Ceno ဘရောက်ဇာ အသုံးပြုခြင်း

ဤအခန်းတွင် Ceno ဘရောက်ဇာ သုံးစွဲပုံနှင့် ပတ်သက်၍ ၎င်း၏ Ouinet နှင့် သက်ဆိုင်သော စွမ်းဆောင်ရည်များကို ထည့်သွင်းစဉ်းစားထားသမျှ သင့်အား အကြံပြုချက်အချို့ ပေးသည်။ Ceno ကို Android အတွက် Firefox အပေါ်တွင် အခြေခံသောကြောင့် ယေဘုယျ ရှာဖွေမှု အကြောင်းအရာများနှင့် သက်ဆိုင်သော အကူအညီအားလုံးအတွက် သင်သည် Mozilla ၏ Android ပံ့ပိုးမှု အတွက် Firefox စာမျက်နှာများကို ရည်ညွှန်းသင့်ကြောင်း ကျေးဇူးပြု၍ အမြဲမှတ်သားထားပါ။

သင့်လျော်သည့် အချိန်တွင် စာသားကို ပုံဖော်ရန် စခရင်ရှော့(တ်)များ ပါဝင်ပါမည်။ အထူးသဖြင့် Ceno ၏ ဖန်တီးတီထွင်မှု တိုးတက်လာသည်နှင့်အမျှ ၎င်းတို့သည် သင့်စက်ပေါ်တွင် သင်မြင်သည့်အရာနှင့် အနည်းငယ် ကွာခြားနိုင်ကြောင်း ကျေးဇူးပြု၍ သတိပြုပါ။ ဤစာရွက်စာတမ်းသည် Ceno ဗာရှင်း ၁.၆.၀ အတွက် ခေတ်မီပါသည်။

သင့်အက်ပလီကေးရှင်းသည် ဤနေရာတွင် ဖော်ပြထားသည့်အရာနှင့် များစွာကွာခြားသော အသွင်အပြင်များ သို့မဟုတ် အပြုအမူအချို့ကို ပြသပါက ကျွန်ုပ်တို့ထံ cenoers@equalitie.org သို့ ဆက်သွယ်ပြီး ပြဿနာကို တိုင်ကြားရန် ဝန်မလေးပါနှင့်။