပြုရန်- CENO သည် ကိုယ်ရေးလျှို့ဝှက်ပေးသည့် နည်းပညာ မဟုတ်ပါ။ ထိုမျှမက CENO အသုံးပြုခြင်းက သင်ဝင်ရောက်ထားထားသော (သို့မဟုတ်) မျှဝေထားသည့် ဝက်ဘ်အကြောင်းအရာများကို အခြားသူများကိုပါ သိရှိစေနိုင်သည်။ ဤအချက်ကို သတိပြုပြီး မှ အသုံးပြုရန် သင့်/မသင့် ကို ဆုံးဖြတ်ပါ။ ပိုမိုသိရှိလိုလျှင် အများသုံး နှင့် ပုဂ္ဂလိက အင်တာနက် ဘရောက်ဇင်း များအကြောင်း နှင့် အန္တရာယ်များ နှိုင်းယှဉ် ရေးသားထားသည့် အပိုင်းတွင် ဖတ်ရှုပါ။

Ouinet ဆိုတာ ဘာလဲ။

Ouinet သည် CENO ဘရောက်ဇာကို အခြားစက်များနှင့် ဝက်ဘ်အကြောင်းအရာ မျှဝေခွင့်ပြုသည့် အဓိက နည်းပညာ ဖြစ်သည်။ Ouinet သည် CENO ကဲ့သို့ အက်ပလီကေးရှင်းတစ်ခုက ဝက်ဘ် အကြောင်းအရာအသစ်ကို ကူညီ၍ ဝင်ရောက်သုံးစွဲပြီး သိုလှောင်ရန်နှင့် ယခင်က ဝင်ရောက်သုံးစွဲထားသော အကြောင်းအရာကို တောင်းဆိုပြီး အခြားသူများထံ ပို့ဆောင်ရန်အတွက် တိုက်ရိုက် ဆက်သွယ်သော ပူးပေါင်းဆောင်ရွက်သည့် ဆက်သွယ်ရေးပွိုင့်များ၏ ကွန်ရက် (တစ်ဦးမှတစ်ဦးထံ သို့မဟုတ် P2P) တွင် ပါဝင်ဆောင်ရွက်သူ ဖြစ်လာရန် အသုံးပြုနိုင်သော ပြန်လည်အသုံးပြုနိုင်သည့် ကွန်ပျူတာကုဒ် (စာကြည့်တိုက်) ပုံစံအနေနှင့် လာသည်။

Ouinet သည် ၎င်း၏ အသုံးဝင်မှုတစ်ခုစီကို ရရှိရန် တည်ရှိပြီးသား နည်းပညာများကို ကောင်းစွာ ပေါင်းစပ်၍ အသုံးပြုမှုအပေါ် အခြေခံသည် - အခြား ပါဝင်ဆောင်ရွက်သူများကို တည်နေရာရှာခြင်းကို ဖိုင်မျှဝေသည့် ကမ္ဘာမှလာသည့် နည်းပညာများဖြင့် ပြုလုပ်သည် (BitTorrent ၏ ဖြန့်ဝေထားသော ဟက်ရှ်ဇယား)၊ ၎င်းတို့နှင့် ဆက်သွယ်ရာတွင် ဘုံ ဝက်ဘ်နှင့် ဖိုင်မျှဝေခြင်းဆိုင်ရာ ပရိုတိုကောများကို အသုံးပြုသည် (HTTP ပရောက်စီ တောင်းဆိုမှုများနှင့် BitTorrent ၏ µTP)၊ ထို့ပြင် ခေတ်မီ လုပ်ငန်း စံနှုန်းများက ဆက်သွယ်မှုများ၏ လုံခြုံရေးနှင့် ဖလှယ်ထားသော အကြောင်းအရာ၏ စစ်မှန်မှုကို သေချာစေသည် (TLS ကုဒ်ဖြင့် ပြောင်းလဲမှုနှင့် Ed25519 ကိုယ်ပိုင်လက္ခဏာများ)။ Ouinet သည် လိုအပ်ပါက အချို့သော နည်းပညာများကို အခြားနည်းပညာများဖြင့် အစားထိုးခွင့်ပြုသည် (ဥပမာ - µTP ၏ အချို့ အသုံးပြုမှုများကို Tor ၏ Pluggable Transports ဖြင့် အစားထိုးနိုင်သည်)။

မိုဘိုင်းစက်များတွင် Ouinet ကို အသုံးပြုသူ အက်ပလီကေးရှင်းများထဲသို့ (Android စာကြည့်တိုက်အဖြစ်) ထည့်သွင်းနိုင်သည်။ ကွန်ပျူတာများတွင် ၎င်းကို ဘရောက်ဇာများကဲ့သို့ ပုံမှန် ဝက်ဘ်လက်ခံစက်များက (စက်တွင်း HTTP ပရောက်စီ) အဖြစ် အသုံးပြုနိုင်သည်။

CENO ဘရောက်ဇာကဲ့သို့ပင် Ouinet ကို eQualitie က အခမဲ့/လွတ်လပ်သော/ကန့်သတ်မထားသော ရင်းမြစ် ဆော့ဖ်ဝဲအဖြစ် တီထွင်ဖန်တီးသည်။

ဘယ်သူ့အတွက်လဲ။

Ouinet သည် ၎င်းတို့၏ အက်ပလီကေးရှင်းကို သုံးစွဲသူများအား ပြန်ထုတ်ထားသည့် အကြောင်းအရာကို အခြားသုံးစွဲသူများနှင့် မျှဝေခွင့်ပြုလိုသည့် ဆော့ဖ်ဝဲ ရေးသားသူများ၊ အကြောင်းအရာ ဖန်တီးသူများနှင့် ထုတ်ဝေသူများအတွက် အဓိက အသုံးဝင်သည်။ ယင်းသည် အက်ပလီကေးရှင်း ဆာဗာအား ယေဘုယျ တောင်းဆိုမှုကို လျှော့ချပေးပြီး ထိုဆာဗာကို ဝင်ရောက်သုံးစွဲခွင့် ပိတ်ဆို့ထားသော နိုင်ငံများတွင် နေထိုင်သည့် သုံးစွဲသူများအတွက် အကြောင်းအရာ ဝင်ရောက်သုံးစွဲနိုင်မှုကို တိုးတက်စေသည်။

Ouinet သည် စမ်းသပ်ဆဲ ပ‌ရောဂျက်ဖြစ်ကြောင်း ကျေးဇူးပြု၍ သတိပြုပါ - အချို့သော အခြေအနေများတွင် လုပ်ဆောင်ချက်အချို့ကို လုံလောက်စွာ အားမထားရဘဲ အလုပ်လုပ်နိုင်သည်၊ စက်ချွတ်ယွင်းချက်များ ရှိနိုင်ပြီး ရပ်တန့်မှုများ ဖြစ်နိုင်သည်။ ကျွန်ုပ်တို့ထံ cenoers@equalit.ie သို့ ဆက်သွယ်ပြီး ၎င်းကို စမ်းသပ်ကာ ပြန်လည်အစီရင်ခံရန် သင့်အား ကျွန်ုပ်တို့ အားပေးပါသည် - သင့် အကြောင်းပြန်မှုကို ကြိုဆိုပါသည်။

သတိပေးချက်- Ouinet သည် အမည်လျှို့ဝှက်ပေးသော ကိရိယာ မဟုတ်ပါ။ တိကျသော အလုပ်တစ်ခုအတွက် ၎င်း၏ သင့်လျော်မှုနှင့် ပတ်သက်ပြီး မသေချာပါက ကျွန်ုပ်တို့ကို ဆက်သွယ်ရန် မတွန့်ဆုတ်ပါနှင့်။

အသုံးပြုပုံလမ်းညွှန် (အကျဉ်းချုပ်)

CENO ဘရောက်ဇာ သုံးခြင်းဖြင့် သင့်နိုင်ငံတွင် ပိတ်ဆို့ထားသော ဝဘ်ဆိုက်များအပါအဝင် အင်တာနက်ပေါ်ရှိ မည်သည့်ဝဘ်ဆိုက်ကိုမဆို ဝင်ရောက်နိုင်ပါသည်။ CENO သည် သင့်တောင်းဆိုချက်များကို ပေးပို့ရန် အသုံးပြုသူမှ အသုံးပြုသူ အချင်းချင်းကြား လုပ်ဆောင်သည့်စနစ်ကို အသုံးပြုပါသည်။ ထို့ပြင် မိမိပြန်လည်ရယူထားသော အကြောင်းအရာများကို သိမ်းဆည်းပြီး အခြားသုံးစွဲသူများနှင့် မျှဝေနိုင်ပါသည်။ CENO အကြောင်းဖတ်ရှုရန်

ဘယ်လို စတင် အသုံးပြုရမလဲ

Android စနစ် အသုံးပြုသော စက်ကိရိယာတစ်ခု လိုအပ်ပါသည် -

  1. CENO ဘရောက်ဇာကို Google PlayGitHub သို့မဟုတ် Paskoocheh မှ ဒေါင်းလုတ်ဆွဲပြီး ထည့်သွင်းပါ။ အထူးခွင့်ပြုချက်များ မလိုအပ်ပါ
  2. စတင်လည်ပတ်ပါ။
  3. အခြားအသုံးပြုသူများ ဝင်‌ရောက်ကြည့်ရှုနိုင်ရန် အင်တာနက်စာမျက်နှာများကို ပုံမှန်အတိုင်းရှာဖွေပါ။ အင်တာနက်စာမျက်နှာတစ်ခုခုနှင့် ပတ်သက်၍ လုံခြုံရေးပိုင်းကို သံသယရှိပါက (သို့) သင်ထင်ထားသလို တက်မလာပါက သီးသန့်တပ်ဗ်ကို အသုံးပြုပါ (အများသုံးနှင့် သီးသန့် ရှာဖွေခြင်း ကိုကြည့်ပါ)။
  4. CENO အသိပေးချက်ကိုနှိပ်ပြီး လုပ်ဆောင်မှုများကို လုံးဝ ရပ်လိုက်ပါ။

ထည့်သွင်းရန် လမ်းညွှန်ချက် အသေးစိတ်ကို ဒီမှာ ကြည့်ပါ။

ဖွဲ့စည်းပုံစနစ်

CENO ဘရောက်ဇာသည် လုပ်ဆောင်ချက်များကို ချက်ချင်းဆောင်ရွက်ပေးနိုင်ပါသည်။CENO မီနူးထဲတွင် ပြဿနာအဖြေရှာခြင်းနှင့် ဆက်တင်များ ကို တွေ့နိုင်ပါသည်။

ပိတ်ဆို့ထားသော အကြောင်းအရာများကို အခြားသူများ ဝင်ရောက်ကြည့်ရှုနိုင်အောင် သင့်အက်ပလီကေးရှင်းက ကူညီပေးနေကြောင်း သေချာချင်ပါက ကျေးဇူးပြုပြီး ဒီအပိုင်းကိုဖတ်ပါ

နောက်ထပ် မေးစရာများ ရှိပါသလား။

မေးလေ့ရှိသော မေးခွန်းများ

သုံးစွဲပုံ

CENO ဘရောက်ဇာသည် ကျွန်ုပ်၏ လက်ရှိ ဘရောက်ဇာ (Chrome/Firefox/Safari) ကို အစားထိုးနိုင်သလား။

အဖြေတို - အနည်းဆုံး အရေးမကြီးသော ရှာဖွေမှုအချို့အတွက် အစားထိုးနိုင်သည်။

CENO သည် Mozilla Firefox for Android ကို အခြေခံသည့်အတွက် ၎င်းသည် ခေတ်မီ ဘရောက်ဇာတစ်ခုထံမှ မျှော်လင့်နိုင်သော လုပ်ဆောင်ချက်အားလုံးဖြင့် ပံ့ပိုးသည်။ သို့သော် ဝက်ဘ်အကြောင်းအရာကို ပြန်ထုတ်ရန် Ouinet နည်းပညာပေါ် ၎င်း၏ မှီခိုမှုက ၎င်း၏ လုပ်ဆောင်ချက်အပေါ် မသိမသာ အကျိုးသက်ရောက်မှု ရှိနိုင်သည် (၎င်းတို့ထဲမှ အချို့တွင် သင့်ကိုယ်ရေးလုံခြုံမှု ပါဝင်ပတ်သက်နိုင်သည်)။

ထို့ပြင် CENO နှင့် Ouinet ကို တီထွင်ဖန်တီးဆဲ ဖြစ်သည့်အတွက် သင်သည် မတည်ငြိမ်မှုအချို့ကို ခံစားရနိုင်သည်။ ယင်းသည် အဆင့်မမြှင့်မီ သင့်အနေနှင့် အက်ပလီကေးရှင်းကို ဖျက်ရန် သို့မဟုတ် (စာမှတ်များနှင့် ဆိုက်ဆက်တင်များ အပါအဝင်) သိုလှောင်ထားသော ဒေတာကို ဖယ်ရှားရန် လိုအပ်သည့် နောက်ပြန် ကိုက်ညီမှုမရှိသော အပြောင်းအလဲများကို မိတ်ဆက်ခြင်းလည်း ဖြစ်နိုင်သည်။

ဆင်ဆာလုပ်ခြင်းနှင့် မသက်ဆိုင်သော ဝဘ်ဆိုက်များတွင် အရေးကြီးသော အလုပ်အတွက် သင့်အနေနှင့် CENO အစား သင်သုံးနေကျ ဝက်ဘ်ဘရောက်ဇာကို အသုံးပြုရန် ကျွန်ုပ်တို့က သင့်အား အကြံပြုပါသည်။ ကျေးဇူးပြု၍ နောက်ထပ် အချက်အလက်များအတွက် စွန့်စားမှုများ အပိုင်းကို ဖတ်ပါ။

Twitter၊ Facebook နှင့် Gmail ကို ဝင်ရောက်သုံးစွဲရန် CENO ဘရောက်ဇာကို အသုံးပြုနိုင်သလား။

အဖြေတို - သီးသန့် တပ်ဗ်များ သုံး၍ အသုံးပြုနိုင်သည်။

CENO သည် အသုံးပြုသူများကို ပုံမှန် ဝဘ်ဆိုက်အသုံးပြုခြင်းနှင့် အတတ်နိုင်ဆုံးတူညီသော အတွေ့အကြုံရအောင် ကြိုးပမ်းပေးထားသော်လည်း ကွန်ရက်နှောင့်ယှက်မှုကို ရှောင်ရှားရန် အသုံးပြုထားသော တချို့နည်းပညာများသည် အပြောင်းအလဲရှိသော ဝဘ်ဆိုက်တချို့တွင် ကောင်းစွာအလုပ်မလုပ်နိုင်ပါ။ ဤပြဿနာကို CENO ၏ ပုံသေအလုပ်လုပ်မှုပုံစံ (ဆိုလိုသည်မှာ - အများသုံးရှာဖွေခြင်း) တွင် ကြုံရတတ်သည်။ အကြောင်းရင်းမှာ ယုံကြည်စိတ်ချရမှုမရှိသော အခြား CENO (သို့) Ouinet အသုံးပြုသူများထံသို့ ကိုယ်ရေးကိုယ်တာအချက်အလက်များ ပေါက်ကြားမှုမရှိစေရန် (စကားဝှက်များနှင့် ကွတ်ကီးများကဲ့သို့) ကိုယ်ရေးဒေတာအားလုံးကို ဝက်ဘ်အသွားအလာမှ ဖယ်ရှားခဲ့သောကြောင့်ဖြစ်သည်။

ဤအဖြစ်ကို ရှောင်ရှားပြီး အပြောင်းအလဲရှိသော ဝဘ်ဆိုက်များကို CENO တွင် အသုံးပြုလိုပါက သီးသန့်တပ်ဗ်များ (ဆိုလိုသည်မှာ - သီးသန့်ရှာဖွေခြင်း) ကို အသုံးပြုပါ။ သီးသန့်တက်ဗ်များသည် ကိုယ်ရေးကိုယ်တာအချက်အလက်များကို မထိခိုက်စေဘဲ ဝဘ်ဆိုက်များနှင့်ဆက်သွယ်မှုကို ကုဒ်ဖြင့်ပြောင်းလဲ၍ အခြားလူများမှ ကာကွယ်ပေးသည်။ သို့သော် သင့်စက်မှ ကွန်ရက်အသွားအလာသည် ထိုဝဘ်ဆိုက်များသို့ တစ်နည်းနည်းဖြင့်ရောက်ရှိရန်လိုအပ်သည်။

အသေးစိတ်အချက်အလက်များ သိလိုပါက အများသုံးနှင့် သီးသန့် ရှာဖွေမှု အပိုင်းတွင် ကွာခြားချက်များကို ကြည့်နိုင်ပါသည်။

ကိုယ်ရေးလုံခြုံမှုနှင့် လုံခြုံရေး

ကျွန်ုပ်၏စက်ပစ္စည်းသည် ကျွန်ုပ်မတောင်းဆိုခဲ့သည့်အကြောင်းအရာများကို သိမ်းဆည်းမည်လား။

အဖြေတို - မသိမ်းပါ။

CENO သည် (အများသုံး ရှာဖွေခြင်း ကိုအသုံးပြု၍) သင်တောင်းဆိုထားသော အကြောင်းအရာများကိုသာ မျှဝေပေးပါသည်။

သတိပြုရန်မှာ အန္တရာယ်ရှိသော ဝဘ်ဆိုက်တစ်ခုခုသည် သင်မသိလိုက်ဘဲ သင့်ဘရောက်ဇာဖြင့် တခြားဝဘ်ဆိုက်များမှ အကြောင်းအရာများကို ပြန်လည်ရယူနိုင်ပြီး ထိုအကြောင်းအရာကို သင့်စက်တွင်သိုလှောင်၍ တခြားအသုံးပြုသူများနှင့် မျှဝေရန် အတင်းအကျပ် ပြုလုပ်နိုင်ပါသည်။ Firefox သင်္ကေတများသည် ထိုကဲ့သို့သော ဝဘ်ဆိုက်များမှ ကြိုးစားအားထုတ်မှုများကို ရှာဖွေဆန်းစစ်၍ ပိတ်ပင်ရာတွင် ကျွမ်းကျင်သော်လည်း သင်သည် သံသယဖြစ်စရာကောင်းသော ဝဘ်ဆိုက်များကို ဝင်ရောက်ကြည့်ရှုခြင်းအား ရှောင်ရှားသင့်သည်။

CENO ဘရောက်ဇာမှ ဝဘ်ဆိုက်အကြောင်းအရာများကို ရယူပုံနှင့် တခြားသူများအား မျှဝေပုံကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါသည်။

ကျွန်ုပ်က CENO ဘရောက်ဇာကို အသုံးပြုပြီး ပိတ်ဆို့ထားသော ဝဘ်ဆိုက်များကို ဝင်ကြည့်သည်ကို အခြားသူများ သိနိုင်ပါသလား။

အဖြေတို - သိနိုင်ပါသည်၊ တချို့သော နည်းပညာဆိုင်ရာ ဗဟုသုတနှင့် အရင်းအမြစ်တို့ရှိပါက သိနိုင်ပါသည်။

CENO သည် အမည်ဝှက် ကိရိယာတစ်ခု မဟုတ်ပါ။ တိုက်ခိုက်သူတစ်ဦးက သင့်စက်မှ တောင်းဆိုသော (သို့) အခြားသုံးစွဲသူထံ ပေးပို့သော အကြောင်းအရာများကို သင့်ကွန်ရက်လမ်းကြောင်းကနေ ခိုးယူကြည့်ရှုနိုင်ပါသည်။ တိုက်ခိုက်သူသည် သင်မျှဝေနေသော အကြာင်းအရာအားလုံးကို စာရင်းမပြုလုပ်နိုင်သော်လည်း သီးခြားဝဘ်ဆိုက်တစ်ခုကို သင်မျှဝေနေသလားဆိုတာကို သိနိုင်ပါသည်။

သို့သော် ပထမဆုံးအကြိမ် ရယူပြီး သို့မဟုတ် သီးသန့်ရှာဖွေမှု ကို အသုံးပြုပြီး ကွန်ရက်ထဲထည့်သော အကြောင်းအရာကို ကုဒ်ဖြင့်ပြောင်းလဲထားသော ချိတ်ဆက်မှုများမှတစ်ဆင့် ပေးပို့ပါမည်။ နောက်ထပ်အချက်အလက်များ သိလိုပါက အကြောင်းအရာ ပြန်ရယူပုံ နှင့် ၎င်းနှင့်ဆက်စပ်နေသော စွန့်စားမှုများ ကို ကြည့်ပါ။

ရင်းမြစ် သုံးစွဲမှု

CENO ဘရောက်ဇာသည် ဒေတာကို အများအပြား အသုံးပြုပါသလား။

အဖြေတို - သင် အသုံးပြုနေကျ ဘရောက်ဇာထက် ပိုသုံးပါသည်။

သင်၏ CENO ဘရောက်ဇာသည် အခြားသောအသုံးပြုသူများထံ အကြောင်းအရာများကို ပေးပို့သောအခါ သို့မဟုတ် အသွားအလာများကို ထပ်ဆင့်ပို့သောအခါ CENO သည် အကြောင်းအရာ၏ ကျော်ကြားပုံ သို့မဟုတ် ကြီးမားပုံနှင့် သင့်စက်၏ ကွန်ရက်ချိတ်ဆက်မှုအားကောင်းခြင်း အစရှိသော အချက်များပေါ်တွင် မူတည်ပြီး ဒေတာပိုမိုကုန်စေပါသည်။ အကြောင်းအရာများ ပိုမိုမျှဝေပါက ပိုမိုကုန်ကျနိုင်ပါသည်။

CENO သည် အခြားသော ဒေတာမျှဝေသည့် အက်ပလီကေးရှင်းများထက် ရင်းမြစ်တွင် ပိုမိုပေါ့ပါးသော်လည်း ဒေတာသုံးစွဲမှုနှင့် အခကြေးငွေတို့ ပိုမိုကုန်ကျစေနိုင်ပါသည်။ (Android ဆက်တင်တွင်) အက်ပလီကေးရှင်း၏ ဒေတာသုံးစွဲမှုကို စောင့်ကြည့်ရန် ကျွန်ုပ်တို့ အကြံပေးလိုပါသည်။ ထို့ပြင် မိုဘိုင်းဒေတာကို အသုံးပြုမည့်အစား ဝိုင်ဖိုင်ကို အသုံးပြုပြီး CENO ကို အသုံးပြုပါ။

CENO ဘရောက်ဇာသည် ကျွန်ုပ်၏စက်တွင် ဘက်ထရီများများ အသုံးပြုပါသလား။

အဖြေတို - သင် အသုံးပြုနေကျ ဘရောက်ဇာထက် ပိုသုံးပါသည်။

CENO နှင့် Ouinet သည် အသုံးပြုသူအမျိုးမျိုးအတွက် ကွန်ရက်နှောင့်ယှက်မှုများနှင့် ပြတ်တောက်မှုများကို ရှောင်ရှားရန် နည်းပညာအများအပြားကို အသုံးပြုထားသည်။ အခြားသောအသုံးပြုသူများထံ အကြောင်းအရာများကို ပေးပို့ခြင်းနှင့် အသွားအလာများကို ထပ်ဆင့်ပို့ခြင်းတို့သည် အား ပိုကုန်စေပါသည်။ သင့်စက်သည် အခြားအသုံးပြုသူများကို တက်တက်ကြွကြွ မကူညီချိန်တွင်ပင် ကွန်ရက်ပေါ်၌ အခြားသူတို့က သင့်စက်ကို ချိတ်ဆက်နိုင်ရန် လိုအပ်ပါသည်။ ထို့ကြောင့် စွမ်းအင်ချွေတာသော လုပ်ဆောင်ချက်အချို့ကို အသုံးမပြုနိုင်ပါ။

ရလဒ်အနေနှင့် CENO ကို အသုံးမပြုချိန်တွင်ပင် ၎င်းကြောင့် ဘက်ထရီအားလျော့နိုင်ပါသည်။ ကျွန်ုပ်တို့ စမ်းသပ်ချက်များတွင် စွမ်းအင်အသုံးပြုမှု အလွန်မများသော်လည်း သင်အသုံးပြုရာတွင် ကွဲပြားနိုင်ပါသည်။ ဘက်ထရီအား လိုအပ်ချိန်တွင် CENO ကို လုံးဝရပ်ပစ်လိုက်ဖို့ ကျွန်ုပ်တို့ အကြံပြုလိုပါသည် (ထိုသို့ရပ်ပစ်ရန် အဆင်ပြေစေမည့် ဖြတ်လမ်းကို ဒီနေရာ တွင် ကြည့်ပါ)။

CENO ဘရောက်ဇာကို အသုံးပြုရန်အတွက် ဝိုင်ဖိုင်နှင့်ချိတ်ရန် လိုအပ်ပါသလား။

အဖြေတို - မလိုအပ်ပါ၊ သို့သော် ဖွင့်ထားဖို့ တိုက်တွန်းပါသည်။

CENO သည် မိုဘိုင်းချိတ်ဆက်မှုဖြင့် ကောင်းစွာ အလုပ်လုပ်နိုင်သော်လည်း ဝိုင်ဖိုင်ချိတ်ဆက်မှုကို အစားထိုး အသုံးပြုရန် ကျွန်ုပ်တို့ အကြံပြုရသည့် အကြောင်းရင်းနှစ်ခု ရှိပါသည်။

  1. CENO သည် ဒေတာပမာဏ ပိုမိုအသုံးပြုခြင်းကြောင့် ဖုန်းဘေလ် ပိုမိုကုန်ကျနိုင်ပါသည် (အပေါ်တွင်ကြည့်ပါ)။
  2. ဝိုင်ဖိုင်ချိတ်ဆက်မှုထက် မိုဘိုင်းချိတ်ဆက်မှုတွင် ပြင်ပမှ သင့်စက်သို့ ရောက်ရှိနိုင်ရန် ပိုမိုခက်ခဲတတ်သောကြောင့် အခြားအသုံးပြုသူများကို အကြောင်းအရာများရရှိအောင် ကူညီနိုင်သော အခွင့်အလမ်းများ ကျဆင်းစေပါသည်။

အဓိက အယူအဆများ

ကွန်ရက်ချိတ်ဆက်မှု အတားအဆီးများနှင့် ပြတ်တောက်မှုများ အစရှိတဲ့ ပြဿနာများကို ရှောင်တိမ်းနိုင်ရန်အတွက် CENO သည် နယ်ပယ်စုံမှ အမျိုးအစားမတူသော နည်းပညာများဖြစ်သည့် ကမ္ဘာ့အင်တာနက်စာမျက်နှာများ၊ ဖိုင်မျှဝေခြင်းစနစ်များနှင့် အဆင့်မြင့်စကားဝှက်နည်းပညာတို့ကို အသုံးပြုထားပါသည်။ အဆိုပါ နည်းပညာများကို Ouinet မှ ကျွမ်းကျင်စွာပေါင်းစပ်ပေးထားပြီး ပုံမှန် အင်တာနက်စာမျက်နှာရှာဖွေခြင်းနှင့် အတတ်နိုင်ဆုံး ပုံစံတူအောင် CENO မှ ပြုလုပ်ပေးထားပါသည်။

မည်သို့ပင်ဆိုစေကာမူ CENO ကို အကောင်းဆုံး အသုံးချနိုင်ရန် Ouinet ၏ အလုပ်လုပ်ပုံ၊ ကျွန်ုပ်တို့ ရယူလိုသော အကြောင်းအရာအမျိုးမျိုးအပေါ်မူတည်ပြီး နည်းလမ်းမျိုးစုံ အသုံးပြုနိုင်ပုံ၊ အကျိုးကျေးဇူးများနှင့် အန္တရာယ်များ ဖြစ်ပေါ်စေပုံတို့ကို နားလည်ရန် လိုအပ်သည်။ ဤအခန်းတွင် ထိုအကြောင်းအရာများကို ဖော်ပြပေးပါမည်။

ဘယ်လို အလုပ်လုပ်သလဲ။

ဤအပိုင်းတွင် အခြေအနေများကို စီးရီးလိုက် ကြည့်ခြင်းဖြင့် CENO နှင့် Ouinet ၏ လုပ်ဆောင်ချက်ကို ရှင်းပြပါမည်။ Ouinet အတွက် အရေးကြီးသော ဝေါဟာရများနှင့် အယူအဆများကို မိတ်ဆက်မည် (စာလုံးအမဲများဖြင့် အသားပေး ဖော်ပြထားသည်) ဖြစ်ပြီး ထိရောက်မှုရှိရန်နှင့် ရောထွေးမှုကို ရှောင်ရှားရန် နောက်ပိုင်းတွင် အသုံးပြုပါမည်။

အကြောင်းအရာကို တိုက်ရိုက် ဝင်ရောက်သုံးစွဲခြင်း

CENO ဘရောက်ဇာသည် ဝက်ဘ်အကြောင်းအရာကို ပြန်ထုတ်ရန်နှင့် မျှဝေရန် Ouinet နည်းပညာ အသုံးပြုသည့် အက်ပလီကေးရှင်း ဥပမာတစ်ခု ဖြစ်သည်။ ကျွန်ုပ်တို့သည် ထိုကဲ့သို့သော အက်ပလီကေးရှင်းကို Ouinet လက်ခံစက် ဟု ခေါ်သည်။ သင်သည် ဝက်ဘ်ဆာဗာတစ်ခု (ကျွန်ုပ်တို့က Xမူလ ဆာဗာဟု ခေါ်ပါမည်) တွင် လက်ခံထားသည့် အကြောင်းအရာ X ကို ဝင်ရောက်သုံးစွဲဖို့ ကြိုးစားရန် သင့်လက်ခံစက် (ဆိုလိုသည်မှာ CENO) ကို အသုံးပြုသောအခါ သင့်လက်ခံစက်သည် အင်တာနက် သုံး၍ မူလ ဆာဗာကို တိုက်ရိုက်ဖြစ်စေ၊ အခြားစက်များကိုယ်စား ဝက်ဘ်ဆာဗာများကို ဆက်သွယ်ရန် စီစဉ်သတ်မှတ်ထားသော အခြားစက်တစ်ခုခု (ပရောက်စီ ဆာဗာဟု ခေါ်သည်) မှတစ်ဆင့်ဖြစ်စေ ဆက်သွယ်ရန် ကြိုးစားပြီး အလိုရှိသော အကြောင်းအရာကို တောင်းဆိုသည်။ ယင်းသည် ပုံမှန် ဝက်ဘ်ဘရောက်ဇာတစ်ခု အလုပ်လုပ်ပုံနှင့် ကွဲပြားမှု မရှိပါ။

နည်းပညာဆိုင်ရာ မှတ်ချက် - တကယ်တမ်းတွင် အနည်းငယ် အံ့အားသင့်စရာတစ်ခု ရှိပါသည်။ လက်ခံစက်သည် သင့်စက်တွင် လုပ်ဆောင်နေသည့် HTTP ပရောက်စီတစ်ခုအဖြစ် ဆောင်ရွက်သောကြောင့် လက်ခံစက်အနေဖြင့် ကုဒ်ဖြေရန်နှင့် HTTPS အကြောင်းအရာ တောင်းဆိုမှုများကို တုံ့ပြန်ဆောင်ရွက်ရန် လက်ခံစက် (ဆိုလိုသည်မှာ CENO ရှိ Firefox ကဲ့သို့ ဝက်ဘ်ဘရောက်ဇာ အစိတ်အပိုင်း) ကို အသုံးပြုနေသော အက်ပလီကေးရှင်းသည် လက်ခံစက်ကိုယ်တိုင်က ထုတ်ပေးသည့် (သင့်စက်ပေါ်တွင်သာ အသုံးပြုသော) အထူး အသိအမှတ်ပြုလက်မှတ်ကို လက်ခံရန် လိုအပ်သည်။ CENO ဘရောက်ဇာသည် ဤအသိအမှတ်ပြုလက်မှတ်ကို သီးသန့်အသုံးပြုရန်အတွက် ပြင်ဆင်သတ်မှတ်ခြင်းကို တာဝန်ယူပြီး ဖြစ်သောကြောင့် သင် စိတ်ပူရန် မလိုအပ်ပါ။

သို့သော် ဤတိုက်ရိုက်လမ်းကြောင်းများကို မရကောင်းမရနိုင်ပါ။ ဥပမာ- သင့် အင်တာနက် ဝန်ဆောင်မှု ပံ့ပိုးသူ (ISP) သည် အစိုးရ အမိန့်ကြောင့် (အခြားအသွားအလာကို ခွင့်ပြုသေးသည့်တိုင်အောင်) X ၏ မူလ ဆာဗာ သို့မဟုတ် ပရောက်စီကို ဝင်ရောက်သုံးစွဲခွင့် ပိတ်ဆို့ထားနိုင်သည်။ အောက်တွင်ဖော်ပြထားသော ဘယ်ဘက်ထိပ်ရှိ လက်ခံစက်ကို သုံးစွဲသူအဖြစ် အကြောင်းအရာ X (၎င်း၏ မူလ ဆာဗာအနီးရှိ စာရွက်စာတမ်းငယ်) သို့ ရောက်ရှိရန် ကြိုးပမ်းမှု နှစ်ခုလုံးသည် သင့်အတွက် အောင်မြင်မည် မဟုတ်ပါ။ သင်သည် ပုံပေါ်ရှိ "ထိုးသွင်းဖိုင်" ဆက်သွယ်ရေးပွိုင့်ကိုလည်း သတိပြုမိနိုင်သည်။ ကျွန်ုပ်တို့သည် ခဏအကြာတွင် ထိုအကြောင်းကို ရှင်းပြပါမည်။

ပုံ - လက်ခံစက်သည် အကြောင်းအရာသို့ တိုက်ရိုက် မရောက်ရှိနိုင်ပါ

ပုံမှန်ဘရောက်ဇာကို သုံးလျှင် သင် ကံကောင်းမည် မဟုတ်ပါ။ သို့သော် Ouinet ကို သုံးလျှင် အခြားလက်ခံစက်များထံတွင် မိတ္တူရှိပြီးဖြစ်ပါက အကြောင်းအရာ X အတွက် ၎င်းတို့၏ မိတ္တူများကို တောင်းခံနိုင်သည်။ ဤတောင်းဆိုမှုကို Ouinet က မည်သို့ စွမ်းဆောင်ကြောင်း ကြည့်ကြရအောင်။

မျှဝေထားသော အကြောင်းအရာကို ရှာခြင်း

Ouinet လက်ခံစက်များက သိုလှောင်ထားသည့် အကြောင်းအရာအားလုံး၏ အစုံလိုက်ကို ဖြန့်ချိထားသော ယာယီသိမ်းဆည်းထားသည့် မှတ်ဉာဏ် ဟု ခေါ်သည်။ ဆိုလိုသည်မှာ ၎င်းသည် နေရာတစ်ခုတည်းတွင် ရှိမနေသည့် သိုလှောင်ရာနေရာ ဖြစ်သည်။ သို့သော် ယာယီသိမ်းဆည်းထားသော မှတ်ဉာဏ်ကို ဖြစ်ပေါ်စေသည့် အခြားလက်ခံစက်များမှ မည်သည့်စက်တွင် သင်အလိုရှိသော အကြောင်းအရာ ရှိကြောင်း သင့်လက်ခံစက်က မည်သို့ ရှာတွေ့မည်နည်း။

မည်သည့် ဝက်ဘ် ဘရောက်ဇာတွင်မဆို အကြောင်းအရာ X ကို ဝင်ရောက်သုံးစွဲရန် ၎င်းသည် ဘရောက်ဇာ၏ တည်နေရာဘားရှိ လိပ်စာဖြစ်သည့် ၎င်း၏ ကွဲလွဲခြင်းမရှိသော ရင်းမြစ် တည်နေရာရှာစနစ် (URL)၊ ဥပမ https://example.com/foo/xကို သိရန် လိုအပ်သည်။ ထို URL မှတစ်ဆင့် ပုံမှန် ဘရောက်ဇာသည် SSL/TLS (ပရိုဂရမ်များ တစ်ခုနှင့်တစ်ခု ဆက်သွယ်နိုင်ရန် အင်တာနက်၏ စည်းမျဉ်းများဖြစ်သည့် TCP သုံးသော လုံခြုံရေးအလွှာ) ဖြင့် HTTP ပရိုတိုကော (ဝက်ဘ် ရင်းမြစ်များကို ဖလှယ်ရာတွင် သုံးသည့် ဘာသာစကား) ကို အသုံးပြု၍ example.comဟုခေါ်သည့် ဝက်ဘ် ဆာဗာကို ဆက်သွယ်ပြီး ရင်းမြစ် /foo/x ကို တောင်းဆိုရမည် ဖြစ်ကြောင်း ဆုံးဖြတ်ပါမည်။

Ouinet သည် အကြောင်းအရာကို မတူညီသော နည်းလမ်းဖြင့် ရှာဖွေသည်။ ၎င်းသည် စာအုပ်အညွှန်းနှင့် ဆင်တူသော အညွှန်းကို အသုံးပြုသည်- Ouinet ၏ ဖြန့်ချိထားသော ယာယီသိမ်းဆည်းထားသည့် မှတ်ဉာဏ်အညွှန်း တွင် သင်သည် အကြောင်းအရာ၏ URL တစ်ခုလုံးကို ရှာကြည့်သောအခါ ၎င်း၏ မိတ္တူ ရှိသော လက်ခံစက် စာရင်းကို ရရှိသည်။ အညွှန်းကို အခြားသူများအတွက် ၎င်းတို့တွင် မည်သည့်အကြောင်းအရာ ရှိကြောင်း ကြေညာထားသည့် လက်ခံစက်များထံ ဖြန့်ချိထားသည်။ တကယ်တမ်းတွင် URL တစ်ခုစီအတွက် သဲလွန်စ တစ်ခုကိုသာ ကြေညာထားသည်။ ဤသို့ဖြင့် သင့်စက်၏ အသွားအလာကို လျှို့ဝှက်စွာ စောင့်ကြည့်နေသူသည် သင့်တွင် မည်သည့်အကြောင်းအရာရှိသည်ကို မပြောနိုင်သော်လည်း တိကျသော အကြောင်းအရာ ရှာနေသူသည် သဲလွန်စများကို လိုက်၍ သင့်လက်ခံစက်ထံ ရောက်နိုင်သည်။

နည်းပညာဆိုင်ရာမှတ်ချက် ဤအညွှန်းကို အကောင်အထည်ဖော်နိုင်သည့် နည်းလမ်းတစ်ခုမှာ BitTorrentခွဲဖြန့်ထားသော ဒေတာတည်ဆောက်ပုံ ဇယား (DHT) ကို အသုံးပြုပြီး လက်ခံစက်နှင့် အကြောင်းအရာများ၏ လိပ်စာ (အိုင်ပီနှင့် port) တို့ကို ရယူခြင်း ဖြစ်သည်။ DHT က ၀ှက်စာအဖြစ် ပြောင်းလဲအလုပ်လုပ်သော နည်းပညာ ကို အသုံးပြု၍ အကြောင်းအရာ၏ URL နှင့် ထိုးသွင်းသော့ (အောက်တွင်ကြည့်) ကဲ့သို့ အခြား သတ်မှတ်ကိန်းများမှတဆင့် ဇယားသော့ကို တွက်ထုတ်သည်။ သို့မှသာ ညွှန်ကိန်း အမျိုးမျိုး သည် အတူတကွ ရှိနေနိုင်မည်ဖြစ်သည်။

ထို့အပြင် CENO ဘရောက်ဇာသည် ၎င်းကိုအသုံးပြု၍ ဝင်ရောက်ထားသော ရင်းမြစ်တိုင်း၏ URL ကို မကြေငြာပါ။ အဘယ်ကြောင့် ဆိုသော် ထိုရင်းမြစ်များတွင် (ပုံရိပ်များ၊ စတိုင်စာမျက်နှာများနှင့် စာညွှန်းများ..) စသည့် အစိတ်အပိုင်း ဆယ်ချီ၊ ရာချီ ဖွဲ့စည်းထားသော ဝက်ဘ်စာ မျက်နှာများပါဝင်နေရာ ၎င်းတို့သည် အင်တာနက် လမ်းကြောင်း ပိတ်ဆို့မှုများကို ဖြစ်ပေါ်စေသောကြောင့်ပင်။ ထို့အစား ရင်းမြစ်များကို ဆွဲထုတ်ရန် သုံးထားသည့် သက်ဆိုင်ရာ URL အောက်တွင် အဖွဲ့လိုက်စုစည်းထားပြီး ထို URL ကိုသာ ကြေငြာပေးသည်။ ယင်း လုပ်ဆောင်ချက်ကို ယာယီ ဘရောက်ဇာ အဆက် (နောက်တွင်ရှင်းလင်းထား) ၏ အကူအညီဖြင့် လုပ်ဆောင်သည်။

ဖြန့်ချိထားသော ယာယီမှတ်ဉာဏ် မှတဆင့် ဝက်ဘ် အကြောင်းအရာတစ်ခုကို ထိန်းသိမ်းပေးသည့် လက်ခံစက်များကို seeding လုပ်ခြင်း (သို့မဟုတ်) seeders ဟုခေါ်သည်။ (ထိုအခေါ်အဝေါ်များသည် P2P ဖိုင်မျှဝေခြင်းမှ ဆင်းသက်လာသည်။) အထက်တွင် ဖော်ပြခဲ့သည့် ဥပမာကို ပြန်ကြည့်လျှင် အကြောင်းအရာအချို့ကို ထိန်းသိမ်းပေးသည့် လက်ခံစက်နှစ်ခု ရှိနေသည်။ ကံမကောင်းစွာဖြင့် ထိန်သိမ်းထားသည့် အကြောင်း အရာတစ်ခုမှာ "Y" ဖြစ်နေပြီး အခြားတစ်ခုမှာ "Z" ဖြစ်နေသည်။ ထို့ကြောင့် သင့်လက်ခံစက်မှ ရှာဖွေနေသော အကြောင်းအရာ "X" ကို ဖြန့်ချိထားသော ယာယီမှတ်ဉာဏ်တွင် ရှာဖွေမရနိုင်သည်ကို ဤသို့တွေ့ရမည် -

ပုံ - ဖြန့်ချိထားသော ယာယီမှတ်ဉာဏ်တွင် သင်ရှာဖွေသော အကြောင်းအရာ မရှိပါ

Ouinet တွင်ထိုသို့ရှာဖွေမရသည့် အကြောင်းအရာများကို ရှာဖွေနိုင်ရန် နှင့် အခြားလက်ခံစက်များမှ ယင်းအကြောင်းအရာများကို ဖြန့်ချိထားသော ယာယီမှတ်ဉာဏ်တွင် ရှာဖွေနိုင်သည့် နည်းလမ်းကို ထည့်သွင်းထားသည်။

အကြောင်းအရာသစ်များကို မျှဝေခြင်း

ထူးကဲစွမ်းရည်ရှိသည့် ပရောက်စီများ

Ouinet တွင် အထူးပရောက်စီ အမျိုးအစားများ ဖြစ်သည့် ထိုးသွင်းစက်များ ပါဝင်သည်။ ၎င်းတို့ကို အင်တာနက်၏ လွတ်လပ်သော အခြမ်းတွင် အထိုင်ချထားသည့် အတွက် ပိတ်ဆို့မှုနည်းလမ်းများသုံးသည့်တိုင် အသုံးပြုသူများမှ ၎င်းတို့ကို လက်လှမ်းမီစေမည် ဖြစ်သည်။

  • ဝက်ဘ်လမ်းကြောင်း အတွင်း ထိုးသွင်းစက်များကို ရှာဖွေတိုက်ခိုက်မှုများကို ရှောင်လွှဲနိုင်ရန် လက်ခံစက်နှင့် ထိုးသွင်းစက်များ အကြားရှိ ချိတ်ဆက်မှုများအားလုံးကို (HTTPS ရှိ စံသတ်မှတ်ထားသော SSL/TLS များကိုသုံးပြီး) ကုဒ်ဖြင့် ပြောင်းလဲထားသည်။ထိုးသွင်းစက်များ၏ အသိအမှတ်ပြု လက်မှတ်များကို CENO ဘရောက်ဇာ အတွင်း ထည့်ထားသည့်အတွက် ထိုးသွင်းစက် ပုံစံဟန်ဆောင်၍ တိုက်ခိုက်မှုများကို ဖော်ထုတ် ရှောင်လွှဲနိုင်ပါသည်။

  • ကုဒ်ဖြင့် ပြောင်းလဲခြင်း တစ်ခုတည်းနှင့် မလုံလောက်ပါက (I2P နှင့် Tor's Pluggable Transports ကဲ့သို့) ချိတ်ဆက်မှုများကို ရှုပ်ထွေးအောင်လုပ်ပြီး ထိုးသွင်းစက်များကို ရှာရခက်စေသည့် နည်းလမ်းများကို အသုံးပြုနိုင်ပါသည်။

  • သင့် ISP (အင်တာနက် ဝန်ဆောင်မှု ပေးသူ) မှ ထိုးသွင်းစက်တစ်ခုကို ရှာဖွေတွေ့ပြီး ထိုထိုးသွင်းစက်နှင့်ချိတ်ဆက်မှုကို ပိတ်ဆို့ခံရသည့်တိုင် စိတ်ပူစရာမလိုပါ။ အခြားသင်ချိတ်ဆက်နိုင်သည့် ထိုးသွင်းစက်များစွာရှိနေပြီး လက်ခံစက်နှင့် မည်သည့် ထိုးသွင်းစက် ချိတ်ဆက်မည်ဆိုသည်ကို ဂရုပြုစရာမလိုပါ။

    • ထိုးသွင်းစက် အချို့ (သို့) အားလုံးသည် ပိတ်ဆို့ခြင်း ခံရနိုင်သော်လည်း အားလုံး တစ်ချိန်တည်း ပိတ်ဆို့ခံရခြင်းထက် အလှည့်ကျ ပိတ်ခံရခြင်းသာ ဖြစ်နိုင်ပါသည် (ထိုးသွင်းစက် အသစ်တွေလည်း ထပ်ရှိလာပါမည်)။သင့်လက်ခံစက်အနေဖြင့် ထိုးသွင်းစက်များ၏ အင်တာနက် လိပ်စာများကို ကြိုသိထားရန် မလိုပါ။ ထိုအစား သင့်လက်ခံစက်က ချိတ်ဆက်လိုသည့် အချိန်တွင် ထိုးသွင်းစက် စာရင်း (P2P ဖိုင်မျှဝေခြင်းမှ အခေါ်အဝေါ်) မှ ချိတ်ဆက်နိုင်မည့် ထိုးသွင်းစက် လိပ်စာများကို သွားရောက် ရှာဖွေလိမ့်မည်။ ထိုးသွင်းစက် စာရင်းဆိုသည်မှာ ဖြန့်ချိထားသော ယာယီမှတ်ဉာဏ် အညွှန်းကဲ့သို့ပင် တစ်ကြိမ်လျှင်စာရင်းတစ်ခုအဖြစ် ဖြန့်ချိထားသည့် အညွှန်းပင်ဖြစ်သည်။

    • နောက်ဆုံးအချက်မှာ သင့်လက်ခံစက်အနေဖြင့် မည်သည့် ထိုးသွင်းစက်ကိုမျှ ချိတ်ဆက်ခြင်း မပြုနိုင်သည့်တိုင် အခြားလက်ခံစက်များမှ ချိတ်ဆက်နိုင်လိမ့်မည်။ လက်ခံစက်တစ်ခုမှ ထိုးသွင်းစက်တစ်ခုကို ချိတ်ဆက်နိုင်သည်နှင့် အခြားလက်ခံစက်များသည် ထိုလက်ခံစက်ကို လက်လှမ်းမီသည်ဟု ကောက်ချက်ဆွဲနိုင်သည်။ ထိုသို့သော လက်ခံစက်ကို ပေါင်းကူး လက်ခံစက်ဟု ခေါ်ပြီး ၎င်း၏ အင်တာနက်လိပ်စာသည် ပေါင်းကူးလက်ခံစက်စာရင်း ထဲသို့ ရောက်သွားသည်။ ထိုစာရင်းသည်လည်း တစ်ကြိမ်လျှင် စာရင်းတစ်ခုအဖြစ် ဖြန့်ချိထားသော အညွှန်းပင်ဖြစ်သည်။သင့်လက်ခံစက်အနေဖြင့် ပေါင်းကူးလက်ခံစက်၏ လိပ်စာကို ရှာဖွေချိတ်ဆက်ကာ ထိုးသွင်းစက်ကို ချိတ်ဆက်ပေးရန် ညွှန်ကြားနိုင်သည်။ ထိုအခါ သင့်လက်ခံစက်နှင့် ထိုးသွင်းစက်အကြား ချိတ်ဆက်လိုဏ်ခေါင်း ပေါ်လာကာ ချိတ်ဆက်နိုင်မည် ဖြစ်သည်။

    လက်ခံစက်နှင့် ထိုးသွင်းစက်အကြား ချိတ်ဆက်မှုမှာ ကုဒ်ဖြင့် ပြောင်းလဲထားသည့်အတွက် ပေါင်းကူးလက်ခံစက်များအနေဖြင့် ၎င်းတို့အကြား သတင်းအချက်အလက်စီးဆင်းမှုကို မြင်တွေ့ရမည်မဟုတ်ပါ။

ထို့ပြင် ထိုးသွင်းစက် တစ်ခုကို (ပိုမိုရောက်ရှိနိုင်သော) ပုံမှန် ပရောက်စီဆာဗာ အဖြစ်လည်း အသုံးပြုနိုင်သည်။ အမှန်တွင်လည်း (CENO ဘရောက်ဇာ အပါအဝင်) Ouinet လက်ခံစက်များက အကြောင်းအရာတစ်ခုကို ပရောက်စီမှတစ်ဆင့် ဝင်ရောက်ရန် ကြိုးပမ်းသည့်အခါ ထိုးသွင်းစက်ကို ပုံမှန် ပရောက်စီဆာဗာ အဖြစ် သုံးသည်။ ထိုကဲ့သို့ အခြေအနေတွင် ထိုးသွင်းစက်သည် သင့်လက်ခံစက်နှင့် မူလဆာဗာအကြား (ကုဒ်ဖြင့် ပြောင်းလဲထားခြင်း မရှိသည့် HTTP ချိတ်ဆက်မှု မဟုတ်ပါက) သတင်းအချက်အလက် စီးဆင်းမှုကို သိရှိနိုင်မည်မဟုတ်ပါ။

သို့သော် ကွန်ရက်များ ပိတ်ဆို့ခံရသည့် အခြေအနေများတွင် ပရောက်စီများသို့ ချိတ်ဆက်နိုင်သည့် အခြားနည်းလမ်းများလည်း ရှိသည်ဖြစ်ရာ Ouinet ထိုးသွင်းစက်များက ၎င်းတို့ထက် မည်သည့်နေရာများတွင် ပိုမိုသာလွန်သနည်း။

မျှဝေထားသည့် အကြောင်းအရာများ၏ ယုံကြည်စိတ်ချရမှု

ထိုးသွင်းစက်၏ အဓိကအားသာချက်မှာ သင့်လက်ခံစက်အစား အကြောင်းအရာကို ရှာဖွေချိတ်ဆက်ပေးရုံသာမက ထိုအကြောင်းအရာများကို ထိုးသွင်းစက် (သို့) အင်တာနက်ကွန်ရက် အများစုနှင့် ချိတ်ဆက်မထားချိန်တွင်ပင် အခြားသူများလိုအပ်လာလျှင် မျှဝေပေးရန် ခွင့်ပြုခြင်းပင်ဖြစ်သည်။

သင့်အနေဖြင့် သင့်ဘရောက်ဇာမှ စာမျက်နှာတစ်ခုကို ဒေါင်းလုတ်ဆွဲပြီး ကော်ပီကူးကာ အခြားသူတစ်ဦးထံသို့ စိတ်ချလက်ချ မျှဝေပေးနိုင်သော်လည်း ထိုသူနှင့်သင် အချင်းချင်းသိရန် လိုအပ်သည်။ သင်မသိသောသူထံမှ ဖိုင်တစ်ခုကိုလက်ခံရသည့်အခါတွင် ထိုဖိုင်ပါ အကြောင်းအရာများသည် ဝက်ဘ်ဆိုက်အစစ်အမှန်မှလာကြောင်း မည်သို့သိရှိနိုင်မည်နည်း (သို့မဟုတ်) သင်ကြည့်လိုသည့်နေ့တွင် ရယူထားသော အကြောင်းအရာ ဖြစ်ကြောင်း (သို့မဟုတ်) ကြားဖြတ်၍ ပြုပြင် ပြောင်းလဲထားခြင်း ရှိ/မရှိ မည်သို့သိနိုင်မည်နည်း။

ကျွန်ုပ်တို့၏ အဓိက ရည်ရွယ်ချက်မှာ CENO နှင့် Ouinet အသုံးပြုသူများများထံ အကြောင်းအရာများများကို တတ်နိုင်သမျှ ပံ့ပိုးပေးရန် ဖြစ်ရာ သူစိမ်းများမှ မျှဝေသည့် အကြောင်းအရာများကို သင့်အနေဖြင့် လက်ခံသုံးစွဲနိုင်ရန် လိုအပ်သည်။ ထိုသို့ လက်ခံသုံးစွဲနိုင်ရန် Ouinet အနေဖြင့် အကြောင်းအရာများတွင်လက်မှတ်ထိုးခြင်း နည်းလမ်းကို အသုံးပြုပါသည်။ မျှဝေထားသည့် အကြောင်းအရာများတွင် ထိုးသွင်းစက်များက ၎င်းတို့၏ ကိုယ်ပိုင်သော့များဖြင့် ထိုးထားသည့် လက်မှတ်များကို သင်၏ လက်ခံစက်မှ စစ်ဆေးခြင်းဖြင့် ယုံကြည်ရသည့် အကြောင်းအရာ ဟုတ်/မဟုတ်ကို သိရှိနိုင်သည်။ ထိုးသွင်းစက်ရှိ ဝက်ဘ်အကြောင်းအရာများကို မျှဝေရန်အတွက် လက်ခံစက်မှ ရှာဖွေသည့် အကြိမ်တိုင်းတွင် ထိုးသွင်းစက်သည် မူလဆာဗာမှ အကြောင်းအရာကို ရယူသည်။ ထို့နောက် သော့ကိုသုံးကာ လက်မှတ်ထိုးပြီး လက်ခံစက်ထံသို့ လက်မှတ်ထိုးထားသည့် အကြောင်းအရာကို ပေးပို့သည်။

နည်းပညာဆိုင်ရာ မှတ်ချက် အမှန်တကယ်အားဖြင့် ထိုးသွင်းစက်သည် သီးသန့်အချက်အလက်တစ်ခုချင်းစီကို လက်မှတ်ထိုးသည်။ ထို့ကြောင့် ကြီးမားသောဖိုင်အချက်အလက်များကို ရယူနေစဉ်ကြားထဲတွင် ချိတ်ဆက်မှုများ ပြတ်တောက်သွားစေကာမူ ဒေါင်းလုတ်ဆွဲယူထားသောအချက်အလက်များကို ရရှိသော လက်ခံစက်မှ မျှဝေနိုင်ပါသေးတယ်။

မတူညီသော ထိုးသွင်းစက်များသည် မတူညီသောသော့များ ရှိနိုင်သောကြောင့် မည်သည့်ထိုးသွင်းစက်ကို ယုံကြည်သင့်သည်ကို သင်ရွေးချယ်နိုင်ပါသည်။ ယခုအကြောင်းအရာကို ဤကဲ့သို့ ပုံဖော်စဉ်းစားကြည့်ပါ။ သင်သည် သင့်နိုင်ငံမှ စာချုပ်စာတမ်း သက်သေခံ ရှေ့နေ က လက်မှတ်ထိုးထားသော စာရွက်စာတမ်းကို သင်ယုံကြည်တယ်။ နိုင်ငံသား(ဒါမှမဟုတ်) နိုင်ငံခြားသား၊ မည်သူ့ထံမှမဆို ရစေကာမူ သင်ယုံကြည်ပါတယ်။ အခြားတစ်ဖက်တွင်မူ တခြားနိုင်ငံလက်မှတ်ပါသော နိုတြီကို သင်လက်မခံပါ။ CENO ဘရောက်ဇာသည် eQualitie မှ ပြုလုပ်ထားသော ယုံကြည်စိတ်ချရသည့် ထိုးသွင်းစက်များကို စီစဉ်ထားပြီးဖြစ်ပါသည်။

နည်းပညာဆိုင်ရာ မှတ်ချက် ထိုးသွသင်းစက်များသည် အများသုံး သို့မဟုတ် တစ်ကိုယ်ရည်သုံးသော့အစုံလိုက်ကို အသုံးပြုပြီး Ed25519 လက်မှတ်များကို ပြုလုပ်ပေးပါသည်။ အများသုံးသော့များသည် လက်မှတ်နှင့်အတူ ပို့ခွင့်ပြုနိုင်လောက်သည့်အထိ တိုပါသည်။ အများသုံးသော့များကို ၆၄ လုံး ရှိသော hexadecimal စာလုံးများ သို့မဟုတ် ၅၂ လုံးရှိသော Base32 စာလုံးများအနေဖြင့် ဝှက်စာပြုလုပ်ထားပါသည်။ သော့များကို ဖုန်းမှတစ်ဆင့် ဖလှယ်နိုင်သည် သို့မဟုတ် စာရွက်ပေါ်တွင် ချရေးထားနိုင်ပါသည်။

အကြောင်းအရာကို ထိုးသွင်းခြင်း

ကျွန်ုပ်တို့ ဥပမာပေးထားသော ဖြစ်စဉ်တွင် သင့်လက်ခံစက်သည် အကြောင်းအရာ X ကို မူရင်းဆာဗာနှင့် အခြားလက်ခံစက်များထံမှ ရယူရန် ကြိုးစားခဲ့ပြီး မအောင်မြင်သည်ကို သတိပြုရပါမည်။ လက်ခံစက်သည် နောက်ဆုံး Ouinet ကတ်ကို အသုံးပြုပြီး ယုံကြည်စိတ်ချရသောထိုးသွင်းစက်ကို ဆက်သွယ်ပြီး လက်မှတ်ပါသော အကြောင်းအရာမိတ္တူတစ်စုံကို ရယူနိုင်အောင် ကြိုးစားပါသည်။ သို့မှသာ ထိုအကြောင်းအရာမိတ္တူကို အခြားလက်ခံစက်များနှင့် မျှဝေနိုင်မည် ဖြစ်ပါသည်။

အောက်ပါပုံတွင် ထိုလုပ်ဆောင်ချက်၏ ဖြစ်နိုင်ခြေရလဒ်ကို သင်မြင်တွေ့နိုင်ပါသည် - သုံးစွဲသူသည် ထိုးသွင်းစက်ကို တိုက်ရိုက်ဆက်သွယ်ရန် ပထမဆုံး ကြိုးစားပါသည် (ဥပမာ- ထိုးသွင်းစက်စာရင်းမှ ရရှိလာသော အင်တာနက်လိပ်စာတစ်ခုကို အသုံးပြုခြင်း)၊ သို့သော် စိတ်မကောင်းစရာမှာ ထိုအင်တာနက်လိပ်စာကို သင်၏ အင်တာနက်ဝန်ဆောင်မှုပေးသူက ပိတ်ထားပြီးဖြစ်နေပါသည်။ ကံကောင်းစွာဖြင့် ပေါင်းကူးလက်ခံစက်စာရင်းက ထိုးသွင်းစက်ထံသို့ ရောက်နိုင်သေးသည့် အခြားလက်ခံစက်နှစ်ခု၏ အင်တာနက်လိပ်စာများကို ပြပေးပါသည်။ သင့်လက်ခံစက်က ယင်းလက်ခံစက်တစ်ခုမှတစ်ဆင့် ထိုးသွင်းစက်ထံသို့ ချိတ်ဆက်လှိုဏ်ခေါင်းဖွင့်၍ ရောက်ရှိပါသည်။ အကြောင်းအရာ X အား တောင်းဆိုမှုကို ထိုးသွင်းစက်က သင့်လက်ခံစက်ထံမှ ရရှိပြီး ထိုအကြောင်းအရာကို မူလဆာဗာမှ တောင်းပေးပါသည်။

ပုံ - လက်ခံစက်မှ ထိုးသွင်းစက်ထံ ရောက်ရှိပုံ

အကြောင်းအရာ X ကို ထိုးသွင်းစက်မှ လက်ခံရရှိသည်နှင့်တစ်ပြိုင်နက် ထိုးသွင်းစက်သည် အကြောင်းအရာတွင် ၎င်း၏သော့ဖြင့် လက်မှတ်ထိုးသည်။ ထိုးသွင်းစက်သည် ထိုအကြောင်းအရာကို ချိတ်ဆက်လိုဏ်ခေါင်းမှတစ်ဆင့် သင့်လက်ခံစက်ထံ ပြန်ပို့သည် (ပိတ်ဆို့ခြင်းမခံရသော လက်ခံစက်မှတစ်ဆင့်ပို့သည်ဟု ဆိုကြပါစို့)။ သင့်လက်ခံစက်ထံ အကြောင်းအရာ ရောက်သည်နှင့်တစ်ပြိုင်နက် ၎င်းသည် အချက်သုံးချက်ကို လုပ်ဆောင်သည် -

  1. အကြောင်းအရာကို သင့်ထံသို့ ပို့ဆောင်ပေးသည်။ (CENO တွင် ဖြစ်ခဲ့လျှင် ၎င်းသည် အကြောင်းအရာကို ဘရောက်ဇာတွင် ဖော်ပြသည်)
  2. ထိုးသွင်းစက်သည် အခြားလက်ခံစက်များထံသို့ အကြောင်းအရာများ ဆက်လက်တင်ပို့နိုင်ရန် ၎င်းကို သင့်စက်ပေါ်တွင် သိမ်းထားသည်။ အကြောင်းအရာများသည် သတ်မှတ်ထားသော အချိန်အတိုင်းအတာတစ်ခုအထိ သို့မဟုတ် သိမ်းထားသော အကြောင်းအရာအားလုံးကို ဖျက်ပစ်လိုက်ရန် သင်ဆုံးဖြတ်သည့်အချိန်အထိ သင့်စက်ပေါ်တွင် ရှိနေပါမည်။
  3. ထိုးသွင်းစက်သည် အကြောင်းအရာမိတ္တူတစ်စုံ ပိုင်ဆိုင်ကြောင်း၊ ထို့ကြောင့် အခြားလက်ခံစက်များမှ ရှာတွေ့နိုင်ကြောင်းကို ဖြန့်ချိထားသော ယာယီမှတ်ဥာဏ် အညွှန်းကိန်းထဲတွင် ကြေညာလိုက်သည်။

ပြန်ထုတ်ခြင်း၊ လက်မှတ်ထိုးခြင်း၊ သိုလှောင်ခန်းနှင့် ကြေညာချက်တို့ ပေါင်းစည်းထားသော လုပ်ဆောင်ချက်တစ်ခုလုံးကို အကြောင်းအရာကို ထိုးသွင်းခြင်း ဟုခေါ်သည်။ အောက်ပါပုံတွင် ကြည့်ပါ။

ပုံ - လက်မှတ်ထိုးပြီးသော အကြောင်းအရာများကို ထိုးသွင်းစက်ထံမှ လက်ခံစက်က ရရှိပုံ

အပြည့်အဝ ပိတ်ဆို့ခံထားရချိန်တွင် အကြောင်းအရာ ရှာဖွေခြင်း

အထက်တွင်ဖော်ပြထားသော နည်းလမ်းများသည် ပိတ်ဆို့ထားသည့်အပိုင်းနှင့် ကျန်ရှိနေသော အင်တာနက်လမ်းတစ်လျှောက်တွင် လမ်းကြောင်းတစ်ခုခု ရှိနေရန် လိုအပ်နေသေးကြောင်း ကျေးဇူးပြုပြီး သတိပြုပါ။ သို့သော် တစ်ခါတစ်ရံတွင် ထိုလမ်းကြောင်းများသည် ပျောက်ကွယ်သွားနိုင်ပါသည်။ နိုင်ငံတကာ အဆက်အသွယ်ကွန်ရက်များ လုံးဝပြတ်တောက်သွားခြင်းများ၊ သဘာဝဘေးအန္တရာယ်များ၊ သို့မဟုတ် တည်ရှိနေသောလမ်းကြောင်းအနည်းငယ်တွင် ပြွတ်သိပ်စွာဝင်ရောက်ခြင်းများ (လူတိုင်းမှ ထိုလမ်းကြောင်းကို ဝင်ရောက်ကျော်ဖြတ်ရန် ကြိုးစားနေသောကြောင့်) ကို စဉ်းစားကြည့်ပါ။ ဤနေရာတွင် ဖြန့်ချိထားသော ယာယီမှတ်ဉာဏ်ကို အမှန်အကန် အသုံးချရမည် ဖြစ်ပါသည်။

ထိုးသွင်းစက်မှ အကြောင်းအရာ X ကို သင်လက်ခံရပြီးနောက် သင့်ဒေသမှာ ဘေးအန္တရာယ်တစ်ခုကြောင့် တစ်ကမ္ဘာလုံးနှင့် အဆက်အသွယ်ပြတ်သွားသည်ဟု တွေးကြည့်ကြပါစို့။ ထိုအခြေအနေတွင် အကြောင်းအရာ X သည် သင့်ပတ်ဝန်းကျင်ကို ကူညီနိုင်မည့် နည်းလမ်းအချို့ရှိသည်ကို ဖော်ပြနေသောကြောင့် အထူးတလည် သက်ဆိုင်လာသည်ကို တွေ့ရှိနိုင်ပါသည်။

ထိုအခြေအနေတွင် နောက်ထပ်လူတစ်ယောက်က CENO ဘရောက်ဇာကို အသုံးပြုပြီး ထိုအကြောင်းအရာကို ရယူရန်ကြိုးစားနေသည်။ မူလဆာဗာ သို့မဟုတ် သင့်ဒေသတွင် မရရှိနိုင်သော အခြားတစ်ခုခုကို ဒုတိယလူမှ ဝင်ရောက်ကြည့်ရှုနိုင်မည်ဆိုပါက၊ CENO သည် ထိုအကြောင်းအရာကို ဖြန့်ချိထားသော ယာယီမှတ်ဉာဏ် အညွှန်းကိန်းတွင် ရှာဖွေစစ်ဆေးနိုင်ပြီး သင့်စက်သည် ထိုအကြောင်းအရာကိုရရှိနိုင်ပါသည်။ CENO သည် သင့်အင်တာနက် လိပ်စာကို အညွှန်းကိန်းမှ ရယူပြီး ထိုအကြောင်းအရာကို ချိတ်ဆက်ကာ တောင်းယူပုံကို အောက်တွင် ဖော်ပြထားပါသည်။

ပုံ - လက်မှတ်ထိုးထားသော အကြောင်းအရာကို လက်ခံစက်ထံမှ အခြားလက်ခံစက်က ရရှိပုံ

ဒုတိယစက်သည် အကြောင်းအရာ X ၏ မိတ္တူကို ရရှိထားပြီးနောက် ထိုအကြောင်းကို ဖြန့်ချိထားသော ယာယီမှတ်ဉာဏ်တွင် ကြေညာပေးခြင်းဖြင့် တင်ပို့သူ ဖြစ်လာပါသည်။ ထိုအကြောင်းအရာကို စိတ်ဝင်စားသော တတိယပုဂ္ဂိုလ်တစ်ဦးက CENO ဘရောက်ဇာကို အသုံးပြု၍ ၎င်းကို ပြန်လည်ရယူရန် အသုံးပြုလျှင်၊ CENO သည် အကြောင်းအရာအတွက် အညွှန်းကိန်းတွင် လိပ်စာ နှစ်ခု ကို မြင်ရလိမ့်မည်။ ၎င်းတို့မှာ သင်၏စက်နှင့် ဒုတိယအသုံးပြုသူတို့၏ လိပ်စာများဖြစ်သည်။ အကြောင်းအရာသည် အရွယ်အစားကြီးပါက (ဥပမာ - ဗီဒီယိုဖိုင်တစ်ခု) ဤတတိယကိရိယာသည် အခြားကိရိယာတစ်ခုစီမှ တစ်ဝက်စီကို ရရှိနိုင်အောင် ကြိုးစားလိမ့်မည်(အောက်တွင်ဖော်ပြထားသည့်အတိုင်း)။ ဤသို့ဖြင့် ဒေါင်းလုတ်ဆွဲသည့်နှုန်းမြန်စေပြီး အသုံးပြုနေသော ကူးသန်းသွားလာခြင်းကို လျှော့ချပေးနိုင်သည်။

ပုံ - လက်မှတ်ရေးထိုးထားသော အကြောင်းအရာများကို အခြားသော လက်ခံစက်များစွာထံမှ လက်ခံစက်တစ်ခုက လက်ခံရရှိပုံ

နောက်ဆုံးတွင် အခြေအနေပိုဆိုးလာနိုင်ပြီး စီးပွားရေးနှင့် ပြည်နယ် ကွန်ရက် အဆောက်အအုံများအားလုံးသည် ပိတ်ခြင်းခံရနိုင်ပါသည်။ ဤအခြေအနေတွင် Ouinet နှင့် CENO ဘရောက်ဇာတွင် စက်တစ်ခုမှတစ်ခုသို့ အကြောင်းအရာများကို မျှဝေခြင်းကို ထောက်ပံ့ပေးနိုင်ပါသည်။ လက်ခံစက်နှစ်ခုအကြား အကြောင်းအရာမျှဝေခြင်းတွင် တူညီသောကွန်ရက်ကို အသုံးပြုနိုင်ပြီး (ဥပမာ - တူညီသော ဝိုင်ဖိုင်ကွန်ရက်ကိုအသုံးပြုခြင်း) ထိုကွန်ရက်သည် အခြားကွန်ရက်များသို့ မရောက်ရှိနိုင်သော်လည်း အကြောင်းအရာများကို မျှဝေနိုင်ပါသည်။

အများသုံးနှင့် သီးသန့် ရှာဖွေမှု

ချိတ်ဆက်မှု ပြဿနာများကို ကျော်လွှားရန် နည်းပညာများစွာကို အသုံးပြုထားသောကြောင့် CENO သည် ဝက်ဘ်အကြောင်းအရာ အမျိုးအစားအားလုံးကို ရယူရန် သင့်အတွက် အဆင်ပြေသော နည်းလမ်းတစ်ခု ဖြစ်လာနိုင်သည်။ ထို့ပြင် ယခင် ကဏ္ဍများတွင် သင် ဖတ်ကောင်းဖတ်ပြီးထားသည့်အတိုင်းပင် သင်သည် CENO ဘရောက်ဇာကို အသုံးပြု၍ စာမျက်နှာတစ်ခုကို ပြန်ထုတ်၍ တင်ပို့သည့် အချိန်တိုင်းတွင် ၎င်းကို အခြားသူများလည်း ရရှိနိုင်သည်။ သို့သော် သင်မမျှဝေလိုသော (သို့မဟုတ် သင်ပြန်ထုတ်ရန် ကြိုးစားနေကြောင်း သို့မဟုတ် ပြန်ထုတ်ခဲ့ကြောင်း အခြားသူများကို သင်မသိစေလိုသည့်) အကြောင်းအရာအချို့ ရှိနိုင်ပြီး ကံကောင်းစွာဖြင့် CENO သည် ဤကိစ္စရပ်တွင်လည်း သင့်အား ကူညီနိုင်ပါသည်။

သင် အက်ပလီကေးရှင်းကို ဖွင့်ချိန်တွင် ပုံသေမုဒ်မှာ အများသုံး ရှာဖွေမှု ဖြစ်သည်။ ထိုမုဒ်တွင် CENO သည် ယခင် ဖော်ပြခဲ့သည့်အတိုင်း ဝက်ဘ်အကြောင်းအရာကို ဝင်ရောက်သုံးစွဲသည် -

  1. တိုက်ရိုက် ဝင်ရောက်သုံးစွဲရန် ကြိုးစားသည်။
  2. မအောင်မြင်သောအခါ ဖြန့်ချိထားသော ယာယီသိမ်းဆည်းထားသည့် မှတ်ဉာဏ်ကို ရှာသည်။
  3. မအောင်မြင်သောအခါ အကြောင်းအရာကို ထိုးသွင်းဖိုင်မှတစ်ဆင့် တောင်းဆိုသည် (အခြားလက်ခံစက်မှတစ်ဆင့် ဖြစ်နိုင်သည်)။

CENO တွင် သီးသန့်ရှာဖွေမှု မုဒ်လည်း ရှိသည်။ ထိုမုဒ်တွင် ဖြန့်ချိထားသော ယာယီသိမ်းဆည်းထားသည့် မှတ်ဉာဏ်ကို လုံးဝ မရှာသည့်အပြင် ထိုးသွင်းရန် လုံးဝမကြိုးစားပါ -

  1. တိုက်ရိုက် ဝင်ရောက်သုံးစွဲရန် ကြိုးစားသည်။
  2. မအောင်မြင်သောအခါ ထိုးသွင်းဖိုင်ကို ဆက်သွယ်သည် (အခြားလက်ခံစက်မှတစ်ဆင့် ဖြစ်နိုင်သည်)၊ ပြီးလျှင် ပုံမှန် ပရောက်စီ ဆာဗာအနေနှင့် အသုံးပြုသည်။ ဤကိစ္စရပ်တွင် ဖြန့်ချိထားသော ယာယီသိမ်းဆည်းထားသည့် မှတ်ဉာဏ်ကို ထိုးသွင်းဖိုင်ရော သင့်လက်ခံစက်ကပါ သင့်စာမျက်နှာအတွက် အပ်ဒိတ်မလုပ်ကြောင်း သတိပြုပါ။

ကွဲပြားသော အပြုအမူသည် ကွဲပြားသော လက္ခဏာရပ်များကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် အများသုံးမုဒ်တွင် -

  1. သင်သည် ဝက်ဘ်အကြောင်းအရာကို ရယူရန်နှင့် အခြားသူများအား ထိုအကြောင်းအရာကို (သင့်ထံမှ) ရရှိနိုင်အောင် ကူညီရန် ပိုကောင်းသော အခွင့်အရေးများ ရှိသည်။
  2. (ဥပမာ- အချိန်နှင့်တစ်ပြေးညီ အပ်ဒိတ်လုပ်ထားသော) ပြောင်းလဲနေသော အကြောင်းအရာ ပါဝင်သည့် စာမျက်နှာများသည် သိသာသော သို့မဟုတ် မသိသာသော နည်းလမ်းများဖြင့် ပျက်နိုင်သည်။
  3. (စကားဝှက်များနှင့် ကွတ်ကီးများကို လက်ခံစက်က ဖယ်ရှားသောကြောင့်) စစ်မှန်ကြောင်း သက်သေပြရန် လိုအပ်သည့် စာမျက်နှာများသည် အလုပ်မလုပ်ပါ။
  4. အချို့ ရှာဖွေရေး လှုပ်ရှားမှုသည် အခြားသုံးစွဲသူများထံ ပေါက်ကြားနိုင်သည် (စွန့်စားမှုများ ကို ကြည့်ပါ)။
  5. အချို့ ရှာဖွေရေး လှုပ်ရှားမှုသည် ထိုးသွင်းဖိုင်များထံ ပေါက်ကြားနိုင်သည် (စွန့်စားမှုများ ကို ကြည့်ပါ)။
  6. သင်သည် ဝက်ဘ်အကြောင်းအရာကို ပြန်ထုတ်ရန်နှင့် လက်မှတ်ထိုးရန် ထိုးသွင်းဖိုင်များကို ယုံကြည်ဖို့ လိုအပ်သည်။

သီးသန့်မုဒ် သုံးနေစဉ် -

  1. နိုင်ငံတကာ ချိတ်ဆက်မှု နည်းလွန်းလျှင် သင်သည် ပိတ်ဆို့ထားသော ဝက်ဘ် အကြောင်းအရာကို ဝင်ရောက်သုံးစွဲနိုင်မည် မဟုတ်ပါ။ သင် သုံးစွဲနိုင်သည့်တိုင်အောင် အခြား CENO သုံးစွဲသူများသည် ထိုအကြောင်းအရာကို သင့်ထံမှ ရရှိမည် မဟုတ်ပါ။
  2. ပြောင်းလဲနေသော အကြောင်းအရာ ပါဝင်သည့် စာမျက်နှာများသည် အလုပ်လုပ်ကောင်း လုပ်နိုင်သည်။
  3. စစ်မှန်ကြောင်း အတည်ပြုရန် လိုအပ်သော စာမျက်နှာများသည် အလုပ်လုပ်နိုင်သည် (သင်၏ ချိတ်ဆက်မှုကို HTTPS က ကာကွယ်ထားချိန်တွင် ထိုးသွင်းဖိုင်သည် သင့်စကားဝှက်များကို မမြင်ရပါ)။
  4. ရှာဖွေခြင်းဆိုင်ရာ လှုပ်ရှားမှုသည် အခြားသုံးစွဲသူများထံ မပေါက်ကြားပါ။
  5. ကန့်သတ်ထားသော ရှာဖွေခြင်းဆိုင်ရာ လှုပ်ရှားမှုသည် ထိုးသွင်းဖိုင်များထံ ပေါက်ကြားသည် (HTTPS သုံးလျှင် မူလ ဆာဗာ အမည် သို့မဟုတ် လိပ်စာသာ ပေါက်ကြားပါမည်)။
  6. သင်သည် ထိုးသွင်းဖိုင်များကို ယုံကြည်ရန် မလိုအပ်ပါ (HTTPS သုံးလျှင် ပုံမှန် အသိအမှန်ပြုလက်မှတ် အခြေခံသော လုံခြုံရေးသည် အလုပ်လုပ်သေးသည်)။

နိဂုံး- သင်သည် သတင်း ဖတ်ရန်၊ ဗီဒီယို ကြည့်ရန် Wikipedia နှင့် တစ်နည်းအားဖြင့် သင့်ကွန်ရက်တွင် ဆင်ဆာလုပ်ထားသော အခြား တည်တံ့သည့် ရင်းမြစ်များကို ရှာဖွေရန် CENO ကို အသုံးပြုနေပါက ပုံသေ အများသုံး ရှာဖွေမှု မုဒ်ကို အသုံးပြုရန် စဉ်းစားပါ။ ထို့ပြင် သင်သည် Twitter သို့ ဝင်ရောက်လိုပါက သို့မဟုတ် သင်၏ WordPress ဝက်ဘ်ဆိုက်ကို တည်းဖြတ်လိုပါက သီးသန့် ရှာဖွေမှု မုဒ်ကို အသုံးပြုပါ။

ကျေးဇူးပြု၍ ပိုမိုအသေးစိတ်သော ရှင်းပြချက်အတွက် စွန့်စားမှုများ ရှိ အပိုင်းကို ဖတ်ပါ။ ထို့ပြင် သင့်လက်ခံစက်သည် အများသုံး သို့မဟုတ် သီးသန့် ရှာဖွေမှုနှင့် မသက်ဆိုင်ဘဲ ပေါင်းကူးနှင့် တင်ပို့စက်အဖြစ် ဆက်လက် လည်ပတ်နိုင်ကြောင်း သတိပြုပါ။ ကျွန်ုပ်တို့သည် ဤအကြောင်းကို လက်စွဲ၏ အခြားသူများအား ကူညီခြင်း အပိုင်းတွင် ပိုမိုအသေးစိတ်ကျစွာ ရှင်းပြထားပါသည်။

CENO/Ouinet အသုံးပြုခြင်း၏ အားသာချက်များ

အခြားရှောင်ရှားသည့် နည်းပညာများထက် CENO နှင့် Ouinet ကို အသုံးပြုခြင်း၏ အဓိက အားသာချက်များသည် အချင်းချင်း အသွားအလာ ထပ်ဆင့်ပို့ရန်၊ နောက်ပိုင်းတွင် အတည်ပြုရန်အတွက် အကြောင်းအရာကို လက်မှတ်ထိုးရန်နှင့် အခြားသူများထံ တင်ပို့ဖို့ လက်မှတ်ထိုးထားသော အကြောင်းအရာကို သိုလှောင်ရန် လက်ခံစက်များနှင့် ထိုးသွင်းဖိုင်များ၏ ပူးပေါင်းဆောင်ရွက်မှုမှ အရင်းခံသည်။ ဖော်ပြသင့်သော အားသာချက်အချို့မှာ -

  • ရင်းနှီးသော သုံးစွဲပုံ - CENO ဘရောက်ဇာ အသုံးပြု၍ ဝက်ဘ်အကြောင်းအရာကို ဝင်ရောက်သုံးစွဲခြင်းသည် သင်သုံးနေကျ ဘရောက်ဇာတွင် ဝက်ဘ်ကို ရှာဖွေကြည့်ခြင်းနှင့် အလွန်တူသည်ဟု ခံစားရပြီး လုံးဝ ပိတ်ဆို့ခံရသည့် အချိန်တွင်ပင် အလားတူ ခံစားရသည်။ လူကြိုက်များသော အကြောင်းအရာအတွက် စိတ်ကြိုက်လင့် အသစ်များ သို့မဟုတ် (အက်ပလီကေးရှင်းများ အကြား ဖိုင်လွှဲပြောင်းခြင်းကဲ့သို့) သုံးစွဲသူဘက်မှ အထူး လုပ်ဆောင်ချက်များ မလိုအပ်ပါ။

    • အကြောင်းအရာ ရရှိနိုင်မှု တိုးလာခြင်း - Ouinet သည် ကွန်ရက် ကြားဝင်နှောင့်ယှက်မှု လွန်ကဲသော အခြေအနေများတွင် လျင်မြန်ထိရောက်ပြီး ယုံကြည်ရသော နည်းလမ်းဖြင့် အကြောင်းအရာကို ပံ့ပိုးပေးနိုင်သည်။ အချို့သော အကြောင်းအရာကို ပိုမိုလူကြိုက်များလာလေလေ ၎င်း၏ မိတ္တူများကို CENO/Ouinet လက်ခံများက ပိုမိုတင်ပို့လေလေဖြစ်ပြီး ၎င်းကို ပိုမိုရရှိနိုင်လေလေ ဖြစ်သည်။လက်မှတ်ထိုးထားသော အကြောင်းအရာကို ချိတ်ဆက်မှု ဖျက်ထားသော ဧရိယာရှိ အချို့သော လက်ခံစက်များထံ အော့ဖ်လိုင်း နည်းလမ်းများ (ဥပမာ - USB ဒရိုက်ဗ်) ဖြင့် ယူဆောင်လာခြင်းအားဖြင့် အခြား လက်ခံစက်များအတွက် ရရှိနိုင်အောင် ပြုလုပ်နိုင်သည်။
  • ပိုမိုမြန်ဆန်သော ရှာဖွေခြင်း - သင့်လက်ခံစက်သည် တစ်ချိန်တည်းတွင် များစွာသော လက်ခံစက်များထံမှ တူညီသော အကြောင်းအရာ၏ ကွဲပြားသော အစိတ်အပိုင်းများကို ပြန်ထုတ်နိုင်သောကြောင့် အကြောင်းအရာ ပို့ဆောင်ခြင်း ဝန်ကို ကွဲပြားသော ကွန်ရက်များနှင့် စက်များအကြား ဖြန့်ချိထားသည့်အတွက် လက်ခံစက်တစ်ခုတည်းသို့ သွားသည့် လမ်းများတွင် ပိတ်ခြင်းကို (အထူးသဖြင့် ဗီဒီယိုကဲ့သို့ ကြီးမားသော ရင်းမြစ်တစ်ခုကို ပို့ဆောင်ချိန်တွင်) ရှောင်ရှားနိုင်သည်။ ယင်းသည် အခြားနိုင်ငံများနှင့် ချိတ်ဆက်ထားသော အခြေခံအဆောက်အအုံ ကန့်သတ်ချက်ရှိသည့် အချိန်တွင်သာမက ထုတ်ဝေသူများအနေနှင့် ၎င်းတို့၏ အကြောင်းအရာအချို့ အလွန်လူကြိုက်များလာသည့် အချိန်တွင် မူလ ဆာဗာများ၌ ရင်းမြစ် သုံးစွဲမှု အလွန်မြင့်တက်ခြင်းကို ရှောင်ရှားရန်အတွက်ပါ အသုံးဝင်သည် (၎င်းကို ဆလက်ရှ်ဒေါ့ အကျိုးသက်ရောက်မှု ဟု ခေါ်သည်)။

  • ပိုမိုဈေးချိုသော ရှာဖွေခြင်း - မူလ ဆာဗာက ပြည်ပတွင် ရှိသည့်တိုင်အောင် တိကျသော ဒေသတစ်ခုတွင် လူကြိုက်များသော အကြောင်းအရာသည် ထိုဒေသရှိ CENO/Ouinet လက်ခံစက်များတွင် ကူးယူခံရလေ့ရှိသည်။ သင်သည် ထိုအကြောင်းအရာကို စိတ်ဝင်စားပါက သင့်လက်ခံစက်သည် ၎င်းကို သင့်ဒေသရှိ အခြားလက်ခံစက်တစ်ခုခုမှ ရယူကောင်းရယူနိုင်သည်။ နိုင်ငံတကာ အသွားအလာသည် ဒေသတွင်း အသွားအလာထက် ပိုမိုဈေးကြီးသော နိုင်ငံအချို့တွင် (ဥပမာ - နိုင်ငံတွင်းသုံး အင်ထရာနက် ရှိလျှင်) ယင်းကြောင့် သင် အမှန်တကယ် ငွေချွေတာနိုင်သည်။

CENO/Ouinet အသုံးပြုခြင်း၏ စွန့်စားမှုများ

အလွန်ရှုပ်ထွေးသော ကွန်ပျူတာစနစ်၊ အထူးသဖြင့် ဆန်းသစ်တီထွင်ထားသော ကွန်ပျူတာစနစ်ကို အသုံးပြုသကဲ့သို့ပင် CENO ဘရောက်ဇာ (ယေဘုယျအားဖြင့် မည်သည့် Ouinet လက်ခံစက်ကိုမဆို) အသုံးပြုခြင်းဖြင့် အချို့သော စွန့်စားမှုများမှ ကင်းလွတ်မည်မဟုတ်ပါ။ CENO ကို အသုံးပြုပုံပေါ် မူတည်၍ အကျိုးသက်ရောက်မှုများကို သင်နားလည်စေရန် ဤအပိုင်းတွင် စုစည်းဖော်ပြပေးပါမည် -

  • ဝက်ဘ်ဆိုက်များကို ရှာဖွေသည့် သုံးစွဲသူ အနေနှင့်
  • သင် ယခင်က ဝင်ကြည့်ခဲ့သော ဖြန့်ချိထားသည့် ယာယီသိမ်းဆည်းထားသော မှတ်ဉာဏ်ဖြင့် အကြောင်းအရာ မျှဝေသည့် ပေးပို့သူ အနေနှင့်
  • အခြားသုံးစွဲသူများ ထိုးသွင်းဖိုင်သို့ ရောက်ရှိရန် ခွင့်ပြုသော ပေါင်းကူး အနေနှင့်

သုံးစွဲသူအနေနှင့်

ပေါင်းကူးများသည် မူလ ဆာဗာနှင့် ကျွန်ုပ်၏ ဆက်သွယ်မှုကို မြင်နိုင်သလား။

မမြင်ရပါ။ ပေါင်းကူးတစ်ခု၏ တာဝန်မှာ လက်ခံစက်နှင့် ထိုးသွင်းစက်တို့အကြား သွားလာမှု အကြမ်းထည်ကို ပို့ပေးရန်သာဖြစ်သည်။ ဤကူးသန်းသွားလာမှုကို အမြဲတမ်း ကုဒ်ဖြင့်ပြောင်းလဲထားပြီး ပေါင်းကူးများတွင် ကူးသန်းသွားလာမှု၏ အကြောင်းအရာကို ကြည့်ရှုရန်လိုအပ်သော ကိုယ်ပိုင်သော့များ မရှိပါ။

ထိုးသွင်းဖိုင်များသည် မူလ ဆာဗာနှင့် ကျွန်ုပ်၏ ဆက်သွယ်မှုကို မြင်နိုင်သလား။

တချို့တစ်ဝက်ကို မြင်နိုင်ပါသည်။ အသုံးပြုသူမှ အကြောင်းအရာကို အများသုံးရှာဖွေခြင်းမုဒ် တွင် တောင်းဆိုသောအခါ လက်ခံစက်၏ တောင်းဆိုချက်တွင်ပါဝင်သော ကိုယ်ရေးကိုယ်တာ အချက်အလက်အားလုံး (စကားဝှက်များနှင့် ကွတ်ကီးများ အစရှိသည်) ကို အရင်ဆုံး ဖယ်ရှားလိုက်ပါသည်။ ထို့နောက် တောင်းဆိုချက်ကို ကုဒ်ဖြင့်ပြောင်းလဲပြီးမှ ကုဒ်ပြန်ဖြည်နိုင်သော ထိုးသွင်းစက်ဆီသို့ ပို့ပေးပါသည်။

အခြားတစ်ဖက်တွင်မူ တောင်းဆိုချက်သည် အများသုံးရှာဖွေခြင်းမုဒ်ကို အသုံးပြုသောအခါ ထိုအရာကို လက်ခံစက်မှ ပြုပြင်၍မရနိုင်ပါ။ သို့သော် မူလဆာဗာအတွက် ဆက်သွယ်မှုတစ်ခုလုံးကို ကုဒ်ဖြင့်ပြောင်းလဲထားပါသည်။ ဆိုလိုသည်မှာ ဤအခြေအနေတွင် ထိုးသွင်းစက်သည် အကြောင်းအရာကို ကုဒ်ဖြည်၍မရနိုင်ပါ။

နည်းပညာဆိုင်ရာ မှတ်ချက် HTTP GET တောင်းဆိုချက်များသည်သာ ထိုးသွင်းခြင်းအတွက် ကိုယ်စားလှယ်လောင်းများ ဖြစ်ကြပါသည်။ အခြေခံကျပြီး ကိုယ်ရေးအချက်အလက်များကို ထိန်းသိမ်းပေးသော HTTP ခေါင်းစီးတန်ဖိုးများ၏ ကန့်သတ်ထားသော အစုံလိုက်မှလွဲ၍ ကျန်သော သတ်မှတ်ကိန်းများကို ဖယ်ထုတ်လိုက်ပါသည်။

ထိုးသွင်းဖိုင်များသည် ကျွန်ုပ်၏ IP လိပ်စာကို မြင်နိုင်သလား။

မြင်နိုင်ပါသည်။ သို့သော် ထိုးသွင်းစက်များက တောင်းဆိုချက်များသည် CENO အသုံးပြုသူ သို့မဟုတ် ပေါင်းကူး၊ မည်သည့်နေရာမှ ရောက်လာသည်ကို ခွဲခြားမသိနိုင်ပါ။ ထို့ကြောင့် ထိုးသွင်းစက်ဆီသွားသော တောင်းဆိုချက်များကို မူလအစပြုသော IP လိပ်စာအား ယုံကြည်စိတ်ချစွာ ပေးအပ်ရန်မဖြစ်နိုင်ပါ။

ကျွန်ုပ်၏ သီးသန့် ဒေတာသည် ဖြန့်ချိထားသော ယာယီသိမ်းဆည်းထားသည့် မှတ်ဉာဏ်သို့ ပေါက်ကြားနိုင်သလား။

မပေါက်ကြားနိုင်ဟု မျှော်လင့်ပါသည်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း CENO ဘရောက်ဇာသည် ထိုးသွင်းရန် တောင်းဆိုချက်မှ ကိုယ်ရေးကိုယ်တာအချက်အလက် (စကားဝှက်များ၊ ကွတ်ကီများ စသည်ဖြင့်) ကို ဖယ်ရှားရန် ကြိုးစားပါသည်။ ထို့ပြင် ထိုးသွင်းစက်သည် ၎င်းကိုယ်တိုင် မည်သည့်အရာကိုမျှ မတင်ပို့ပါ။ အကြောင်းမှာ ထိုးသွင်းစက်၏ တစ်ခုတည်းသော ရည်ရွယ်ချက်သည် Ouinet လက်ခံစက်များ အကြောင်းအရာကို တင်ပို့နိုင်ရန်အတွက် ထိုအကြောင်းအရာတွင် လက်မှတ်ထိုးရန်သာဖြစ်သည်။ ဆိုလိုသည်မှာ လက်ခံစက်ထံသို့ အကြောင်းအရာ ပြန်ရောက်လာသောအခါ အကြောင်းအရာကို ထပ်မံ ခွဲခြမ်းစိတ်ဖြာပြီးနောက် မူလဆာဗာသည် သီးသန့်ဖြစ်သော သဘာဝကို ညွှန်ပြနေလျှင် CENO သည် ထိုအကြာင်းအရာကို တင်ပို့မည် မဟုတ်ပါ။

သို့တိုင်အောင် ညံ့ဖျင်းသော ဒီဇိုင်းနှင့် စာမျက်နှာများ သို့မဟုတ် အန္တရာယ်ရှိသော စာမျက်နှာများသည် သင့်ထံမှ အချက်အလက်တချို့ (ဖောင်တစ်ခုမှ အီးမေးလ်လိပ်စာ သို့မဟုတ် JavaScript ကို အသုံးပြုပြီး ရရှိလာသော ဘရောက်ဇာလက်ဗွေရာတချို့ ကဲ့သို့သော အချက်အလက်များ) ကို စုဆောင်းထားနိုင်သည့်အပြင် အခြား URL လင့်ထဲသို့ ပုံမှန် လမ်းကြောင်း အစိတ်အပိုင်းများ (ဥပမာ - http://example.com/subscribe/you@example.org) အဖြစ် သွတ်သွင်းခံရနိုင်ခြင်း အစရှိသော ကိစ္စရပ်များ ဖြစ်နိုင်ပါသည်။ အကယ်၍ သင်သည် စာမျက်နှာတစ်ခုမှ ထိုကဲ့သို့ ပြုလုပ်နိုင်သည်ကို သံသယရှိပါက လုံခြံစေရန်အလို့ငှာ ယင်းစာမျက်နှာကို သီးသန့်ရှာဖွေ၍ သုံးခြင်းမှာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

ကျွန်ုပ်က CENO ကို အသုံးပြုနေလား ဆိုတာကို မူရင်းဆာဗာက သိနိုင်ပါသလား။

မသိဖို့ များပါသည်။ CENO မှ မူလဆာဗာကို တိုက်ရိုက်ဆက်သွယ်သောအခါတိုင်း ၎င်းသည် Android တွင်အလုပ်လုပ်သော ပုံမှန် Firefox ကဲ့သို့ အလုပ်လုပ်ပါသည်။ ထို့ကြောင့် သင့်သီးခြားကိရိယာသည် ဗားရှင်းတူညီသော ပုံမှန် Firefox အက်ပလီကေးရှင်းအဖြစ် ဖော်ပြနေပါတယ်။

မည်သို့ပင်ဆိုစေကာမူ CENO သည် မူလဆာဗာမှ အကြောင်းအရာတချို့ရယူရန် ထိုးသွင်းစက်ကို အသုံးပြုသောအခါ CENO သို့မဟုတ် Ouinet တို့ ပါဝင်နေကြောင်း နောက်ပိုင်းတွင် သိနိုင်သည့် နည်းလမ်း (အနည်းဆုံး) နှစ်ခုရှိပါတယ်။

  1. မူလဆာဗာသို့ ရောက်ရှိလာသော ဆက်သွယ်မှု၏ ပင်ရင်းလိပ်စာကို ထိုးသွင်းစက်စာရင်းတွင် ရှာတွေ့နိုင်ပါသည် (ဆက်သွယ်မှုသည် ထိုးသွင်းစက်မှ အမှန်တကယ်လာသောကြောင့် ဖြစ်သည်)။
  2. အကြောင်းအရာတောင်းဆိုချက်တွင် တချို့သောအချက်အလက်များ ပါဝင်ခြင်း သို့မဟုတ် ပျောက်ဆုံးနေခြင်းသည် Ouinet ၏ ထူးခြားသော လက္ခဏာ ဖြစ်သည်။ သင့်လက်ခံစက်က အကြောင်းအရာကိုရယူပြီး လက်မှတ်ထိုးရန် တောင်းဆိုသောကြောင့် ထိုးသွင်းစက်သည် ထိုအကြောင်းအရာကို တောင်းဆိုချက်တွင် သင်၏ သီးသန့်ကိရိယာနှင့်သာ သက်ဆိုင်သော အချက်အလက်များကို ဖယ်ရှားလိုက်သောအခါတွင် ဖြစ်လေ့ရှိပါသည်။

ကျေဇူးပြုပြီး သတိပြုရန်မှာ ထိုးသွင်းစက်များသည် တောင်းဆိုချက်ကို Ouinet မှ လာကြောင်းသာ မှတ်သားထားပါသည်။ ၎င်းတို့သည် သင့်ကို သို့မဟုတ် သင်၏ သီးသန့်ကိရိယာကို ထိုတောင်းဆိုချက်နှင့် မဆက်စပ်စေပါ။ မည်သို့ပင်ဆိုစေကာမူ ယခင်မေးခွန်းပါ အကြောင်းရင်းများကြောင့် တောင်းဆိုချက်တွင် မည်သူမည်ဝါဖြစ်ကြောင်း သတ်မှတ်နိုင်သော အချက်အလက်များ ပါဝင်သေးပါက သင့်ကို CENO အသုံးပြုသူအဖြစ် မှတ်ယူနိုင်ပါသည်။

ယေဘုယျအားဖြင့် သီးခြားဝဘ်ဆိုက်တစ်ခု (ဥပမာ - အစိုးရဝဘ်ဆိုက်တစ်ခု) သည် သင့်ကို တိကျသော နေရာဒေသတစ်ခုမှ (သို့မဟုတ် နိုင်ငံတွင်းသုံး အင်ထရာနက် မှ) တစ်ဦးတစ်ယောက်ချင်းစီအလိုက် ခွဲခြားသတ်မှတ်နိုင်သော ပုံစံဖြင့် ချိတ်ဆက်မည်ကို မျှော်လင့်နေပါက CENO အစား ပုံမှန် ဝဘ်ဘရောက်ဇာတစ်ခုကို အသုံးပြုဖို့ ကျွန်ုပ်တို့ အကြံပြုလိုပါသည်။

တင်ပို့သူအဖြစ်

ကျွန်ုပ်၏ စက်မှ မည်သည့်ဒေတာကို တင်ပို့သလဲ။

လက်ရှိတွင် CENO မှ တင်ပို့သော အကြာင်းအရာများမှာ အများသုံးရှာဖွေခြင်းမုဒ်တွင် တောင်းဆိုထားသော သီးသန့်သုံးမဟုတ်သည့် ဝဘ်အကြောင်းအရာများသာ ဖြစ်ပါသည်။ ဆိုလိုသည်မှာ အသုံးပြုသူများသည် လတ်တလောတွင် မသုံးထားသည့် မည်သည့်အကြောင်းအရာကိုမျှ မတင်ပို့ပါ။

ကျွန်ုပ်တင်ပို့ထားသော အကြောင်းအရာကို တစ်စုံတစ်ယောက်မှ ရှာတွေ့နိုင်ပါသလား။

တချို့တစ်ဝက်ကို ရှာတွေ့နိုင်ပါသည်။ Ouinet ၏ အလုပ်လုပ်ပုံကို နားလည်နိုင်စွမ်းရှိသော မည်သူမဆိုသည် သီးခြား အကြောင်းအရာတစ်ခုကို မည်သည့် IP လိပ်စာမှ မျှဝေထားသည်ကို ရှာတွေ့နိုင်သည့် ကိရိယာတစ်ခု (BitTorrent တွင်ကဲ့သို့) တည်ဆောက်နိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ တိကျသော IP လိပ်စာတစ်ခုကို ရှာတွေ့ရန်နှင့် နောက်ကွယ်တွင် လက်ခံစက်များမှ တင်ပို့ထားသော အကြောင်းအရာအားလုံး၏ စာရင်းကို ရရန်မှာ မဖြစ်နိုင်ပါ။

ပေါင်းကူးတစ်ခု အဖြစ်

အခြားသောသူများက ကျွန်ုပ်၏ IP လိပ်စာကို ရှာတွေ့နိုင်ပါသလား။

ရှာတွေ့နိုင်ပါသည်။ ထိုးသွင်းစက်များနှင့် ချိတ်ဆက်နိုင်သော CENO ဘရောက်ဇာ အားလုံးသည် ၎င်း၏ IP လိပ်စာကို ပေါင်းကူးလက်ခံစက်စာရင်းတွင် မှတ်ပုံတင်ရပါမည်။ ထိုပေါင်းကူးလက်ခံစက်စာရင်းတွင် အခြားသော Ouinet လက်ခံစက်များသည် IP လိပ်စာများကို ရှာတွေ့နိုင်ပါသည်။

ကျွန်ုပ်တို့နိုင်ငံတွင် ပိတ်ထားသော အကြောင်းအရာကို အခြားသူများ ရယူရန်အတွက် ကျွန်ုပ် ကူညီပေးနိုင်ရန် ဖြစ်နိုင်ပါသလား။

ဖြစ်နိုင်ပါသည်။ သို့သော် ပေါင်းကူးများသည် Ouinet လက်ခံစက်နှင့် ထိုးသွင်းစက်တို့အကြား ကုဒ်ဖြင့်ပြောင်းလဲထားသော ဆက်သွယ်မှုများကိုသာ လက်ဆင့်ကမ်းနိုင်ပါသည်။ ဆိုလိုသည်မှာ ပေါင်းကူးတစ်ခုသည် တစ်ဦးတစ်ယောက်ကိုယ်စား အခြားဆာဗာတစ်ခုထံသို့ အကြောင်းအရာ တိုက်ရိုက်တောင်းဆိုချက်များကို လုံးဝ မပြုလုပ်ပါ။

CENO ဘရောက်ဇာ အသုံးပြုခြင်း

ဤအခန်းတွင် CENO ဘရောက်ဇာ သုံးစွဲပုံနှင့် ပတ်သက်၍ ၎င်း၏ Ouinet နှင့် သက်ဆိုင်သော စွမ်းဆောင်ရည်များကို ထည့်သွင်းစဉ်းစားထားသမျှ သင့်အား အကြံပြုချက်အချို့ ပေးသည်။ CENO ကို Android အတွက် Firefox အပေါ်တွင် အခြေခံသောကြောင့် ယေဘုယျ ရှာဖွေမှု အကြောင်းအရာများနှင့် သက်ဆိုင်သော အကူအညီအားလုံးအတွက် သင်သည် Mozilla ၏ Android ပံ့ပိုးမှု အတွက် Firefox စာမျက်နှာများကို ရည်ညွှန်းသင့်ကြောင်း ကျေးဇူးပြု၍ အမြဲမှတ်သားထားပါ။

သင့်လျော်သည့် အချိန်တွင် စာသားကို ပုံဖော်ရန် စခရင်ရှော့(တ်)များ ပါဝင်ပါမည်။ အထူးသဖြင့် CENO ၏ ဖန်တီးတီထွင်မှု တိုးတက်လာသည်နှင့်အမျှ ၎င်းတို့သည် သင့်စက်ပေါ်တွင် သင်မြင်သည့်အရာနှင့် အနည်းငယ် ကွာခြားနိုင်ကြောင်း ကျေးဇူးပြု၍ သတိပြုပါ။ ဤစာရွက်စာတမ်းသည် CENO ဗာရှင်း ၁.၅.၀ အတွက် ခေတ်မီပါသည်။

သင့်အက်ပလီကေးရှင်းသည် ဤနေရာတွင် ဖော်ပြထားသည့်အရာနှင့် များစွာကွာခြားသော အသွင်အပြင်များ သို့မဟုတ် အပြုအမူအချို့ကို ပြသပါက ကျွန်ုပ်တို့ထံ cenoers@equalit.ie သို့ ဆက်သွယ်ပြီး ပြဿနာကို တိုင်ကြားရန် ဝန်မလေးပါနှင့်။

CENO ထည့်သွင်းခြင်း

CENO ဘရောက်ဇာကို အောက်ပါနည်းလမ်းများဖြင့် ထည့်သွင်းနိုင်သည် -

  • Google Play (eQualitie မှ CENO Browser) - Android သုံးစွဲသူအများစုအတွက် အကြံပြုထားသော ရင်းမြစ်ဖြစ်သည်။
  • GitHub - Google Play မပါသော Android စက်များအတွက် ဖြစ်သည်။
  • Paskoocheh - ယခင်လိုင်းများကို ဝင်ရောက်သုံးစွဲခွင့် ပိတ်ဆို့ထားသော နိုင်ငံများရှိ သုံးစွဲသူများအတွက် ဖြစ်သည်။

CENO သည် အနည်းဆုံး ARM64 သို့မဟုတ် Neon-capable ARM32 ပါဝင်တဲ့ Android 4.1 Jelly Bean စက်အမျိုးအစားကို လိုအပ်ပါသည်။ ထို့ကြောင့် ၂၀၁၂ နောက်ပိုင်းထွက်တဲ့ မိုဘိုင်းဖုန်းအမျိုးအစားတွေမှာ အလုပ်လုပ်နိုင်ပါသည်။ CENO ကို အလုပ်လုပ်ဖို့အတွက် အထူးခွင့်ပြုချက်များ မလိုအပ်ပါ

သတိပေးချက် - အထက်ပါ ရင်းမြစ်များမှလွဲ၍ အခြားရင်းမြစ်များမှ CENO ဘရောက်ဇာကို ထည့်သွင်းခြင်းနှင့် ပတ်သက်၍ အလွန် သံသယထားပါ။ အက်ပလီကေးရှင်း၏ သဘောသဘာဝကြောင့် ၎င်းတို့၏ ဖြစ်နိုင်ခြေရှိသော သုံးစွဲသူများသည် သုံးစွဲသူ၏ ကိုယ်ရေးလုံခြုံမှုကို ချိုးဖောက်ရန် သို့မဟုတ် အခြား CENO နှင့် Ouinet သုံးစွဲသူများကို တိုက်ခိုက်ရန် အသုံးပြုသော ဗားရှင်းအတု သို့မဟုတ် ချုပ်ကိုင်ထားသော ဗားရှင်းအားလုံးအတွက် ပစ်မှတ်ဖြစ်လာနိုင်သည်။ အကယ်၍ သံသယရှိပါက ကျေးဇူးပြု၍ သံသယဖြစ်ဖွယ် အက်ပ်တစ်ခုကို မထည့်သွင်းမီ cenoers@equalit.ie ကို ဆက်သွယ်ပါ။

CENO ကို လုံးဝ ရပ်တန့်ခြင်း

သင် အက်ပ်ကို စတင်သည့် အချိန်တိုင်းတွင် CENO အိုင်ကွန်သည် သင့်စက်၏ အသိပေးချက်ဘားတွင် ပေါ်လာပါမည်။ ဤအိုင်ကွန်သည် CENO ဝက်ဘ် ဘရောက်ဇာ ဝန်ဆောင်မှု ကို ကိုယ်စားပြုပြီး ၎င်းသည် (သင်ရှာဖွေမနေသည့် အချိန်တွင်ပင်) အမြဲတမ်း လုပ်ဆောင်သည့် CENO ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အခြားလက်ခံစက်များအား သင့်စက်ကို ပေါင်းကူးအဖြစ် အသုံးပြု၍ ၎င်းထံမှ အချက်အလက်ကို အချိန်မရွေး ပြန်ထုတ်ရန် ခွင့်ပြုသည်။

ထိုဝန်ဆောင်မှုကို လုပ်ဆောင်ခြင်းသည် ကွန်ရက်နှင့် ပရိုဆက်ဆာ ရင်းမြစ်များကို အသုံးပြုသည့်အတွက် သင်သည် လှုပ်ရှားသွားလာနေချိန်တွင် (ဆိုလိုသည်မှာ Wi-Fi နှင့် ချိတ်ဆက်မထားချိန် သို့မဟုတ် အားသွင်းကိရိယာနှင့် ဝေးနေချိန်တွင်) ၎င်းကို ရပ်တန့်လိုစိတ် ရှိနိုင်သည်။ အိုင်ကွန်တွင် တွဲချိတ်ထားသော အသိပေးချက်ကို နှိပ်ခြင်းဖြင့် CENO နှင့် ၎င်း၏ ဝန်ဆောင်မှုကို (သင် CENO ကို ထပ်မံဖွင့်သည့် အချိန်အထိ) ချက်ချင်း ရပ်တန့်ပါမည်။

ပုံ - CENO ဝန်ဆောင်မှုကို ရပ်တန့်ရန် အသိပေးချက်ကို နှိပ်ပါ

CENO ဒေတာအားလုံးကို ထုတ်ပယ်ခြင်း ("စိုးရိမ်မှု ခလုတ်")

အထက်ပါ CENO ဘရောက်ဇာ ဝန်ဆောင်မှု အသိပေးချက်တွင် ၎င်းတို့ကို နှိပ်ခြင်းဖြင့် လှုံ့ဆော်နိုင်သော တွဲဖက်လုပ်ဆောင်ချက် အနည်းငယ် ပါဝင်သည်။ ပင်မ လုပ်ဆောင်ချက်သည် ၎င်း၏ ပင်မ စာမျက်နှာကို ပြသသည့် အများသုံး ရှာဖွေမှု တပ်ဗ်အသစ်ဖြင့် CENO ကို ဖွင့်ပါမည်။ ဖျက်ရန် လုပ်ဆောင်ချက်ကို ပိုမိုရှင်းပြရန် လိုအပ်သည်။

မှတ်ချက် - အသိပေးချက်အောက်ရှိ လုပ်ဆောင်ချက်များကို မမြင်နိုင်ပါက အသိပေးချက်ကို ဖြန့်ရန် ၎င်း၏ ဗဟိုမှ အောက်ခြေဘက်သို့ ဆွဲပါ။

သင်သည် CENO ကို လျင်မြန်စွာ ရပ်တန့်ပြီး ၎င်းနှင့်သက်ဆိုင်သော (ယာယီ သိမ်းဆည်းထားသော အကြောင်းအရာသာမက အနှစ်သက်ဆုံးများ၊ စကားဝှက်များနှင့် ရှာဖွေမှု မှတ်တမ်း အားလုံးကိုပါ) ဒေတာအားလုံးကို လုံးဝ ရှင်းလင်းရန် လိုအပ်ပါက သင်သည် ဖျက်ရန် ကို နှိပ်နိုင်သည်။ သင့်ဒေတာ မတော်တဆ ဆုံးရှုံးခြင်းကို ရှောင်ရှားရန်အတွက် ယင်းသည် မည်သည့်အရာကိုမျှ မဖယ်ရှားသေးဘဲ အောက်ပါပုံတွင် ပြထားသည့်အတိုင်း ထပ်ဆောင်း လုပ်ဆောင်ချက်တစ်ခုကို ခဏ ပြသပါမည်-

ပုံ - နောက်ဆုံး လုပ်ဆောင်ချက်သည် CENO ကို ရပ်တန့်ပြီး ၎င်း၏ ဒေတာအားလုံးကို ရှင်းလင်းသည်

သင်သည် လုပ်မည် လုပ်ဆောင်ချက်ကို နှိပ်လျှင် CENO ကို ရပ်တန့်ပြီး ၎င်း၏ ဒေတာအားလုံးကို နောက်ထပ် မေးခွန်း မမေးဘဲ ဖယ်ရှားမည်ဖြစ်ပြီး သင့်စက်တွင် CENO ကို လုံးဝ အသုံးမပြုဖူးသကဲ့သို့ ထိရောက်စွာ ချန်ခဲ့ပါမည်။

သင်သည် လုပ်ဆောင်ချက်ကို မနှိပ်ပါက ၎င်းသည် စက္ကန့်အနည်းငယ်အကြာတွင် ပျောက်သွားပါမည်။

မှတ်ချက် - အထက်ပါနည်းလမ်းအတွက် သင့်စက်တွင် CENO ကို လုပ်ဆောင်ထားရန် လိုအပ်သည်။ CENO ကို ရပ်ထားချိန်တွင် တူညီသော အကျိုးသက်ရောက်မှု ရရှိရန် သင်သည် Android ၏ ယေဘုယျ ဆက်တင်များ စာမျက်နှာကို အသုံးပြုနိုင်ပြီး အက်ပ်များ အကြောင်းအရာအောက်တွင် CENO ကို ရွေးချယ်ပြီးနောက် ဒေတာရှင်းမည် ကို ရွေးချယ်ပါ။

ပိုမိုခက်ခဲသော ရွေးချယ်စရာအနေနှင့် သင်သည် အက်ပ်ကို လုံးဝ ဖျက်နိုင်သည်။

သတိပေးချက် - Android သည် ၎င်း၏ ဒေတာအပြင် အက်ပ်တစ်ခုကို အသုံးပြုထားကြောင်း အခြားသဲလွန်စများကို ဥပမာအားဖြင့် ၎င်း၏ စနစ်မှတ်တမ်းတွင် ဆက်လက်သိမ်းဆည်းထားနိုင်သည်။

အများသုံး သို့မဟုတ် သီးသန့် ရှာဖွေမှုကို အသုံးပြုခြင်း

ပြီးခဲ့သောအပိုင်းတွင် ဖော်ပြခဲ့သည့်အတိုင်းပင် သင်ရှာဖွေသော အကြောင်းအရာကို အများနှင့် မျှဝေလိုခြင်း (အများသုံး ရှာဖွေမှု) သို့မဟုတ် မမျှဝေလိုခြင်း (သီးသန့် ရှာဖွေမှု) အပေါ် မူတည်၍ CENO တွင် ကွဲပြားသော လုပ်ဆောင်ချက်စနစ် နှစ်ခု ရှိသည်။

ဤဆက်တင်သည် ဘရောက်ဇာထဲတွင် သင်ဖွင့်သော တပ်ဗ်တစ်ခုစီနှင့် သက်ဆိုင်သည်။ ဆိုလိုသည်မှာ သင့်တွင် အများသုံး ရှာဖွေမှုတပ်ဗ်များနှင့် သီးသန့်ရှာဖွေမှု တပ်ဗ်များ ရှိနိုင်သည်။ CENO ကို စတင်ချိန် သို့မဟုတ် (အက်ပ်၏ အဓိက မီနူးရှိ တပ်ဗ်အသစ် ကို အသုံးပြု၍) တပ်ဗ်အသစ်တစ်ခု ဖွင့်ချိန်တိုင်းတွင် ၎င်း၏ ပုံသေမှာ အများသုံး ရှာဖွေမှုကို အသုံးပြုရန် ဖြစ်သည်။ သီးသန့်ရှာဖွေမှု စနစ်ရှိ တပ်ဗ်အသစ်ကို ဖွင့်ရန် အဓိက မီနူးရှိ သီးသန့် တပ်ဗ်အသစ် ကိုသာ ရွေးချယ်လိုက်ပါ။

အများသုံး တပ်ဗ်များတွင် အရောင်ပိုဖျော့သော (သို့မဟုတ် အဖြူရောင်) တူးလ်ဘား ရှိသောကြောင့် သင်သည် အများသုံး တပ်ဗ်များကို သီးသန့်တပ်ဗ်များမှ ခွဲခြားနိုင်သည် -

ပုံ - အများသုံး ရှာဖွေမှု တပ်ဗ်

ဆန့်ကျင်ဘက်အနေဖြင့် သီးသန့် တပ်ဗ်များတွင် အရောင်ပိုရင့်သော တူးလ်ဘား ရှိသည် -

ပုံ - သီးသန့် ရှာဖွေမှု တပ်ဗ်

တပ်ဗ်တစ်ခုတွင် စာမျက်နှာတစ်ခုကို တင်ပြီးသည်နှင့် လိပ်စာဘားရှိ အရောင်ခြယ်ထားသော CENO အိုင်ကွန်က ကွဲပြားသည့် အကြောင်းအရာအစိတ်အပိုင်းများအား မည်သို့ပြန်ထုတ်ခဲ့ပုံကို သင်သိရှိနိုင်ရန် ကူညီပါမည်။ ကျွန်ုပ်တို့သည် ဤအိုင်ကွန်အကြောင်း နောက်ပိုင်းတွင် ဖော်ပြပါမည်။

CENO ဆက်တင်များ

CENO ဘရောက်ဇာသည် သင့်အား Ouinet သီးသန့် ဆက်တင်အချို့ကို ပြောင်းလဲပြီး ရိုးရှင်းသော နည်းလမ်းဖြင့် သင့်လက်ခံစက်အကြောင်း အချက်အလက် ရယူခွင့်ပြုသည်။ ယင်းကို ပုံမှန်လည်ပတ်မှုအတွက် မလိုအပ်နိုင်သော်လည်း ကွန်ရက် ကြားဝင် နှောင့်ယှက်မှုကို တိုက်ဖျက်ရန် မတူညီသော မဟာဗျူဟာများကို စမ်းသပ်ရာတွင် ကူညီရန်နှင့် အက်ပ်နှင့် သက်ဆိုင်သော ပြဿနာများကို အစီရင်ခံရန် အသုံးဝင်နိုင်သည်။

နည်းပညာဆိုင်ရာ မှတ်ချက် - ဤရွေးချယ်စရာများကို CENO အဆက် က ပံ့ပိုးသည်။ ၎င်းသည်

ဤလုပ်ဆောင်ချက်များကို အက်ပ်၏ အဓိက မီနူးရှိ CENO ကို ရွေးချယ်ခြင်းဖြင့် ဝင်ရောက်သုံးစွဲနိုင်သော စာမျက်နှာတွင် ရရှိနိုင်သည်။ အက်ပ် စတင်ချိန်တွင် မီနူးအကြောင်းအရာ ပေါ်လာရန် စက္ကန့်အနည်းငယ် ကြာနိုင်ကြောင်း ကျေးဇူးပြု၍ သတိပြုပါ။ စာမျက်နှာကို ဤသို့ တွေ့ရနိုင်သည် -

ပုံ - CENO ဆက်တင် စာမျက်နှာ

ဝင်ရောက်သုံးစွဲမှု စက်ကိရိယာကို ရွေးချယ်ခြင်း

စာမျက်နှာထိပ်ဘက်ရှိ အမှန်ခြစ်ရန် အကွက် လေးခုသည် အများသုံး သို့မဟုတ် သီးသန့် ရှာဖွေခြင်း တပ်ဗ်များမှ တစ်ခုခုကို အသုံးပြုနေစဉ် အကြောင်းအရာကို ပြန်ထုတ်ရန် Ouinet လက်ခံစက်အနေနှင့် CENO က အသုံးပြုသော ကွဲပြားသည့် စက်ကိရိယာ သို့မဟုတ် ရင်းမြစ်များ ကို ရွေးချယ်၍ ဖွင့်သည် သို့မဟုတ် ပိတ်သည်။ ပုံသေအားဖြင့် အကွက်အားလုံးကို ဖွင့်ထားသည်။

  • ဝက်ဘ်ဆိုက်မှ တိုက်ရိုက် (သို့မဟုတ် မူလ ဝင်ရောက်သုံးစွဲမှု) သည် အောက်တွင် ဖွင့်ထားသော အခြားစက်ကိရိယာများကို မကြိုးစားခင် CENO အား မူလဆာဗာထံ တိုက်ရိုက်ရောက်အောင် ကြိုးစားခွင့်ပြုသည်။ဤစက်ကိရိယာသည် သီးသန့်နှင့် အများသုံး ရှာဖွေခြင်းမုဒ် နှစ်ခုလုံးအတွက် အလုပ်လုပ်သည့်တိုင်အောင် ထိုသို့ ပြန်ထုတ်ထားသော အကြောင်းအရာကို အခြားသူများနှင့် မမျှဝေနိုင်ပါ။

ဝက်ဘ်အကြောင်းအရာအများစုကို ရယူရန် ပြောပလောက်အောင် မနှေးပါက သို့မဟုတ် ဈေးမကြီးပါက ဤစက်ကိရိယာသည် ကိစ္စရပ် အများစုအတွက် လုံလောက်နိုင်သည်။ သို့သော် ထိုတိုက်ရိုက် ချိတ်ဆက်မှုများကို သင်၏ ISP သို့မဟုတ် အစိုးရက ခြေရာခံနိုင်သည်။ ဤရွေးချယ်စရာကို ပိတ်ခြင်းက ထိုချိတ်ဆက်မှုများနှင့် မပြောပလောက်သော ခြေရာခံခြင်းကို အတိုင်းအတာတစ်ခုအထိ ရှောင်ရှားနိုင်သည်။ (သို့သော် အပြည့်အဝ မဟုတ်ပါ၊ စွန့်စားမှုများ ကို ကြည့်ပါ)။

ထို့ပြင် (ပိုမိုလုံခြုံသော HTTPS အစား) မလုံခြုံသည့် HTTP သုံး၍ ဝဘ်ဆိုက်ကို သုံးရာတွင် ဆင်ဆာဖြတ်သူသည် ဆက်သွယ်မှုကို ကြားဖြတ်ပြီး အတုအယောင်ဆိုက်တစ်ခုဖြင့် သုံးစွဲသူကို ပံ့ပိုးနိုင်သည်။ ယင်းကို CENO ကိုယ်တိုင် မတွေ့ရှိနိုင်ပါ။ ထို့ကြောင့် ဤရွေးချယ်စရာကို ပိတ်ထားပြီး အန္တရာယ်ကင်းသော အခြား CENO ယန္တရားကို အမြဲအသုံးပြုလျှင် အဆင်ပြေနိုင်ပါသည်။ ယခုပြဿနာနှင့် ပတ်သက်ပြီး ပိုမိုလေ့လာလိုပါက ပြဿနာဖြေရှင်းခြင်း အပိုင်းတွင် ကျေးဇူးပြုပြီး ကြည့်ရှုပါ။

  • CENO ကွန်ရက် (သီးသန့်) မှတစ်ဆင့် (သို့မဟုတ် ပရောက်စီ ဝင်ရောက်သုံးစွဲခွင့်) သည် မူလ ဆာဗာများသို့ ရောက်ရှိရန် CENO အား ထိုးသွင်းဖိုင်များကို ပုံမှန် HTTP ပရောက်စီ ဆာဗာများအဖြစ် အသုံးပြုခွင့်ပေးသည်။ဤစက်ကိရိယာသည် သီးသန့် ရှာဖွေမှုမုဒ်တွင်သာ အလုပ်လုပ်သည်။

HTTPS သုံး၍ အကြောင်းအရာကို ဝင်ရောက်သုံးစွဲချိန်တွင် မူလ ဆာဗာများသည်သာ အသွားအလာကို ကုဒ်ဖြေနိုင်ပါမည်။ ရိုးရိုး HTTP ကို အသုံးပြုချိန်တွင် ထိုးသွင်းဖိုင်သည်လည်း ကုဒ်ဖြေထားသော အသွားအလာကို မြင်နိုင်ပါမည် (သို့သော် ၎င်းသည် ၎င်း၏ အကြောင်းအရာကို လက်မှတ်ထိုး သို့မဟုတ် အခြားသူများနှင့် မျှဝေနိုင်ဦးမည် မဟုတ်သေးပါ)။ ပေါင်းကူးများကဲ့သို့ အခြားပါဝင်ဆောင်ရွက်သူများသည် ကုဒ်ဖြေထားသော အသွားအလာကို လုံးဝမြင်ရမည် မဟုတ်ပါ။

  • CENO ကွန်ရက် (အများသုံး) မှတစ်ဆင့် (သို့မဟုတ် ထိုးသွင်းဖိုင် ဝင်ရောက်သုံးစွဲခွင့်) သည် CENO အား တောင်းဆိုမှုများမှ မည်သည့် သီးသန့် အချက်အလက်ကိုမဆို ထုတ်ယူပြီး ၎င်းတို့ကို ထိုးသွင်းဖိုင်တစ်ခုဆီသို့ ပေးပို့ခွင့် ပြုသည်။ ထိုးသွင်းဖိုင်သည် မူလ ဆာဗာထံမှ အကြောင်းအရာကို ရယူ၍ လက်မှတ်ထိုးပြီး CENO ထံ ပြန်လည် ပေးပို့မည် ဖြစ်ကာ ၎င်းက ထိုအကြောင်းအရာကို စတင် တင်ပို့ပါမည်။ပေါင်းကူးများကဲ့သို့ အခြားပါဝင်ဆောင်ရွက်သူများသည် ကုဒ်ဖြေထားသော အသွားအလာကို မြင်ရမည် မဟုတ်ပါ။

ဤစက်ကိရိယာသည် သီးသန့် ရှာဖွေမှုမုဒ်တွင်သာ အလုပ်လုပ်သည်။

  • အခြား CENO သုံးစွဲသူများက မျှဝေထားသည် သည် CENO အား အကြောင်းအရာကို ဖြန့်ချိထားသော ယာယီ သိမ်းဆည်းထားသည့် မှတ်ဉာဏ် မှ ပြန်ထုတ်ရန် ကြိုးစားခွင့်ပြုသည်။ ဆိုလိုသည်မှာ ၎င်းကို တင်ပို့သော အခြား CENO နှင့် Ouinet လက်ခံစက်များထံမှ ဖြစ်သည်။ဤစက်ကိရိယာသည် သီးသန့် ရှာဖွေမှုမုဒ်တွင်သာ အလုပ်လုပ်သည်။

အများသုံး သို့မဟုတ် သီးသန့် ရှာဖွေမှုမုဒ်အတွက် ရရှိနိုင်သော စက်ကိရိယာအားလုံးကို ပိတ်ခြင်းသည် ၎င်းတို့ကို အသုံးမဝင် ဖြစ်စေလိမ့်မည်။ သင်သည် ထိုစီစဉ်သတ်မှတ်မှုကို တည်ဆောက်ပါက အောက်တွင် ဖော်ပြထားသည့်အတိုင်း သတိပေးချက်ကို ပြသပါမည်။

ပုံ - သီးသန့် ရှာဖွေမှုအတွက် မမှန်ကန်သော ဆက်တင်များ

သတိပေးချက်- အက်ပ်ကို ပြန်လည်စတင်ပြီးနောက် CENO သည် ဤဆက်တင်များကို မမှတ်မိနိုင်သေးကြောင်း ကျေးဇူးပြု၍ သတိပြုပါ။ သင်သည် CENO ကို အသုံးပြုနေစဉ် ယခင် စက်ကိရိယာအချို့ကို ပိတ်ထားရန် လိုအပ်ပါက သင် အက်ပ်ကို စတင်သည့်အချိန်တိုင်း ဆက်တင်များ စာမျက်နှာကို ဖွင့်ရန်နှင့် မရှာဖွေမီ ၎င်းတို့၏ အကွက်များကို အမှန်ခြစ်ဖြုတ်ရန် ကျေးဇူးပြု၍ သတိရပါ။ အဆင်မပြေမှုအတွက် တောင်းပန်ပါသည်။

သင်၏ အက်ပ်အကြောင်း

ဤစာမျက်နှာသည် သင့် CENO ဘရောက်ဇာ အက်ပ်နှင့် Ouinet လက်ခံစက်အကြောင်း အချက်အလက်အချို့ကိုလည်း သင့်အား ပေးသည် -

  • စက်တွင်း ယာယီသိမ်းဆည်းထားသော မှတ်ဉာဏ် အရွယ်အစား သည် သင့်စက်၏ စက်တွင်း ယာယီသိမ်းဆည်းထားသော မှတ်ဉာဏ်မှ တင်ပို့နေသော အကြောင်းအရာက သိုလှောင်မှုမည်မျှကို နေရာယူကြောင်း မှန်းခြေကို ပြသသည်။
  • သင်မျှဝေထားသောအကြောင်းအရာ သည် သင့်စက်မှ ကြေငြာထားသော အကြောင်းအရာများကို စစ်ဆေးခွင့်ပြုသည်။
  • Ouinet သုံးစွဲသူ အခြေအနေ အကယ်၍ startedကို ပြသပါက သင့် Ouinet သည် အောင်မြင်စွာ အလုပ်လုပ်နိုင်သည် ဟု အဓိပ္ပါယ်ရပါသည်။ သို့မဟုတ်လျှင် ချိတ်ဆက်မှုပြဿနာတစ်ခုခု သို့မဟုတ် စက်တွင်းပြဿနာတစ်ခုခု ဖြစ်နေနိုင်ပါသည်။ ကျေးဇူးပြုပြီး ဤအချက်အလက်အား ပြန်လည်တင်ပြမှုအနေနဲ့ ထည့်သွင်းပေးပါ။
  • ရောက်ရှိနိုင်မှု အခြေအနေ သည် သင့်စက်က အခြားလက်ခံစက်များထံ အကြောင်းအရာကို ထိရောက်စွာ တင်ပို့ရန် မည်မျှဖြစ်နိုင်ခြေရှိကြောင်း ညွှန်ပြသည်။ အစီရင်ခံစာများတွင်လည်း ထည့်ပါ။
  • UPnP အခြေအနေ သည် CENO က သင့်ရောက်တာ သို့မဟုတ် ဝင်ရောက်သုံးစွဲမှု ပွိုင့်အား ၎င်းထံလာသည့် အဝင်ချိတ်ဆက်မှုများကို ခွင့်ပြုရန် ပြောနိုင်ခဲ့ခြင်း ရှိ၊ မရှိကို ညွှန်ပြသည်။ အစီရင်ခံစာများတွင်လည်း ထည့်ပါ။
  • စက်တွင်း UDP အဆုံးမှတ်များ သည် CENO က အခြားလက်ခံစက်များထံ လက်မှတ်ထိုးထားသော အကြောင်းအရာကို တင်ပို့ရန် အသုံးပြုသော သင့်စက်ပစ္စည်း၏အင်တာနက် လိပ်စာများ ဖြစ်သည်။ အက်ပ်ကို ကူညီစမ်းသပ်ရန်နှင့် ချို့ယွင်းချက် ပြုပြင်ရန်အတွက် ၎င်းတို့ကို ပြသထားပြီး ယေဘုယျအားဖြင့် မထုတ်ဖော်သင့်ပါ။
  • ပြင်ပ UDP အဆုံးမှတ်များ သည် သင့်router က CENO၏အသွားအလာတွင် ပြသပေးသော အင်တာနက် လိပ်စာများဖြစ်ကြသည်။ UPnP ကို ဖွင့်ထားသော router များတွင်သာ ရရှိနိုင်ပြီး အက်ပ်ကို ကူညီစမ်းသပ်ရန်နှင့် ချို့ယွင်းချက် ပြုပြင်ရန်အတွက် ၎င်းတို့သည် အသုံးဝင်ပြီး ယေဘုယျအားဖြင့် မထုတ်ဖော်သင့်ပါ။
  • ပြင်ပ UDP ဆုံမှတ်များ သည် အင်တာနက် လိပ်စာများ ဖြစ်ကြသည်၊ ၎င်းတို့ကို သင့်ကွန်ရက်ပြင်ပမှ Ouinet သုံးစွဲသူများမှ သင့်စက်ပစ္စည်းနှင့် ဆက်သွယ်ချိတ်ဆက်လာသောအခါ ထို လိပ်စာကို မြင်နိုင်ပါတယ်။ ဆန်းစစ်ရှာဖွေရာတွင်လည်း သုံးပြီး ထုတ်ဖော်မပြောသင့်ပါ။
  • CENO ဘရောက်ဇာ သည် သင်အသုံးပြုနေသော CENO ဗားရှင်း အတိအကျကို ညွှန်ပြသည်။ ပြန်လည်တင်ပြမှုတွင်လည်း ထည့်သွင်းပေးပါ။
  • CENO အဆက် သည် Firefox ကို CENO နှင့် ပေါင်းစည်းပေးသော အဆက်၏ ဗားရှင်းကို ပြသသည်။ အစီရင်ခံစာများတွင်လည်း ထည့်ပါ။
  • Ouinet သည် CENO ကို ထောက်ခံသော Ouinet ၏ ဗားရှင်းကို ပြသသည်။ အစီရင်ခံစာများတွင်လည်း ထည့်ပါ။
  • Ouinet ပရိုတိုကော သည် CENO က အခြား Ouinet လက်ခံစက်များနှင့် ထိုးသွင်းဖိုင်များနှင့် ဆက်သွယ်ရန် အသုံးပြုသော ပရိုတိုကော၏ ဗားရှင်းနံပါတ် ဖြစ်သည်။ အစီရင်ခံစာများတွင်လည်း ထည့်ပါ။

စက်တွင်း ယာယီသိမ်းဆည်းထားသော မှတ်ဉာဏ်ကို ထုတ်ပယ်ခြင်း

အထက်ပါ စက်တွင်း ယာယီသိမ်းဆည်းထားသော မှတ်ဉာဏ် အရွယ်အစား တန်ဖိုး၏ ဘေးတွင် သင့်စက်က Ouinet သုံး၍ မျှဝေထားသော အကြောင်းအရာအားလုံးကို တင်ပို့ခြင်း ရပ်ပြီး လွှတ်ချရန် ခွင့်ပြုသော ခလုတ်တစ်ခု ရှိသည်။ ယင်းသည် အနှစ်သက်ဆုံးများကဲ့သို့ အခြား CENO ဆက်တင်များကို ထိန်းသိမ်းထားစဉ် သင့်အား သင့်စက်၏ သိုလှောင်ခန်းနေရာ အချို့ကို ရှင်းလင်းခွင့်ပြုသည်။

သင်သည် CENO ၏ ပုံမှန် ရှာဖွေခြင်းဆိုင်ရာ ယာယီသိမ်းဆည်းထားသော မှတ်ဉာဏ် (ဘရောက်ဇာက အသုံးပြုသော်လည်း အများနှင့် မမျှဝေထားသော မှတ်ဉာဏ်) သို့မဟုတ် ကွတ်ကီးများ၊ ရှာဖွေမှုမှတ်တမ်း သို့မဟုတ် အနှစ်သက်ဆုံးများကဲ့သို့ အခြားအရာဝတ္ထုများကို ရှင်းလင်းလိုပါက သင်သည် အက်ပ်၏ အဓိက မီနူးရှိ ဆက်တင်များ ကို ရွေးချယ်ပြီးနောက် သီးသန့်ဒေတာကို ရှင်းလင်းရန် ကို ရွေးချယ်သင့်သည်။ မည်သည့် အရာဝတ္ထုများကို သင်ရှင်းလင်းလိုကြောင်း သင့်အား မေးပါမည်။

(အထူးသဖြင့် သင် အလျင်လိုနေပါက) အရာအားလုံးကို တစ်ချိန်တည်းတွင် လွှတ်ချရန် ကျေးဇူးပြု၍ CENO ထည့်သွင်းခြင်း တွင် ဖော်ပြထားသော "စိုးရိမ်မှုခလုတ်" လုပ်ဆောင်ချက်ကို အသုံးပြုပုံ လေ့လာပါ။

စာရင်း မက်ဆေ့ချ်များကို စုဆောင်းခြင်း

စာမျက်နှာ၏ အောက်ခြေတွင် သင့်အား Ouinet ၏ စက်တွင်း မက်ဆေ့ချ်အားလုံးကို စုဆောင်းပြီး ၎င်းတို့ကို ဖိုင်တစ်ခုထဲသို့ ဒေါင်းလုဒ်လုပ်ခွင့်ပြုသည့် စာရင်းဖိုင် ဖွင့်မည် အကွက်တစ်ခု ရှိသည်။ ယင်းကို CENO တွင် ပြဿနာတစ်ခုခုကို အမျိုးအမည်သတ်မှတ်သည့် အချိန်တွင်သာ အသုံးပြုသင့်သည်။ အောက်ပါ အဆင့်များကိုသာ လိုက်နာပါ-

  1. CENO ဆက်တင်များ စာမျက်နှာတွင် စာရင်းဖိုင် ဖွင့်မည် ကို အမှန်ခြစ်ပါ။
  2. ရှာဖွေမှုသို့ ပြန်သွားပြီး ပြဿနာဖြစ်စေသော အပြုအမူကို လှုံ့ဆော်သည့် မည်သည့် လုပ်ဆောင်ချက်များကိုမဆို ပြုလုပ်ပါ။
  3. CENO ဆက်တင်များ စာမျက်နှာသို့ ပြန်သွားပြီး စာရင်းဖိုင်ဖွင့်မည် အကွက်ဘေးရှိ ဒေါင်းလုဒ်လုပ်ရန် လင့်ကို နှိပ်ပါ။ နောက်ပိုင်းတွင် အသုံးပြုရန်အတွက် ဖိုင်ကို သိမ်းဆည်းပါ။ ဤနေရာတွင် Android သည် သိုလှောင်ထားသော မီဒီယာသို့ CENO အား ဝင်ရောက်သုံးစွဲခွင့် ပြု၊ မပြုကိုသင့်အား မေးနိုင်သည်- ဖိုင်ကို သိမ်းဆည်းနိုင်ရန် ၎င်းကို လိုအပ်ပါသည်။
  4. စာရင်းများ အလွန်အကျွံ ကြီးမားလာခြင်းကို ရှောင်ရှားရန် စာရင်းဖိုင်ကို ဖွင့်မည် ကို အမှန်ခြစ်ဖြုတ်ပါ။

ယခု သင်သည် ပြဿနာ အစီရင်ခံစာတစ်ခုကို မှတ်တမ်းတင်ရန် သိမ်းဆည်းထားသော စာရင်းဖိုင်ကို အသုံးပြုနိုင်သော်လည်း ၎င်းတွင် သင်၏ ရှာဖွေမှုအကြောင်း ထိလွယ်ရှလွယ်သော အချက်အလက် ပါဝင်နိုင်သောကြောင့် ၎င်းကို အများသိအောင် ပြုလုပ်ခြင်းကို ကြိုးစားရှောင်ရှားပါ။

ဘရောက်ဇာ စမ်းသပ်ခြင်း

ယခု သင်သည် CENO ကို မည်သို့ ထည့်သွင်း ပြီး စီစဉ်သတ်မှတ် ရမည်ကို သိပြီဖြစ်သောကြောင့် ကွဲပြားသော Ouinet သီးသန့် လုပ်ဆောင်ချက်များ အလုပ်လုပ်၊ မလုပ် စမ်းသပ်ရန် အဆင့်အချို့ကို လုပ်ဆောင်ကြည့်ရအောင်။ ယင်းတွင် ကွဲပြားသော ဝင်ရောက်သုံးစွဲခွင့် စက်ကိရိယာများကို ရွေးချယ်၍ ဖွင့်ခြင်းနှင့် ပိတ်ခြင်း ပါဝင်ပါမည်။ သို့သော် CENO ကို နေ့စဉ် အသုံးပြုရာတွင် သင်သည် ပုံသေ ဆက်တင်များကို ပြောင်းလဲရန် တခါတရံမှသာ လိုအပ်မည် ဖြစ်ကြောင်း သိမှတ်ထားပါ။

အောက်ပါ စမ်းသပ်မှုအားလုံးကို ပြီးမြောက်ရန် သင်သည် Wi-Fi ကွန်ရက် တစ်ခုတည်းသို့ ချိတ်ဆက်ထားသော စက် အနည်းဆုံး နှစ်လုံး လိုအပ်မည်ဖြစ်ပြီး တတိယစက်ကို လုံးဝ ကွဲပြားသော ကွန်ရက်သို့ ချိတ်ဆက်ထားရမည်။

စမ်းသပ်မှုအားလုံးကို အများသုံး ရှာဖွေမှု အသုံးပြု၍ လုပ်ဆောင်ပါမည်။ တစ်စုံတစ်ရာ မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာပါက ကျေးဇူးပြု၍ စိတ်ရှည်ပြီး ပြဿနာဖြေရှင်းခြင်း ရှိ အပိုင်းကို စစ်ဆေးပါ။ တိတိကျကျ ဆိုရလျှင် စာမျက်နှာ တင်နေစဉ် ဘရောက်ဇာသည် နှစ်မိနစ်ထက်ပို၍ ကပ်နေလျှင် သင်သည် ရပ်တန့်ရန် နှိပ်ပြီး ၎င်းကို ပြန်တင်နိုင်ပါသည် (သို့သော် ယင်းသည် ရလဒ်များကို အနည်းငယ် ပြောင်းလဲနိုင်သည်)။

ထိုးသွင်းဖိုင် ဝင်ရောက်သုံးစွဲခြင်း

ပထမဦးစွာ သင့် CENO ဘရောက်ဇာသည် ထိုးသွင်းဖိုင်ကို ရောက်နိုင်ခြင်း ရှိ၊ မရှိ စစ်ဆေးကြည့်ရအောင်။ ယင်းသည် မပြောပလောက်ဟု ထင်ရသော်လည်း သင့်လက်ခံစက်သည် လုပ်ငန်းစဉ်တွင် Ouinet လုပ်ဆောင်ချက် အနည်းငယ်ကို ကျင့်သုံးပြီး ဖြစ်နေပါမည် - ထိုးသွင်းဖိုင် အုပ်စုတွင် ထိုးသွင်းဖိုင် လိပ်စာကို ရှာကြည့်ခြင်း၊ ၎င်းကို တိုက်ရိုက် ဆက်သွယ်ရန် ကြိုးစားခြင်းနှင့် ၎င်းကို သင်၏ ဝင်ရောက် သုံးစွဲခွင့်ပေးသူ သို့မဟုတ် နိုင်ငံက ပိတ်ဆို့ထားပါက ပေါင်းကူး အုပ်စုတွင် ရှာကြည့်ပြီး ထိုးသွင်းဖိုင်ကို အခြား Ouinet လက်ခံစက် တစ်ခုခုမှတစ်ဆင့် ဆက်သွယ်ရန် ကြိုးစားခြင်း။

ပထမစက်တွင် အောက်ပါ အဆင့်များကို လုပ်ဆောင်ပါ -

  1. ပထမဆုံးအနေဖြင့် CENO ကို ထည့်သွင်းပါ၊ စတင်ပါ၊ ၎င်း၏ ပင်မစာမျက်နှာ ပေါ်လာပါလိမ့်မယ်။
  2. CENO ဆက်တင်များ စာမျက်နှာကို ဖွင့်ရန် အက်ပ်၏ အဓိက မီနူးကို ဖွင့်ပြီး CENO ကို ရွေးချယ်ပါ။ ကျွန်ုပ်တို့သည် ထိုးသွင်းဖိုင် ဝင်ရောက်သုံးစွဲခွင့်ကိုသာ စမ်းသပ်လိုသောကြောင့် ဝင်ရောက်သုံးစွဲခွင့် စက်ကိရိယာများအတွက် CENO ကွန်ရက်မှတစ်ဆင့် (အများသုံး) မှလွဲ၍ အကွက်အားလုံးကို အမှန်ခြစ်ဖြုတ်ပါ။
  3. CENO ၏ ပင်မ စာမျက်နှာသို့ ပြန်သွားပါ။ အကြံပြုထားသော ဝက်ဘ်ဆိုက်များမှ တစ်ခုကို ရွေးချယ်ပါ သို့မဟုတ် ဝင်းဒိုး၏ ထိပ်ဘက်ရှိ လိပ်စာဘားတွင် အခြားဆိုက်တစ်ခုခု၏ URL ကို ရိုက်ထည့်ပါ။ သင့်အတွက် ပိတ်ဆို့ထားလေ့ရှိသော ဆိုက်တစ်ခုအကြောင်း သိပါက ရှေ့ဆက်ပြီး ၎င်းကို ရိုက်ထည့်ပါ။
  4. ရွေးချယ်ထားသော ဆိုက်သည် နောက်ဆုံးတွင် ပေါ်လာပါမည်။

မှတ်ချက် အကယ်၍သင်သည် စိတ်ချရသော တရားဝင် စာမျက်နှာတစ်ခုအစား စာမျက်နှာအတုတစ်ခုကို ရောက်ရှိသွားသောအခါ ဆိုက်၏ URLအစတွင် https://ကို (http://အစား) လိပ်စာဘားတွင် ရိုက်ထည့်ပြီး ပြန်စမ်းကြည့်ပါ။

ဆိုက် အမှန်တကယ် တင်ပါက သင့်စက်သည် ထိုးသွင်းဖိုင်ကို ရောက်ရှိနိုင်သဖြင့် သင် ဝမ်းသာနိုင်ပါပြီ။ သင်သည် အုပ်စုများကို မေးမြန်းပြီး အခြားလက်ခံစက်များကို ဆက်သွယ်နိုင်သောကြောင့် သင်သည် ဖြန့်ချိထားသော ယာယီ သိမ်းဆည်းထားသည့် မှတ်ဉာဏ်မှ အကြောင်းအရာကို ပြန်ထုတ်နိုင်ရန်လည်း ဖြစ်နိုင်ခြေရှိသည်။

စကားမစပ် သင်သည် လိပ်စာဘားရှိ CENO အိုင်ကွန်ကို နှိပ်ပါက ၎င်းသည် အောက်ပါ သတိပေးချက်ကဲ့သို့ သတိပေးချက်တစ်ခုကို ပွင့်စေပြီး ကွဲပြားသော ဝင်ရောက်သုံးစွဲခွင့်ဆိုင်ရာ စက်ကိရိယာများမှ တစ်ခုစီကို အသုံးပြု၍ ဆိုက်မှ အကြောင်းအရာ မည်မျှကို ပြန်ထုတ်ခဲ့ကြောင်း ပြသပါမည်။ အခြားစက်ကိရိယာများကို ပိတ်ထားသောကြောင့် CENO ကွန်ရက်မှတစ်ဆင့် (အများသုံး) တွင်သာ သုညမဟုတ်သော တန်ဖိုး ရှိသင့်သည်။

ပုံ - ထိုးသွင်းမှုကို စမ်းသပ်စဉ် အသုံးပြုသော စက်ကိရိယာများ

ဆန့်ကျင်ဘက်အနေဖြင့် သင်သည် ပုံသေ ဆက်တင်များဖြင့် သီးသန့် ရှာဖွေမှုကို အသုံးပြုခဲ့ပါက သင်သည် အောက်ပါ သတိပေးချက်ကဲ့သို့ သတိပေးချက်တစ်ခုကို မြင်ခဲ့နိုင်ပြီး ဝက်ဘ်ဆိုက်မှ တိုက်ရိုက် သို့မဟုတ် CENO ကွန်ရက်မှတစ်ဆင့် (သီးသန့်) တွင် သုည မဟုတ်သော အရေအတွက်များ ရှိပါသည်။

ပုံ- သီးသန့် ရှာဖွေမှု အသုံးပြုထားသော ရင်းမြစ်များ

နီးကပ်သော သုံးစွဲသူများထံမှ အကြောင်းအရာ ရယူခြင်း

သင်၏ ပထမစက်က ထိုးသွင်းဖိုင်တစ်ခုထံမှ အကြောင်းအရာအချို့ကို ရယူနိုင်ခဲ့သည့်အတွက် ဖြန့်ချိထားသော ယာယီသိမ်းဆည်းထားသည့် မှတ်ဉာဏ် သုံး၍ ၎င်းကို သင့်စက်က အခြားစက်နှင့် မျှဝေနိုင်ခြင်း ရှိ၊ မရှိ စမ်းသပ်ကြည့်ရအောင်။ အရိုးရှင်းဆုံး နည်းလမ်းမှာ CENO ၏ စက်အချင်းချင်း ပံ့ပိုးမှုကို အသုံးပြု၍ လက်မှတ်ထိုးထားသော အကြောင်းအရာကို ရယူပြီး မှန်ကန်ကြောင်း စစ်ဆေးခြင်း အလုပ်လုပ်၊ မလုပ် စစ်ဆေးရန် ဖြစ်သည်။

အထက်ပါ စမ်းသပ်မှုကို ပထမစက်တွင် ပြီးစီးပြီးနောက် CENO ကို ၎င်းတွင် လုပ်ဆောင်ထားပါ (သတိပေးအချက်ပြမှုဘားတွင် CENO အိုင်ကွန် ပေါ်နေရပါမည်)။ ထို့နောက် ဒုတိယစက်ကို ယူပြီး (သင်သည် စမ်းသပ်မှု ပြုလုပ်ရန် သူငယ်ချင်းတစ်ယောက်ကို ဖိတ်နိုင်သည်) ၎င်းကို တူညီသော Wi-Fi ကွန်ရက်သို့ ချိတ်ဆက်ပါ။ ထို့နောက် ထိုစက်တွင် အောက်ပါအဆင့်များကို လုပ်ဆောင်ပါ -

  1. လိုအပ်ပါက CENO ကို ထည့်သွင်းပါ၊ ၎င်းကို စတင်ပြီး အထက်ပါအတိုင်း CENO ၏ ပင်မ စာမျက်နှာသို့ ဆက်သွားပါ။
  2. CENO ဆက်တင်များ စာမျက်နှာကို အထက်ပါအတိုင်း ဖွင့်ပါ။ ကျွန်ုပ်တို့သည် ဖြန့်ချိထားသော ယာယီသိမ်းဆည်းထားသည့် မှတ်ဉာဏ် ဝင်ရောက်သုံးစွဲခွင့်ကိုသာ စမ်းသပ်လိုသောကြောင့် အခြား CENO သုံးစွဲသူများက မျှဝေထားသည် မှလွဲ၍ ဝင်ရောက်သုံးစွဲခွင့် စက်ကိရိယာများအတွက် အကွက်အားလုံးကို အမှန်ခြစ်ဖြုတ်ပါ။
  3. CENO ၏ ပင်မ စာမျက်နှာသို့ ပြန်သွားပြီး သင် အထက်တွင် ပြုလုပ်ခဲ့သည့်အတိုင်း တူညီသော အပြုအမူဖြင့် တူညီသော ဆိုက်သို့ ဝင်ကြည့်ပါ (ဆိုလိုသည်မှာ အကြံပြုထားသော ဝက်ဘ်ဆိုက်များမှတစ်ခုကို ရွေးချယ်ခြင်းဖြင့် ဖြစ်စေ၊ လိပ်စာဘားတွင် ၎င်း၏ URL ကို ရိုက်ထည့်ခြင်းဖြင့် ဖြစ်စေ)။
  4. ရွေးချယ်ထားသော ဆိုက်သည် နောက်ဆုံးတွင် ပေါ်လာပါမည်။

အကယ်၍ အလုပ်မလုပ်ပါက သင့် Wi-Fi ကွန်ရက်က စက်များကြားထဲက တိုက်ရိုက်ချိတ်ဆက်မှုကို ပိတ်ထားခြင်း ဖြစ်နိုင်ပါသည်။ ဤ လက်ခံစက် သီးသန့်ဖြစ်မှုသည် ပန်းခြံ၊ ဘား၊ သို့မဟုတ် ဟိုတယ် စသော အများသုံးကွန်ရက်များတွင် ဖြစ်နိုင်ပါသည်။ ကျေးဇူးပြုပြီး မတူညီသော ကွန်ရက်တစ်ခုခုကို အသုံးပြုပြီး ထပ်မံ ကြိုးစားကြည့်ပါ။

၎င်းသည် အလုပ်လုပ်ပါက စက်နှစ်ခုလုံးသည် ထိုအကြောင်းအရာကို အခြားလက်ခံစက်များသို့ ပို့ဆောင်နိုင်သည်ဟု ဆိုလိုသည်။ CENO လိပ်စာဘား အိုင်ကွန်ကို နှိပ်လျှင် အောက်ပါ အသိပေးချက်ကဲ့သို့ အသိပေးချက်တစ်ခု ပေါ်လာမည်ဖြစ်ပြီး အခြား CENO သုံးစွဲသူများက မျှဝေထားသည် တွင်သာ သုည မဟုတ်သော တန်ဖိုး ရှိသည်။

ပုံ- ဖြန့်ချိထားသော ယာယီသိမ်းဆည်းထားသည့် မှတ်ဉာဏ် ပြန်ထုတ်မှုကို စမ်းသပ်ချိန်တွင် အသုံးပြုသော ရင်းမြစ်များ

နောက်ဆုံးတွင် သင်မျှဝေထားသည် ဆိုသော ရေတွက်ပြသည့် ကိရိယာတစ်ခုရှိနေသည်ကို သတိပြုမိပါလိမ့်မည်။ ဤအရာသည် per se နှင့်တူညီသော နည်းပညာတစ်ခုဖြစ်ပါသည်။ ဤနေရာတွင် ရေတွက်သောအရာများသည် ဖြန့်ချိထားသော ယာယီမှတ်ဉာဏ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။ သို့သော် ၎င်းတို့ကို သင်၏စက်တွင် သိုလှောင်ထားပြီးဖြစ်သဖြင့် CENO သည် ၎င်းတို့အား ကွန်ရက်မှ ပြန်လည်ရယူရန် မလိုအပ်ပါ။

ဝေးလံသော သုံးစွဲသူများထံမှ အကြောင်းအရာ ရယူခြင်း

ကျွန်ုပ်တို့သည် ဖြန့်ချိထားသော ယာယီသိမ်းဆည်းထားသည့် မှတ်ဉာဏ်ကို အသေးစား စမ်းသပ်မှု ပြုလုပ်ပြီးပါပြီ။ ယခု အင်တာနက် သုံး၍ ၎င်းမည်သို့ အလုပ်လုပ်ကြောင်း စမ်းသပ်ကြည့်ရအောင်။

အထက်ပါ စမ်းသပ်မှုကို အောင်မြင်စွာ ပြီးဆုံးသွားပါက ပထမစက်တွင် CENO ကို ယခင်စမ်းသပ်မှုအတိုင်း အလုပ်လုပ်ထားလိုက်ပါ၊ ဒုတိယစက်တွင် CENO လုပ်ဆောင်ချက်ကို ရပ်တန့်လိုက်ပါ(၎င်း၏ အသိပေးချက်တွင် "ရပ်ရန်နှိပ်ပါ" ကို နှိပ်ပါ)။

ဤအကြိမ်တွင် သင်သည် တတိယစက်ကို လိုအပ်မည် ဖြစ်သော်လည်း ၎င်းကို ကွဲပြားသော Wi-Fi ကွန်ရက်သို့ ချိဆက်ထားရမည် (အခြားသူငယ်ချင်းတစ်ဦးက အိမ်မှ ကူညီကောင်း ကူညီနိုင်ပါမည်)။ ထိုစက်အတွက် လုပ်ဆောင်ရမည့် အဆင့်များမှာ ယခင် စမ်းသပ်မှုမှ အဆင့်များနှင့် လုံးဝ တူညီပါသည်။

တတိယစက်သည် စမ်းသပ်မှုအတွက် အသုံးပြုသော ဆိုက်ကို တင်နိုင်ပါက သင်သည် အသင့်ဖြစ်နေပါပြီ။ ပထမစက်သည် အခြားစက်များသို့ အကြောင်းအရာ တင်ပို့နိုင်ပြီး ၎င်းသည် ပေါင်းကူးအဖြစ်လည်း လုပ်ဆောင်နိုင်ခြေများသည်။

ဂုဏ်ယူပါတယ်။

အခြား CENO သုံးစွဲသူများအား ဝဘ်ရှာဖွေရာတွင် ကူညီခြင်း

အချင်းချင်း ချိတ်ဆက်သည့် ကွန်ရက်ကို ၎င်းနှင့် ချိတ်ဆက်ထားသည့် ဆက်သွယ်ရေးပွိုင့် တစ်ခုစီဖြင့် တည်ဆောက်ထားသည် (ဟုတ်ပါသည်၊ သင်လည်း ပါဝင်သည်ဟု ဆိုလိုပါသည်)။ ဆက်သွယ်ရေးပွိုင့် များလေလေ ကွန်ရက် ပိုမိုအားကောင်းပြီး ပိုမိုဘက်စုံ အသုံးပြုနိုင်လေလေ ဖြစ်သည်။ သင်သည် အင်တာနက်ကို ဆင်ဆာမလုပ်သော (သို့မဟုတ် အချို့ကဲ့သို့ အလွန်အကျွံ ဆင်ဆာမလုပ်သော) နိုင်ငံတစ်ခုမှနေ၍ CENO ဘရောက်ဇာကို လုပ်ဆောင်နေလျှင် ပေါင်းကူး ဆက်သွယ်ရေးပွိုင့် ဖြစ်လာခြင်းဖြင့် အခြား CENO သုံးစွဲသူများကို ကူညီရန် စဉ်းစားပါ။ ထို့နောက် သင်သည် အလွန်အကျွံ ဆင်ဆာလုပ်ထားသော နိုင်ငံများရှိ လက်ခံစက်များနှင့် CENO ထိုးသွင်းဖိုင်များအကြား အသွားအလာကို လမ်းကြောင်းအတိုင်း စတင်ပို့ပေးပါမည်။ သင်သည် ၎င်းတို့၏ အသွားအလာကို မြင်နိုင်မည် မဟုတ်သကဲ့သို့ (၎င်းကို ကုဒ်ဖြင့် ပြောင်းလဲထားသော လိုင်းကို ဖြတ်၍ ပေးပို့ပါမည်) ဤအသွားအလာသည် သင့်စက်တွင် လုံးဝ ကျန်ခဲ့မည် မဟုတ်ပါ။

မှတ်ချက် - ဤအပိုင်းတွင် ဖော်ပြထားသော စီစဉ်သတ်မှတ်မှုသည် ဖြန့်ဝေထားသည့် ယာယီ သိမ်းဆည်းထားသော မှတ်ဉာဏ်တွင် သင့်စက်က အခြားစက်များထံ အကြောင်းအရာကို ထိရောက်စွာ တင်ပို့နိုင်ရန်လည်း ကူညီနိုင်သောကြောင့် ဆင်ဆာလုပ်သော နိုင်ငံတွင် CENO ကို အသုံးပြုချိန်တွင်လည်း ၎င်းကို အသုံးချရန် ကျေးဇူးပြု၍ စဉ်းစားပါ (သို့သော် ထိုအကြောင်းအရာကို အခြားစက်များအား ပေးခြင်း၏ စွန့်စားမှုများ ကို သတိထားပါ)။

CENO ပေါင်းကူး ဖြစ်လာနည်း

ဤအသုံးချမှုကို CENO ဘရောက်ဇာထံသို့ ထည့်သွင်းတည်ဆောက်ပြီးသား ဖြစ်သည်။ သင့်စက်ကို UPnP ဖွင့်ထားသော သို့မဟုတ် CENO အတွက် သိသာသည့် ပေါ့တ် တစ်ဆင့်ပို့ခြင်းကို စီစဉ်သတ်မှတ်ထားသော Wi-Fi ကွန်ရက်သို့ ချိတ်ဆက်ထားရန် လိုအပ်ပါမည်။ နောက်ထပ် အသေးစိတ် အချက်အလက်များအတွက် လာမည့် အပိုင်းများကို ကြည့်ပါ။

သို့သော် Android သည် ၎င်းကို တက်ကြွစွာ အသုံးပြုနေချိန်တွင်သာ သင့်လျော်သော ပေါင်းကူးအဖြစ် လုပ်ဆောင်ရန် မိုဘိုင်းစက်ကို ခွင့်ပြုမည်ဖြစ်ကြောင်း ကျေးဇူးပြု၍ သတိပြုပါ။ ထိုသို့မဟုတ်ပါက ပါ‌ဝါချွေတာရေး လုပ်ဆောင်ချက်များသည် CENO ၏ လည်ပတ်မှုကို ထိခိုက်စေမည် ဖြစ်သည်။

နည်းပညာဆိုင်ရာ မှတ်ချက် - ယင်းသည် အဓိကအားဖြင့် Android ၏ ခဏအိပ်မုဒ် က မူလ Ouinet စာကြည့်တိုက်၏ လုပ်ဆောင်ချက်ကို နှေးစေသောကြောင့် ဖြစ်သည်။ ကံမကောင်းစွာဖြင့် CENO အတွက် ဘက်ထရီ အကောင်းဆုံးချိန်ညှိမှုကို ပိတ်ခြင်းက Ouinet ကို ၎င်းမှ ဖယ်လိုက်သည့်ပုံ မပေါ်ပါ။ သင်၏ တိကျသော စက်တွင်လည်း Ouinet ကို ကြားဝင်နှောင့်ယှက်နိုင်သည့် ၎င်း၏ ကိုယ်ပိုင် ပါဝါချွေတာရေး လုပ်ဆောင်ချက်များ ပါဝင်နိုင်သည်။ သင့်စက်၏ တံဆိပ်အတွက် Don't kill my app! ကို ကျေးဇူးပြု၍ စစ်ဆေးပါ။

ထို့ကြောင့် သင်သည် CENO ကို အဆုံးတိုင် အမြဲရောက်ရှိနိုင်သော ပေါင်းကူးအဖြစ် လုပ်ဆောင်ရန် ရည်ရွယ်ပါက မှန်ကန်စွာ စီစဉ်သတ်မှတ်ထားသော Wi-Fi ကွန်ရက်အပြင် သင်သည် အောက်ပါတို့ကို လိုအပ်ပါမည် -

  1. သင့်စက်ကို အချိန်ပြည့် အားသွင်းထားရန်။

    1. စက်၏ မျက်နှာပြင်ကို အချိန်ပြည့် ဖွင့်ထားရန်။ဤသို့ပြုလုပ်ရာတွင် ပါဝါသုံးစွဲမှုများခြင်းနှင့် မလိုလားအပ်သော အမြဲတမ်း မီးလင်းနေခြင်း မရှိမည့် အဆင်ပြေသည့် နည်းလမ်းတစ်ခုမှာ Android ၏ မျက်နှာပြင် ရုပ်ပုံပြောင်းလဲပြသမှုကို အသုံးပြုခြင်း ဖြစ်သည် - ၎င်းကို ဆက်တင်များ / ပြသမှု / မျက်နှာပြင် ရုပ်ပုံပြောင်းလဲပြသမှု (သို့မဟုတ် အချို့ဗားရှင်းများတွင် စိတ်ကူးယဉ်မှု) အောက်တွင် ဖွင့်ပါ၊ နာရီ ဝစ်ဂျက်ကို ရွေးချယ်ပါ၊ မီနူးရှိ မျက်နှာပြင် ရုပ်ပုံပြောင်းလဲပြသမှု စတင်ချိန် ကို ရွေးချယ်ပြီး အားသွင်းစဉ် သို့မဟုတ် နှစ်ခုမှတစ်ခု ကို ရွေးချယ်ပါ။ စက်ကို အသုံးပြုမနေသည့်အချိန်တွင် အနက်ရောင် နောက်ခံ၌ အလွန်အရောင်မှိန်သော နာရီ ပေါ်လာပါမည်။

    စက်ကို လော့ခ်ချရန် ပါဝါခလုတ်ကို အသုံးပြုခြင်းသည် မျက်နှာပြင်ကို ပိတ်စေမည်ဖြစ်သောကြောင့် ယင်းသို့ မပြုလုပ်သင့်ကြောင်း သတိပြုပါ။ ထိုအစား မျက်နှာပြင် ဖွင့်ထားလျက်နှင့် စက်ကို ၎င်းကိုယ်တိုင် လော့ခ်ချရန်သာ စောင့်ဆိုင်းပါ။

ထိုပြင်ဆင်မှုသည် သင့်အတွက် ရွေးချယ်စရာတစ်ခုမဟုတ်ပါက လက်မလျှော့ပါနဲ့ဦး။ အကယ်၍ သင့်မှာ ကွန်ပျူတာနှင့် အင်တာနက်ချိတ်ဆက်မှု ကောင်းမွန်စွာလည်းရှိနေပါက ကျေးဇူးပြုပြီး ဆက်လက်ဖတ်ရှုပေးပါ။

ကွန်ပျူတာပေါ်တွင် ပေါင်းကူးကို လုပ်ဆောင်ခြင်း

အကယ်၍ သင့်ကွန်ပျူတာသည် Docker ကွန်တိန်နာ ကို ထောက်ပံ့ပေးနိုင်ပါက သင်သည် ကြိုတင်ပြင်ဆင်ထားသော CENO client ကို ပေါင်းကူးအနေဖြင့် သုံးနိုင်ပါတယ်။ Docker ကို မထည့်ရသေးပါက Docker Engine ကို ထည့်သွင်းရန် တွင် ပါဝင်သော ညွှန်ကြားချက်များကို လိုက်နာပြီး သင့်စက်တွင် ထည့်သွင်းနိုင်ပါတယ်။ Ubuntu သို့မဟုတ် Linux Mint ကဲ့သို့ Debian အမျိုးအစားများအတွက် sudo apt install docker.io ညွှန်ကြားချက်ကို ရိုက်ထည့်လိုက်ရုံဖြင့် ထည့်သွင်းနိုင်ပါတယ်။

CENO client ကွန်တိန်နာကို ထိထိရောက်ရောက်အသုံးချနိုင်ဖို့အတွက် သင့်အနေဖြင့် terminal တွင် ညွှန်ကြားချက်တစ်ခုကို ရိုက်ထည့်လိုက်ဖို့ပဲ လိုအပ်ပါတယ်။ (ထိုအရာက အနည်းငယ် ထိတ်လန့်စရာကောင်းတယ်လို့ ထင်ရသော်လည်း ညွှန်ကြားချက်စာကို ကူးယူပြီး command line တွင် ရိုက်ထည့်ဖို့ပဲလိုအပ်ပါတယ်။) -

sudo docker run --name ceno-client \
  -dv ceno:/var/opt/ouinet --network host \
  --restart unless-stopped equalitie/ceno-client

အကယ်၍ သင့်ကွန်ပျူတာသည် GNU/Linux တွင် အခြေခံထားခြင်းမဟုတ်ပါက ညွှန်ကြားချက်သည် အနည်းငယ်ပြောင်းလဲရန် လိုအပ်ပါသည်။

sudo docker run --name ceno-client \
  -dv ceno:/var/opt/ouinet \
  -p 127.0.0.1:8077-8078:8077-8078 -p 28729:28729/udp \
  --restart unless-stopped equalitie/ceno-client

ညွှန်ကြားချက်သည် ceno-client နာမည်ဖြင့် ကွန်တိန်နာတစ်ခုကို စတင်ပြီးနောက် သင့်အနေဖြင့် ရပ်မည့်အကြောင်းအတိအလင်းမပြောမချင်း အချိန်တိုင်းမှာ အလုပ်လုပ်နေပါလိမ့်မည်။ ကွန်တိန်နာကို ကိုင်တွယ်ထိန်းချုပ်ရန်အတွက် အချက်အလက်များကိုထပ်မံသိလိုပါက CENO Docker အသုံးပြုသူ စာရွက်စာတမ်း တွင် ကျေးဇူးပြုပြီး ဝင်ရောက်လေ့လာပါ။

မှတ်ချက် ယခုအသုံးပြုသူတွင် CENO ဆက်တင်များ မရှိပါ - စာမျက်နှာကို ဝင်ရောက်ရန် အောက်တွင် ညွှန်ကြားထားသောအခါ ထိုစာမျက်နှာအစား တူညီတဲ့အချက်အလက်တွေပဲ များသောအားဖြင့် ပါဝင်တဲ့ အသုံးပြုသူ စာမျက်နှာကို ဖွင့်ပါ။

သင့် Wi-Fi ‌ရောက်တာတွင် UPnP ကို ဖွင့်ခြင်း

UPnP သည် သင့် CENO ဘရောက်ဇာ (သို့မဟုတ် ကွန်ပျူတာအသုံးပြုသူ) ကို CENO ကွန်ရက်သို့ ရောက်ရှိစေရန်အတွက် အလွယ်ဆုံး နည်းလမ်းဖြစ်သည်။ CENO ဆက်တင်များ စာမျက်နှာသည် သင့်ဒေသတွင်း ကွန်ရက်တွင် UPnP အခြေအနေကို ဖော်ပြပါမည်။

မှတ်ချက်- Wi-Fi ရောက်တာတွင် UPnP ကို ဖွင့်ခြင်းက သင့်ကွန်ရက်ရှိ စက်များကို ပြင်ပ ကြားဝင်နှောင့်ယှက်မှု ကြုံရစေနိုင်သည်။ ကျေးဇူးပြု၍ သင်ကိုယ်တိုင် စွန့်စားမှုများကို သတိထားပါ၊ ထို့ပြင် အောက်တွင် ရှင်းပြထားသော အခြားနည်းလမ်းများကို အသုံးပြုရန်လည်း စဉ်းစားပါ။

အောက်တွင် ပြထားသည့် အခြေအနေသည် သင့် WiFi ရောက်တာတွင် UPnP သည် အလုပ်မလုပ်ကြောင်း သို့မဟုတ် မရရှိနိုင်ကြောင်း ညွှန်ပြနေသည်။

ရောက်ရှိနိုင်မှု အခြေအနေ

undecided

UPnP အခြေအနေ

disabled / inactive

အထက်ပါ အခြေအနေသည် UPnP အလုပ်လုပ်နိုင်ခြေရှိပြီး CENO က လက်ရှိတွင် ချိတ်ဆက်နိုင်မှုကို မှန်ကန်ကြောင်း စစ်ဆေးနေသည်ဟု ညွှန်ပြသည် -

ရောက်ရှိနိုင်မှု အခြေအနေ

undecided

UPnP အခြေအနေ

enabled

အထက်ပါ အခြေအနေသည် UPnP အလုပ်လုပ်နေပြီး သင်သည် အခြား CENO သုံးစွဲသူများအတွက် ချိတ်ဆက်မှုများကို ပေါင်းကူးနိုင်ကြောင်း ညွှန်ပြသည် -

ရောက်ရှိနိုင်မှု အခြေအနေ

likely reachable / reachable

UPnP အခြေအနေ

enabled

မှတ်ချက် အကယ်၍ UPnP က အလုပ်လုပ်နေတယ်ဆိုသော်ငြားလည်း သင့် router ထံသို့ အပြင်ကနေ မရောက်ရှိနိုင်တာလည်း ဖြစ်နိုင်ပါတယ်။ CENO ဆက်တင်တွင် ဖော်ပြနေသော ပြင်ပUDPဆုံမှတ်များ၏ ကိစ္စများ ဖြစ်နိုင်ပါသည်။ ပြင်ပUDPဆုံမှတ်များသည် CGNAT လိပ်စာများ 100.X.Y.Z:Nကဲ့သို့ ဖြစ်နေနိုင်ပါသည်၊ X သည် ၆၄ နှင့် ၁၂၇ ကြားတွင်ရှိပြီး (အိမ်သုံး ISPs များတွင် အသုံးများသည်) သို့မဟုတ် သီးသန့်လိပ်စာများကဲ့သို့သော 10.X.Y.Z:N, 172.X.Y.Z:Nများ (X သည် ၁၆ နှင့် ၃၁ကြား) နှင့် 192.168.X.Y:Nကဲ့သို့ ဖြစ်နိုင်ပါသည်။ အကယ်၍များ ဖြစ်နေခဲ့လျှင် သင့်ရဲ့ ISP သို့မဟုတ် network administrator ကို ဆက်သွယ်ပြီး သင့် router ရဲ့ public address ကို တောင်းပါ၊ သို့မဟုတ် ပြင်ပ ဆုံမှတ်များကို ရောက်ရှိနိုင်အောင် ဆောင်ရွက်ပါ။

ဈေးကွက်တွင် Wi-Fi ရောက်တာများစွာ ရှိပြီး တစ်ခုစီတွင် ၎င်းတို့၏ တိကျသော ကိုယ်ပိုင် လုပ်ဆောင်ချက်များ ရှိသည်။ ဤသည်တို့မှာ UPnP ဖွင့်ရန်အတွက် ထုတ်လုပ်သူအချို့၏ လမ်းညွှန်ချက် စာရင်း ဖြစ်သည်-

UPnP အစား ပေါ့တ် တစ်ဆင့်ပို့ခြင်းကို အသုံးပြုခြင်း

သင့်ရောက်တာတွင် UPnP ကို ဖွင့်မည့်အစား သင်သည် CENO ကွန်ရက်မှ ချိတ်ဆက်မှုများကို သင့်စက်သို့ တစ်ဆင့်ပို့ကြောင်း သေချာစေရန် ပေါ့တ်တစ်ဆင့်ပို့ခြင်း စည်းကမ်းတစ်ခုကို သတ်မှတ်နိုင်သည်။ သင်သည် ရောက်တာ၏ စီမံခန့်ခွဲမှု ကြားခံစနစ်သို့ ဝင်ရောက်ပြီး ပေါ့တ်တစ်ဆင့်ပို့ခြင်း ရွေးချယ်စရာကို ရှာဖွေရန် လိုအပ်ပါမည်။ သင် ချိတ်ဆက်မှုများ တစ်ဆင့်ပို့ရန် လိုအပ်သည့် IP လိပ်စာကို ကြည့်ရန် CENO ဆက်တင်များ စာမျက်နှာကို ဖွင့်ပြီး ဒေသတွင်း UDP အဆုံးမှတ်(များ) အောက်တွင် ကြည့်ပါ။

စက်တွင်း UDP အဆုံးမှတ်များ

192.168.1.132:28729

ပေါ့တ်တစ်ဆင့်ပို့ခြင်းသည် UDP ပရိုတိုကောအတွက် ဖြစ်ရမည် (TCP မဖြစ်ရပါ)။ CENO သည် ပထမအကြိမ် လုပ်ဆောင်ချိန်တွင် အလျဉ်းသင့်သော ပေါ့တ်တစ်ခုကို ရွေးချယ်ပြီး နောင်လာမည့် လုပ်ဆောင်ချက်များအတွက် ၎င်းကို သိမ်းထားသော်လည်း သင့်စက်၏ ဒေသတွင်း ကွန်ရက် IP လိပ်စာသည် မကြာခဏ ပြောင်းလဲနိုင်သည်။ ထို့ကြောင့် သင်သည် CENO ကွန်ရက်က သင့်စက်ထံ ရောက်ရှိနိုင်ကြောင်း ကြည့်ရန် CENO ဆက်တင်များ စာမျက်နှာကို ပုံမှန် စစ်ဆေးသင့်သည်။

နည်းပညာဆိုင်ရာ မှတ်ချက်- တစ်နည်းအားဖြင့် သင်သည် ရောက်တာက သင့်စက်ကို တူညီသော IP လိပ်စာ အမြဲသတ်မှတ်ပေးရန် (ဥပမာ- စက်၏ MAC လိပ်စာအတွက် တည်တံ့သော DHCP အငှားမှတစ်ဆင့်) သေချာအောင်ပြုလုပ်နိုင်သည်။

ပြဿနာ ဖြေရှင်းခြင်း

ဤအပိုင်းတွင် CENO နှင့် Ouinet သုံးရာတွင် ကွဲပြားသော၊ သိပြီးဖြစ်သည့် ပြဿနာများ ပေါ်ပေါက်ချိန်တွင် ဘာလုပ်ရမည်နှင့် ပတ်သက်ပြီး သင့်အား အကြံဉာဏ်အချို့ ပေးပါမည်။ ၎င်းတို့သည် စမ်းသပ်ဆဲ ပရောဂျက်များ ဖြစ်ပြီး ၎င်းတို့၏ လည်ပတ်မှုသည် ကျွန်ုပ်တို့၏ ထိန်းချုပ်မှုအောက်တွင် မရှိသော တိကျသည့် စီစဉ်သတ်မှတ်မှုနှင့် ကွန်ရက် အခြေခံအဆောက်အအုံ၏ အခြေအနေအပြင် အခြားသုံးစွဲသူများက မည်သည့်အကြောင်းအရာကို ပြန်ထုတ်ထားကြောင်းနှင့် ၎င်းတို့ ချိတ်ဆက်မှုများ၏ လက္ခဏာရပ်များကဲ့သို့ အကြောင်းခြင်းရာများစွာပေါ် မူတည်ကြောင်း ကျေးဇူးပြု၍ မှတ်သားထားပါ။

ပြဿနာ ဆက်ရှိနေသေးပါက ကျေးဇူးပြု၍ ၎င်းတို့ကို cenoers@equalit.ie ထံ သတင်းပို့ပါ။ ကျွန်ုပ်တို့သည် သင့်အား ၎င်းတို့နှင့် ပတ်သက်၍ ကူညီရန် ကြိုးစားပါမည်။

အက်ပ် မီနူးတွင် CENO ကို ထည့်ထားခြင်း မရှိပါ

CENO အဆက်သည် တင်နေဆဲ ဖြစ်နိုင်သည်။ ကျေးဇူးပြု၍ စိတ်ရှည်ပါ။

CENO ဆက်တင်များ စာမျက်နှာတွင် ဝစ်ဂျက်အားလုံးသည် အရောင်မှိန်နေသည်

CENO အဆက်ကို တင်ပြီးသော်လည်း ၎င်းသည် Ouinet မှ အခြေအနေကို ပြန်မထုတ်နိုင်သေးပါ။ Ouinet အနေနှင့် အသင့်ဖြစ်ရန် အချိန်အနည်းငယ် ကြာနိုင်သောကြောင့် ကျေးဇူးပြု၍ စိတ်ရှည်ပါ။

ဆက်တင်များ စာမျက်နှာသည် နှစ်မိနစ်ကျော် ကြာပြီးနောက် ထိုအတိုင်း ဆက်ဖြစ်နေပါက Ouinet ကို စတင်စဉ် ပြဿနာတစ်ခုခု ကြုံရခြင်း ဖြစ်နိုင်သည်။

စာမျက်နှာတစ်ခုခုကို ဝင်ကြည့်ရန် ကြိုးစားပါ၊ ဖြစ်နိုင်ပါက အများအားဖြင့် ရရှိနိုင်သော စာမျက်နှာကို ဝင်ကြည့်ပါ။ "စီစဉ်သတ်မှတ်ထားသော စက်ကိရိယာအားလုံးကို ကြိုးစားပြီးနောက်) ရင်းမြစ်ကို ပြန်ထုတ်၍ မရနိုင်ပါ" ကဲ့သို့ အမှားကို သင် ရရှိပါက CENO သည် (BitTorrent ကွန်ရက်တွင် မပါဝင်နိုင်ခြင်းကဲ့သို့) ယေဘုယျ ချိတ်ဆက်နိုင်မှုတွင် ပြဿနာအချို့ ကြုံရခြင်း ဖြစ်နိုင်သည်။ သင်သည် မိုဘိုင်း ချိတ်ဆက်မှုကို အသုံးပြုနေပါက Wi-Fi သုံး၍ ထပ်မံ ကြိုးစားကြည့်ပါ။

သင်သည် စာမျက်နှာသို့ ဝင်ကြည့်စဉ် "ပရောက်စီ ဆာဗာသည် ချိတ်ဆက်မှုများကို ငြင်းပယ်နေသည်" ကဲ့သို့ အမှားကို ရရှိပါက စက်အား ဝန်ဆောင်မှု ပေးနေနိုင်သော အခြားအက်ပလီကေးရှင်းများကို ရပ်တန့်ရန် ကြိုးစားပြီးနောက် CENO ကို ပြန်လည်စတင်ပါ။

နည်းပညာဆိုင်ရာ မှတ်ချက် - အခြားအက်ပလီကေးရှင်းက TCP ပေါ့တ်များ 127.0.0.1:8077 သို့မဟုတ် 127.0.0.1:8078 တွင် နားထောင်နေပြီး ဖြစ်ပါက ဤသို့ ဖြစ်ပွားနိုင်သည်။

CENO ဆက်တင်တွင်ရှိသော Ouinet သုံးစွဲသူ အခြေအနေမှာ started မဖြစ်သေးပါ။

Ouinet သုံးစွဲသူမှ CENO ကို စတင်အလုပ်လုပ်လိုက်သည်နှင့် သင့်စက်ပစ္စည်းတွင် ပြဿနာများကို စတင်ရှာဖွေပါသည်။

CENO ကို စတင်လိုက်သောအခါ စတင်ခြင်း အဆင့်တွင် စက္ကန့်အနည်းငယ်ရှိနေခြင်းက ပုံမှန်ဖြစ်ပါသည်။ အကယ်၍များ စတင်ခြင်း အဆင့်တွင် အတော်ကြာနေပါက ချိတ်ဆက်မှုတွင် ပြဿနာတစ်ခုခုရှိနေတာဖြစ်နိုင်ပါတယ်၊ BitTorrent ကွန်ရက်ကို ရောက်ရှိဖို့အတွက် အပ်ပလီကေးရှင်းကို တားမြစ်တဲ့ ချိတ်ဆက်မှု ပြဿနာမျိုးတွေဖြစ်နိုင်ပါသည်။ ကျေးဇူးပြုပြီး သင့် ကွန်ရက်ချိတ်ဆက်မှုကို စစ်ဆေးပါ၊ ပြီးနောက်မှ CENO ကို ပြန်လည်စတင်ကြည့်ပါ။ အကယ်၍ သင့်တွင် အလုပ်လုပ်တဲ့ ကွန်ရက်ချိတ်ဆက်မှုရှိပေမယ့် စတင်ခြင်း အဆင့်တွင်သာရှိနေပါက ကျေးဇူးပြုပြီး ကျွန်ုပ်တို့ကို ဆက်သွယ်ပေးပါ။

အကယ်၍ အခြားသောအခြေအနေတွေကိုရောက်ရှိခြင်းကို မြင်သောအခါ Ouinet သုံးစွဲသူတွင် စက်တွင်းပြဿနာတစ်ခုခုရှိနေတာ ဖြစ်နိုင်ပါသည်။ ‌ကျေးဇူးပြုပြီး ကျွန်ုပ်တို့ကို ပြဿနာအကြောင်း ပြောပြပေးပါ။

အချို့အကြောင်းအရာကို ဝင်ရောက်သုံးစွဲရာတွင် "ရင်းမြစ်ကို ပြန်ထုတ်၍ မရနိုင်ပါ" ကို ပြသသည်

ဆိုလိုသည်မှာ CENO သည် အကြောင်းအရာကို ဝင်ရောက်သုံးစွဲရန် ရရှိနိုင်သော စက်ကိရိယာအားလုံးကို ကြိုးစားခဲ့သော်လည်း တစ်ခုမျှ မအောင်မြင်ခဲ့ပါ။

သင်သည် CENO အလုပ်လုပ်စေရန် အောက်ပါ လိုအပ်ချက်များကို ပြည့်မီကြောင်း သေချာအောင် ပြုလုပ်ရမည်-

  • သင်သည် CENO ဘရောက်ဇာ၏ မကြာမီက ဗားရှင်းဖြင့် လုပ်ဆောင်နေသည်။ ဗားရှင်း အဟောင်းများသည် ပိုသစ်သော ထိုးသွင်းဖိုင်များ သို့မဟုတ် အခြားလက်ခံစက်များနှင့် ဆက်သွယ်၍ ရနိုင်မည် မဟုတ်ပါ။ ဗားရှင်းအသစ်များကို မည်သည့်နေရာမှ ရယူနိုင်မည်ကို သိရန် ထည့်သွင်းမှု လမ်းညွှန်ချက်များ ကို စစ်ဆေးပါ။
  • ဆက်တင်များ စာမျက်နှာ ရှိ ဝင်ရောက်သုံးစွဲခွင့် စက်ကိရိယာအားလုံးကို ဖွင့်ထားသည်။ မဖွင့်ထားပါက CENO သည် အကြောင်းအရာကို ဝင်ရောက်သုံးစွဲစဉ် ချိတ်ဆက်မှု ပြဿနာအချို့ကို ရှောင်ရှားနိုင်မည် မဟုတ်ပါ။
  • သင့်စက်တွင် အလုပ်လုပ်နေသည့် ကွန်ရက်သို့ ချိတ်ဆက်မှု ရှိသည်။ ဆိုလိုသည်မှာ သင်၏ ပုံမှန် ဝက်ဘ် ဘရောက်ဇာသည် ဝက်ဘ်ဆိုက်အချို့ကို ဖွင့်နိုင်ရမည်။ (သုံးစွဲသူများသည် စက်အချင်းချင်း မျှဝေမှု ပြုလုပ်ရန် ဘုံဖြစ်သော Wi-Fi ဝင်ရောက်သုံးစွဲခွင့် ပွိုင့်ကို ရှာတွေ့နိုင်သေးသော်လည်း) CENO နှင့် Ouinet သည် ကွန်ရက် ချိတ်ဆက်မှုအားလုံးကို ပိတ်ထားချိန်တွင် အလုပ် မလုပ်နိုင်ပါ။

ဤကိစ္စရပ်တွင် ဝင်ရောက်ရယူခွင့် ယန္တရားများအားလုံး ဘာကြောင့် မအောင်မြင်ရခြင်းဖြစ်နိုင်ကြောင်း ရှင်းပြသင့်သည်။ သို့မှသာ သင်သည် CENO ကို အသုံးပြု၍ အကြောင်းအရာ ရယူရာတွင် အောင်မြင်နိုင်ခြေကို သိရှိမည်ဖြစ်သည်။

မူလ ဝင်ရောက်သုံးစွဲခွင့်

သင့် CENO ဘရောက်ဇာသည် အကြောင်းအရာ၏ မူလ ဆာဗာသို့ တိုက်ရိုက် မရောက်ရှိနိုင်ပါ။ ဆာဗာကိုယ်တိုင်တွင် အခက်အခဲအချို့ ရှိနေသည် (ဥပမာ- ဆာဗာကျနေသည် သို့မဟုတ် တိုက်ခိုက်ခံရသည်) သို့မဟုတ် တစ်စုံတစ်ယောက်က ဆာဗာသို့ သင်၏ ချိတ်ဆက်မှုကို ကြားဝင် နှောင့်ယှက်နေသည်။

ယင်းသည် CENO အတွက် အဓိက သုံးစွဲမှု ကိစ္စရပ် ဖြစ်ပြီး အခြားစက်ကိရိယာများက ၎င်းကို ဖြည့်ဆည်းပေးသင့်သည်။

ပရောက်စီ/ထိုးသွင်းဖိုင် ဝင်ရောက်သုံးစွဲခွင့်

တစ်စုံတစ်ယောက်က ထိုးသွင်းစက်စာရင်းရှိ အင်တာနက် လိပ်စာများသို့ သင်၏ ချိတ်ဆက်မှုကို ကြားဝင်နှောင့်ယှက်နေသည်။ CENO (နှင့် Ouinet) အားကောင်းလာသည်နှင့်အမျှ နောက်ဆုံးတွင် ဤသို့ဖြစ်လာနိုင်ကြောင်း မျှော်လင့်ထားသည့်အတွက် CENO သည် ပေါင်းကူးများအဖြစ် ဆောင်ရွက်သော အခြားလက်ခံစက်များမှတစ်ဆင့် ထိုးသွင်းဖိုင်များသို့ ရောက်ရှိအောင် ကြိုးစားသည်။

CENO သည် ထိုလက်ခံစက်များသို့ မရောက်ရှိနိုင်သည့် ကွဲပြားသော အကြောင်းရင်းများ ရှိသည်-

  • သင်သည် အခြားမည်သည့် လက်ခံစက်ထံသို့မျှ မရောက်ရှိနိုင်ပါ။ Ouinet လက်ခံစက် အနည်းငယ်သာ အွန်လိုင်းတွင် ရှိနေလျှင် ၎င်းတို့သည် ပြင်ပမှ ရောက်ရှိနိုင်သော ကွန်ရက်တွင် ရှိမနေခြင်း ဖြစ်နိုင်သည်။ CENO နှင့် Ouinet ကို လူကြိုက်များလာပြီး ကွဲပြားသော ချိတ်ဆက်နိုင်မှုဖြင့် ပိုများသော လက်ခံစက်များ အွန်လိုင်းတွင် ရှိလာသောအခါ ၎င်းသည် ဖြစ်နိုင်ခြေ နည်းလာနိုင်သည်။လွန်ကဲသော ကိစ္စရပ်တွင် Ouinet လက်ခံစက်များအကြား ချိတ်ဆက်မှုများကို စိစစ်ရေးအဖွဲ့က ထိုသို့ ရှာဖွေထောက်လှမ်းပြီး ပိတ်ဆို့နိုင်သည်။ ယင်းသည် (BitTorrent အသွားအလာအားလုံးကို ပိတ်ဆို့ရန် မရှိမဖြစ် လိုအပ်နိုင်သောကြောင့်) ဖြစ်နိုင်ခြေ မရှိသည့်အပြင် လက်ရှိတွင် Ouinet က ပံ့ပိုးနိုင်သည်ထက် ပိုနေသော်လည်း ကျွန်ုပ်တို့သည် ဤတိုက်ခိုက်မှုများကို ပိုမိုဒဏ်ခံနိုင်အောင် ပြုလုပ်ရန် အစီအစဉ် ရှိသည်။

  • အခြား မည်သည့်လက်ခံစက်ကမျှ ထိုးသွင်းဖိုင်သို့ မရောက်ရှိနိုင်ပါ။ ထိုးသွင်းဖိုင်အားလုံး တစ်ပြိုင်တည်း ပျက်ခြင်းမှာ မဖြစ်နိုင်သောကြောင့် သင့်စက်ကဲ့သို့ အလားတူ ကွန်ရက် ကြားဝင်နှောင့်ယှက်မှုကြောင့် အကျိုးသက်ရောက်မှု ခံရသည့် Ouinet လက်ခံစက်များကိုသာ သင် ရောက်ရှိနိုင်ခြင်း ဖြစ်နိုင်သည်။ယင်းသည် သင်ရှိနေသော နိုင်ငံမှ ထွက်ခွာသော သို့မဟုတ် ၎င်းသို့ ဝင်ရောက်သော အသွားအလာ အားလုံးကို ကြားဝင်နှောင့်ယှက်သည့်အချိန်တွင် ဖြစ်ပွားနိုင်သည်။ ဤကိစ္စရပ်တွင် CENO သည် ဖြန့်ချိထားသော ယာယီသိမ်းဆည်းထားသည့် မှတ်ဉာဏ်မှ အကြောင်းအရာသည် ခေတ်မမီတော့သည့်တိုင်အောင် ၎င်းကို ရယူပြီး သုံးစွဲပါလိမ့်မည်။

ထပ်မံ၍ CENO နှင့် Ouinet ပိုမိုလူကြိုက်များလာသည်နှင့်အမျှ နိုင်ငံတကာ ဆိုက်များသို့ ဝင်ရောက်သုံးစွဲခွင့် အမျိုးအစားတစ်ခုခု ရှိသော လက်ခံစက်အနည်းငယ် အနည်းဆုံး ရှိနိုင်ခြေ မြင့်တက်လာသည်။ ဝင်ရောက်သုံးစွဲခွင့်က စိတ်မချရသည့်တိုင်အောင် နိုင်ငံတွင်းသို့ အကြောင်းအရာ အချို့ကို ထိုးသွင်းနိုင်သည့် Ouinet လက်ခံစက်တစ်ခုသည် ပြင်ပကမ္ဘာသို့ ထပ်မံ ဝင်ရောက်သုံးစွဲခွင့် မလိုအပ်ဘဲ (ဖြန့်ချိထားသော ယာယီသိမ်းဆည်းထားသည့် မှတ်ဉာဏ်ကို သုံး၍) ၎င်းကို ဖြန့်ဝေရန် လုံလောက်နိုင်သည်။

နောက်ဆုံးတွင် ကျွန်ုပ်တို့သည် ထိုအခြေအနေနှစ်ရပ်ကို ကြိုးစားရှောင်ရှားရန် ဆင်ဆာမလုပ်သည့် (မျှော်လင့်ရသော) နိုင်ငံများတွင် ချိတ်ဆက်မှုအားကောင်းသော Ouinet လက်ခံစက်အချို့ကို လုပ်‌ဆောင်သော်လည်း ထိုကဲ့သို့ တည်ငြိမ်သော အင်တာနက် လိပ်စာများ ရှိသည့် လက်ခံစက်များသည်လည်း ပိတ်ဆို့ခံရနိုင်ကြောင်း ကျေးဇူးပြု၍ သတိပြုပါ။

ဖြန့်ချိထားသော ယာယီသိမ်းဆည်းထားသည့် မှတ်ဉာဏ်

ဖြန့်ချိထားသော ယာယီသိမ်းဆည်းထားသည့် မှတ်ဉာဏ်မှ မည်သည့်အကြောင်းအရာကိုမဆို ပြန်ထုတ်နိုင်ရန် ထိုအကြောင်းအရာကို အခြား CENO သို့မဟုတ် Ouinet သုံးစွဲသူက ထိုးသွင်းပြီးဖြစ်ရန် မရှိမဖြစ် လိုအပ်ကြောင်း သတိပြုပါ။ ဆိုလိုသည်မှာ လူကြိုက်များသော အကြောင်းအရာကို နောက်ဆုံးတွင် ထိုးသွင်းနိုင်ပြီး သဘာဝကျသော နည်းလမ်းဖြင့် ပွားရန် ဖြစ်နိုင်ခြေ ပိုများသည်။ သို့သော် တစ်စုံတစ်ယောက်က ပိုမိုလူသိနည်းသော အကြောင်းအရာကို ထိုးသွင်းရန်နှင့် ဆက်လက်တင်ပို့နေရန် CENO သို့မဟုတ် အခြား Ouinet လက်ခံစက်တစ်ခုခုကို အသုံးပြု၍ တာဝန်မယူပါက (တာဝန်ယူခြင်းသည် ထိုသူအား အချို့သော စွန့်စားမှုများ ကို ထပ်မံကြုံတွေ့စေနိုင်သည်) ထိုအကြောင်းအရာကို သဘာဝကျစွာ ပွားယူရန် ဖြစ်နိုင်ခြေ ပိုနည်းသည်။

မျှဝေရန် ဘေးမကင်းဟု ယူဆရသော အကြောင်းအရာအချို့ကို အများသုံး ရှာဖွေမှု အသုံးပြု၍ ပြန်ထုတ်သည့်လူ မည်မျှများသည်ဖြစ်စေ လုံးဝ ထိုးသွင်းမည် မဟုတ်ကြောင်း သတိပြုပါ။ ယင်းတွင် မူလ ဆာဗာမှ သီးသန့်အဖြစ် မှတ်သားထားသော အကြောင်းအရာ၊ စစ်မှန်ကြောင်း သက်သေပြရန် လိုအပ်သော အကြောင်းအရာနှင့် အချို့သော တက်ကြွသည့် ဝက်ဘ် အက်ပလီကေးရှင်းများက ဖလှယ်ထားသော အသွားအလာအချို့ ပါဝင်သည်။

ထို့ပြင် ထိုးသွင်းထားသော အကြောင်းအရာ၏ မိတ္တူများ ရှိသည့် လက်ခံစက်များကို သင့်အနေနှင့် ရောက်ရှိနိုင်ရန် လိုအပ်ကြောင်း သတိပြုပါ။ ပေါင်းကူး လက်ခံစက်များသို့ ရောက်ရှိရန် ယခင်က ဆွေးနွေးချက်တွင် ဖော်ပြခဲ့သော တူညီသည့် လေ့လာတွေ့ရှိမှုများသည် ဤကိစ္စရပ်နှင့် သက်ဆိုင်သည်။

HTTP သီးသန့် ဆိုက်များအတွက် မှတ်ချက်

CENO သည် လုံခြုံမှုမရှိသော HTTP ကဲ့သလို့သော ဆိုက်အစား ပိုမို စိတ်ချလုံခြုံသော HTTPS protocol သို့ အလိုအလျောက်ပြောင်းလဲပြီး ရယူပေးပါသည်။ ဤအရာကို HTTPS by default မြှုပ်နှံထားသော extension မှ လုပ်ဆောင်ပေးခြင်းဖြစ်ပြီး သင်သည် တည်နေရာဘားတွင် example.comကဲ့သို့သော ဒိုမိန်းတစ်ခု သို့မဟုတ် http://example.com/…ကဲ့သို့သော HTTP URL တစ်ခုကို ထည့်သွင်းလိုက်သောအခါ သို့မဟုတ် စာမျက်နှာတစ်ခုတွင် ပါဝင်သော URL link ကို နှိပ်လိုက်သောအခါ အလိုအလျောက် လုပ်ဆောင်ပေးခြင်းဖြစ်ပါသည်။

HTTPS သို့ အလိုအလျောက် ပြောင်းလဲပေးခြင်းသည် HTTP ချိတ်ဆက်မှုတွင် တစ်စုံတစ်ယောက်ထံမှ ကြားဖြတ်ခံရခြင်း နှင့် တရားမဝင်သော ဆာဗာများသို့ ရောက်ရှိသွားခြင်းမှ အကြောင်းအရာအတုများ ရရှိလာခြင်း (ဥပမာ - ပိတ်ဆို့ခံရကြောင်း မက်ဆေ့ချ်)တို့ကို ကာကွယ်ပေးရန်အတွက် ပြုလုပ်ထားခြင်းဖြစ်ပါသည်။ ယခုကဲ့သို့ အပိုင်စီးခြင်းလုပ်ရပ်သည် HTTPS နှင့် စမ်းသပ်ရှာဖွေလျှင် အသေးအဖွဲမျှသာ ဖြစ်ပါသည်၊ ထို့ကြောင့် CENO သည် အကြောင်းအရာအတုများ ပေါ်လာခြင်းကဲ့သို့သော လှည့်စားခြင်းမျိုးတို့မခံရဘဲ အလုပ်လုပ်နိုင်ပါသည်။

ဖြစ်လေ့ဖြစ်ထမရှိသော်လည်း တချို့သောဆိုက်များသည် HTTPS ကို မထောက်ပံ့ပါ၊ ၎င်းတို့အတွက် ဝင်ရောက်သုံးစွဲခွင့် စက်ကိရိယာများကိုလည်း အလုပ်လုပ်ခွင့်မပေးပါ။ အကယ်၍များ သင့်အနေဖြင့် CENO တွင် ဤကဲ့သို့သော ကိစ္စမျိုးဖြင့် ဆိုက်တစ်ခုကို ဝင်ရောက်ကြည့်ရှုလို့မရသောအခါ တည်နေရာဘားတွင် https:// အစားhttp://ဟုပြောင်းလဲ ပြင်ဆင်လိုက်ပြီးမှ ပြန်လည် စမ်းကြည့်ပါ။

အကယ်၍ သင်က HTTP ကိုသုံးပြီး သီးခြားဆိုက်တစ်ခုကို အမြဲတမ်း ရယူလိုပါက သင့်အနေဖြင့် ဤကဲ့သို့သော အမြဲတမ်းအတွက်ခြွင်းချက်တစ်ခုကို ထည့်ထားနိုင်ပါသည်။

  1. အက်ပ်၏အဓိကမီနူးထဲတွင် HTTPS by defaultကို နှိပ်ပါ။ ထိုအဆက်၏ ဆက်တင်စာမျက်နှာကို မြင်ရပါမည်။
  2. ဆိုက်၏ ဒိုမိန်းနာမည်ကို စာသားထည့်ရမည့်နေရာ၌ အောက်တွင်ပြထားသည့်အတိုင်း ရိုက်ထည့်ပါ။ သင့်အနေဖြင့် များစွာသော ဆိုက်များကို spaces သို့မဟုတ် စာကြောင်းအသစ်များဖြင့် ခွဲပြီး ထည့်နိုင်တာကို မြင်နိုင်ပါသည်။ example.comကို ထည့်သွင်းခြင်းက ထို ဒိုမိန်းအောက်မှာရှိနေတဲ့ www.example.com သို့မဟုတ် x.y.example.comကဲ့သို့သော ဆိုက်များအားလုံးပါဝင်သွားမှာဖြစ်ကြောင်းကို ကျေးဇူးပြုပြီး သတိပြုပါ။
  3. အကယ်၍ ပြီးသွားတဲ့အခါ နောက်ပြန်သွားပါ သို့မဟုတ် တက်ဘ်ကို ပိတ်ပါ။

ပုံ - HTTP သီးသန့်အတွက် ခြွင်းချက်ထည့်သွင်းခြင်း

မှတ်ချက် ကံမကောင်းစွာဖြင့် ဆိုက်တစ်ခုသည် HTTP ဖြင့်သာ ဝင်ရောက်နိုင်ပြီး၊ ဆင်ဆာတစ်ခုမှ ထိန်းချုပ်ခြင်းကိုလည်း ခံနေရပါက၊ ဆက်တင်စာမျက်နှာ ကို သွားပါ၊ မူလဝင်ရောက်သုံးစွဲခွင့်ကို ပိတ်ပါ၊ ထို့နောက် ပြန်လည် ကြိုးစားကြည့်ပါ။ ယခုဆက်တင်သည် ဆိုက်များအားလုံးကို သက်ရောက်မှုရှိကြောင်း၊ နောက်ထပ်ရှာဖွေ အလုပ်လုပ်ခြင်းများအတွက် CENO မှ မမှတ်မိနိုင်ကြောင်းကို ‌ကျေးဇူးပြုပြီး သတိထားပါ။ ဝဘ်ဆိုက် ထိန်းချုပ်သူများကို ဆက်သွယ်ပြီး HTTPS ထောက်ပံ့မှုကို ပြုလုပ်ရန်ပြောခြင်းကို ကျွန်ုပ်တို့ တိုက်တွန်းလိုက်ပါသည်။

အတုအယောင် အကြောင်းအရာများကို စာမျက်နှာမှ ဖော်ပြခြင်း (ဥပမာ - ပိတ်ဆို့ခံရကြောင်း မက်ဆေ့ချ်)

ပိတ်ထားသော ဆိုက်တစ်ခုကို ကြည့်ရှုဖို့ CENO ဗားရှင်းအဟောင်းကို အသုံးပြုသောအခါ တစ်စုံတစ်ယောက်က ဆက်သွယ်မှုကို ကြားဖြတ်ပြီး တရားမဝင်သော ဆာဗာတစ်ခုဆီသို့ လမ်းကြောင်းလွှဲလိုက်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ နောက်ပိုင်းတွင် CENO မှ လမ်းကြောင်းလွှဲခြင်းကို မှတ်မိပြီး အရင်ဆိုက်တစ်ခုကို ကြည့်ရှုဖို့ကြိုးစားတိုင်း လမ်းကြောင်းလွှဲသော ဆိုက် ကို အလိုအလျောက်ဖွင့်ပေးခြင်းများ ဖြစ်နိုင်ပါသည်။

ထိုပြဿနာကို ဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းမှာ CENO၏ ပုံမှန်ရှာဖွေခြင်း ယာယီမှတ်ဥာဏ်ကို ဖျက်ပစ်ရပါမည်။ အက်ပ်၏ အဓိက မီနူးထဲမှ အပြင်အဆင်များကိုရွေးပါ၊ ပြီးနောက် တစ်ကိုယ်ရည်သုံး အချက်အလက်များရှင်းပါ ကိုရွေးပါ၊ ထို့နောက် ယာယီမှတ်တမ်းမဆိုသောအရာတစ်ခုတည်းကိုသာရွေးပြီး အချက်အလက်ကို ရှင်းပါ ကိုနှိပ်ပါ။

CENO ဗားရှင်း 1.3.0 နှင့်အထက်တွင် နောက်ဆုံးကြည့်ရှုခဲ့သောဆိုက်များ၏ ထိန်းချုပ်ခံရခြင်းကို HTTPS ကို အမြဲတမ်းသုံးပြီး ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း ပြီးခဲ့သောအခန်းတွင် ရှင်းပြခဲ့ကြောင်းကို ကျေးဇူးပြုပြီး သတိရပါ။

အခြားစက်များသည် ကျွန်ုပ်၏ စက်က တင်ပို့ထားသော အကြောင်းအရာကို ပြန်မထုတ်နိုင်ပါ

ပထမဦးစွာ CENO ဆက်တင်များ စာမျက်နှာ သို့ သွား၍ သင့်စက်သည် အကြောင်းအရာကို တင်ပို့နေသေးကြောင်း သေချာအောင်လုပ်ပါ။ အခြား CENO သုံးစွဲသူများက မျှဝေထားသည် ရင်းမြစ် အကွက်ကိုသာ အမှန်ခြစ်၍ ချန်ထားပြီးနောက် ထိုအကြောင်းအရာကို ထပ်မံ ဝင်ရောက်သုံးစွဲကြည့်ပါ။ ၎င်းသည် (အနည်းဆုံး တစ်စိတ်တစ်ပိုင်း) တက်လာသင့်သည်။ ထို့ပြင် CENO လိပ်စာဘား အိုင်ကွန်ကို နှိပ်လျှင် အခြား CENO သုံးစွဲသူများက မျှဝေထားသည် သို့မဟုတ် သင် မျှဝေထားသည် အောက်တွင် သုညမဟုတ်သော တန်ဖိုးများကိုသာ ပြသသင့်သည်။

အကြောင်းအရာ တက်မလာလျှင် CENO က ၎င်းကို ဖယ်ရှားပြီးသောကြောင့် ဖြစ်နိုင်သည်။ ၎င်းသည် ဟောင်းသော အကြောင်းအရာ (ပုံသေအားဖြင့် တစ်ပတ်ထက် ပိုကြာသော အကြောင်းအရာ) ကို သင်၏ စက်တွင်း ယာယီသိမ်းဆည်းထားသော မှတ်ဉာဏ်မှ အလိုအလျောက် ရှင်းလင်းပစ်သည်။ ဆက်တင်များ စာမျက်နှာတွင် CENO ကွန်ရက်မှတစ်ဆင့် (အများသုံး) ရင်းမြစ်ကို ဖွင့်ပြီး အကြောင်းအရာကို ပြန်လည်ဝင်ရောက်သုံးစွဲပါ။ စက်က အကြောင်းအရာကို ဖြန့်ချိထားသော ယာယီသိမ်းဆည်းထားသည့် မှတ်ဉာဏ် အညွှန်းတွင် ကြေညာရန် နှစ်မိနစ်ခန့် စောင့်ပေးပါ။ အခြား CENO သုံးစွဲသူများက မျှဝေထားသည် ကို အမှန်ခြစ်ထားသည့် တစ်ခုတည်းသော အကွက်ဖြစ်အောင် ထပ်မံပြုလုပ်ပြီး အကြောင်းအရာကို ထပ်မံ ဝင်ရောက်သုံးစွဲပါ။ ၎င်းသည် တက်မလာသေးပါက ထိုအကြောင်းအရာကို မျှဝေရန် ဘေးမကင်းဟု Ouinet က ယူဆခြင်း ဖြစ်နိုင်သည်။

ယခင် အဆင့်က အလုပ်ဖြစ်သော်လည်း အခြား CENO သုံးစွဲသူများက မျှဝေထားသည် ရင်းမြစ်ကိုသာ ဖွင့်ထားသော အခြားစက်တွင် "ရင်းမြစ်ကို ပြန်ထုတ်၍ မရပါ…" ကို ပြသသေးလျှင် ဖြစ်နိုင်ခြေ နှစ်မျိုးရှိသည်။ စက်နှစ်လုံးစလုံးသည် ကွန်ရက်တစ်ခုတည်းတွင် ရှိနေလျှင် (ဥပမာ- တူညီသော Wi-Fi ဝင်ရောက်သုံးစွဲမှု ပွိုင့်တွင် ရှိနေလျှင်) ကွန်ရက်က ၎င်းနှင့် ချိတ်ဆက်ထားသော စက်များအကြား တိုက်ရိုက် ဆက်သွယ်ခွင့် မပြုခြင်း ဖြစ်နိုင်သည်။ ယင်းသည် အများသုံး Wi-Fi ကွန်ရက်အချို့တွင် ဖြစ်ပွားသောကြောင့် သီးသန့်ကွန်ရက်ကို အသုံးပြုကြည့်ပါ။

စက်များသည် ကွဲပြားသော ကွန်ရက်များတွင် ရှိနေပါက အကြောင်းရင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်သည်။ ၎င်းတို့ထဲမှ တစ်ခုမှာ ပထမစက်၏ ကွန်ရက်သည် အဝင် ချိတ်ဆက်မှုများကို ခွင့်မပြုခြင်း ဖြစ်သည်။ သင်သည် ၎င်း၏ CENO ဆက်တင်များ စာမျက်နှာကို ဖွင့်လျှင် ရောက်ရှိနိုင်မှု အခြေအနေ အောက်တွင် ရောက်ရှိနိုင်သည် သို့မဟုတ် ရောက်ရှိနိုင်ခြေ ရှိသည် ကို တွေ့သင့်သည်။ ထိုသို့ မဟုတ်ပါက ထိုကွန်ရက်မှ တင်ပို့ရန် မဖြစ်နိုင်ပါ။

နည်းပညာဆိုင်ရာ မှတ်ချက်- သင့်စက်သည် ဆုံးဖြတ်မထားသော ရောက်ရှိနိုင်မှုကို အစီရင်ခံပြီး သင်သည် ဝင်ရောက်သုံးစွဲမှု ပွိုင့်၏ စီစဉ်သတ်မှတ်မှုကို ပြောင်းလဲနိုင်ပါက သင်သည် သင့်လက်ခံစက်ထံ အမြဲတမ်း ပေါ့တ် တစ်ဆင့်ပို့ခြင်း စည်းကမ်းကို ဖန်တီးနိုင်သည်။ နောက်ထပ် လမ်းညွှန်ချက်များအတွက် ဤနေရာတွင် ကြည့်ပါ။

နောက်ဆက်တွဲ - Ouinet သုံးစွဲသူအတွက် စာမျက်နှာ

Ouinet သုံးစွဲသူ (ဥပမာ - CENO ဘရောက်ဇာ ကိုသုံးထားသော အပ်ပလီကေးရှင်း) တွင် အပ်ပလီကေးရှင်းရှိ အမှားများကို ဖယ်ထုတ်ရာတွင် အသုံးပြုနိုင်သည့် အချက်အလက်များနှင့် နည်းလမ်းများကို ဖော်ပြထားသည့် ရှေ့စာမျက်နှာကို ထည့်သွင်းထားသည်။ ၎င်းတို့အနက် အချို့ကို CENO အဆက်တွင် ရယူအသုံးပြုနိုင်မည် မဟုတ်ပါ။

ထိုရှေ့စာမျက်နှာကို သင့်စက်ရှိ မည်သည့် ဘရောက်ဇာနှင့်မဆို ဖွင့်ကြည့်နိုင်သည် (CENO ဘရောက်ဇာကိုလည်း သုံးနိုင်သည်)။ လိပ်စာမှာ http://127.0.0.1:8078/ ဖြစ်သည်။ ဖွင့်လိုက်လျှင် ဤသို့တွေ့ရမည်။

ပုံ - အသုံးပြုသူ၏ ရှေ့စာမျက်နှာ

စာမျက်နှာတွင် ပြသထားသော အကြောင်းအရာများတွင် အောက်ပါတို့ ပါဝင်သည် -

  • သင့်ဘရောက်ဇာတွင် အက်အပလီကေးရှင်းကို HTTPS ဖြင့် ချိတ်ဆက်နိုင်ရန် လိုအပ်သည့် ခွင့်ပြုချက်လက်မှတ် (CA) ရယူရန် လင့်ခ်ရိုးရိုးဘရောက်ဇာတွင် Ouinet client ကို စမ်းသပ်ရန်အတွက်သာ ဤလင့်ခ်ကို လိုအပ်ပါသည်။ ဤလင့်ခ်ကို အသုံးပြုရန်  HTTP/HTTPS ပရောက်စီများကို 127.0.0.1:8077 ဟု ပြောင်းရန်နှင့် အထူးပရောက်စီ ဆာဗာများ အလုပ်လုပ်စေရန် CENO အဆက်ကို ဖွင့်ရန် လိုအပ်ပြီး ဖွင့်ရာတွင် သီးခြား ဘရောက်ဇာ ပရိုဖိုင်ကို အသုံးပြုရန် အကြံပြုပါသည်။

အထူးသတိပြုရမည်မှာ CENO ဘရောက်ဇာကို အသုံးပြုထားလျှင် ရှေ့တွင် ဖော်ပြထားသည့် လမ်းညွှန်ချက်များကို လုပ်ဆောင်ရန် မလိုပါ။ CENO ဘရောက်ဇာများတွင် လမ်းညွှန်ချက်များအတိုင်း အဆင်သင့် ပြောင်းလဲထားပြီးဖြစ်သည်။

  • ပါဝင်သည့် အကြောင်းအရာများကို အသုံးပြုရာတွင် လိုအပ်သည့် ထိန်းချုပ်မှုများလုပ်ဆောင်နိုင်ရန် အဖွင့် အပိတ် လုပ်နိုင်သည့် ခလုတ်များ။

    • လုပ်ဆောင်ချက်များကို အဆင့်အလိုက် ရွေးချယ်နိုင်သည့် သေတ္တာများ။ ဥပမာ - စနစ်က အလိုအလျောက် ရွေးချယ်ထား သော INFO (သတင်းအချက်အလက် မက်ဆေ့ချ်များ၊ သတိပြုစရာများနှင့် အမှားများ) သို့မဟုတ် DEBUG (အမှားများကို သတင်းပို့ရာတွင် အသုံးဝင်သည့် လုပ်ဆောင်ချက်) စသည်ဖြင့် ရွေးချယ်နိုင်သည်။စာရင်းဖိုင်ကို ဖွင့်လိုက်သောအခါ စာရင်းအဆင့်ကို အလိုအလျောက် DEBUG သို့ ပြောင်းလဲသတ်မှတ်လိုက်သည် (ဒီနေရာတွင် သင် ပြန်လည်ပြောင်းလဲနိုင်သော်လည်း)။ စာရင်းဖိုင်ကို ပိတ်လိုက်သောအခါ မူလစာရင်းအဆင့်ကို ပြန်လည် ပြောင်းလဲသွားသည်။
  • ကမ္ဘာလုံးဆိုင်ရာ သုံးစွဲသူအခြေအနေနှင့် ဗားရှင်းသတင်းအချက်အလက်များ။ အမှားများကို အစီရင်ခံသည့်အခါ အသုံးဝင်သည်။

  • အများသုံးသော့ကို ထိုးသွင်းစက်မှ လက်မှတ်များကို စစ်ဆေးရန်အတွက် အသုံးပြုပြီး ၎င်းတို့ကို ရယူရန်အတွက် သီးသန့်စီစဉ်ထားသောနည်းလမ်းဖြစ်သည်။ bep5 ပုံသေနည်းလမ်းသည် BitTorrent ထိုးသွင်းစက် စာရင်းတွင် အင်တာနက်လိပ်စာများကို ရှာဖွေပါသည်။ ရှင်းပြချက်များကို ဒီနေရာတွင် ကြည့်ပါ။

  • ဖြန့်ချိထားသော ယာယီမှတ်ဉာဏ်မှ ထိုးသွင်းစက်များတွင်ရှိနေသည့် လက်မှတ်များကို အတည်ပြုစစ်ဆေးရန်အတွက် အများသုံးသော့များကို အသုံးပြုသည်။

  • သင့်စက်တွင် ယာယီ သိမ်းဆည်းထားသောမှတ်ဉာဏ် အချက်အလက်များတွင် ယာယီ သိမ်းဆည်းထားသောအကြောင်းအရာ၏ အကြာဆုံးသိမ်းနိုင်သော သက်တမ်း၊ ယာယီသိမ်းဆည်းထားသောမှတ်ဉာဏ်၏ ခန့်မှန်းခြေအရွယ်အစားနှင့် ထိုမှတ်ဉာဏ်အချက်အလက်များအားလုံးကို လုံးဝပိတ်ပစ်နိုင်သော ခလုတ်တစ်ခုတို့ပါဝင်သည်။

  • အကယ်၍ ဖွင့်ထားပါက ပြင်ပ၊ တည်တံ့သော ယာယီမှတ်ဥာဏ်၏ လမ်းကြောင်း (CENO သည် ဒီအရာကို လက်ရှိတွင် အသုံးမပြုပါ)။