နောက်ဆက်တွဲ - Ouinet သုံးစွဲသူအတွက် စာမျက်နှာ

Ouinet သုံးစွဲသူ (ဥပမာ - Ceno ဘရောက်ဇာ ကိုသုံးထားသော အပ်ပလီကေးရှင်း) တွင် အပ်ပလီကေးရှင်းရှိ အမှားများကို ဖယ်ထုတ်ရာတွင် အသုံးပြုနိုင်သည့် အချက်အလက်များနှင့် နည်းလမ်းများကို ဖော်ပြထားသည့် ရှေ့စာမျက်နှာကို ထည့်သွင်းထားသည်။ ၎င်းတို့အနက် အချို့ကို Ceno အဆက်တွင် ရယူအသုံးပြုနိုင်မည် မဟုတ်ပါ။

ထိုရှေ့စာမျက်နှာကို သင့်စက်ရှိ မည်သည့် ဘရောက်ဇာနှင့်မဆို ဖွင့်ကြည့်နိုင်သည် (Ceno ဘရောက်ဇာကိုလည်း သုံးနိုင်သည်)။ လိပ်စာမှာ http://127.0.0.1:8078/ ဖြစ်သည်။ ဖွင့်လိုက်လျှင် ဤသို့တွေ့ရမည်။

ပုံ - အသုံးပြုသူ၏ ရှေ့စာမျက်နှာ

စာမျက်နှာတွင် ပြသထားသော အကြောင်းအရာများတွင် အောက်ပါတို့ ပါဝင်သည် -

  • သင့်ဘရောက်ဇာတွင် အက်အပလီကေးရှင်းကို HTTPS ဖြင့် ချိတ်ဆက်နိုင်ရန် လိုအပ်သည့် ခွင့်ပြုချက်လက်မှတ် (CA) ရယူရန် လင့်ခ်ရိုးရိုးဘရောက်ဇာတွင် Ouinet client ကို စမ်းသပ်ရန်အတွက်သာ ဤလင့်ခ်ကို လိုအပ်ပါသည်။ ဤလင့်ခ်ကို အသုံးပြုရန်  HTTP/HTTPS ပရောက်စီများကို 127.0.0.1:8077 ဟု ပြောင်းရန်နှင့် အထူးပရောက်စီ ဆာဗာများ အလုပ်လုပ်စေရန် Ceno အဆက်ကို ဖွင့်ရန် လိုအပ်ပြီး ဖွင့်ရာတွင် သီးခြား ဘရောက်ဇာ ပရိုဖိုင်ကို အသုံးပြုရန် အကြံပြုပါသည်။

အထူးသတိပြုရမည်မှာ Ceno ဘရောက်ဇာကို အသုံးပြုထားလျှင် ရှေ့တွင် ဖော်ပြထားသည့် လမ်းညွှန်ချက်များကို လုပ်ဆောင်ရန် မလိုပါ။ Ceno ဘရောက်ဇာများတွင် လမ်းညွှန်ချက်များအတိုင်း အဆင်သင့် ပြောင်းလဲထားပြီးဖြစ်သည်။

  • ပါဝင်သည့် အကြောင်းအရာများကို အသုံးပြုရာတွင် လိုအပ်သည့် ထိန်းချုပ်မှုများလုပ်ဆောင်နိုင်ရန် အဖွင့် အပိတ် လုပ်နိုင်သည့် ခလုတ်များ။

    • လုပ်ဆောင်ချက်များကို အဆင့်အလိုက် ရွေးချယ်နိုင်သည့် သေတ္တာများ။ ဥပမာ - စနစ်က အလိုအလျောက် ရွေးချယ်ထား သော INFO (သတင်းအချက်အလက် မက်ဆေ့ချ်များ၊ သတိပြုစရာများနှင့် အမှားများ) သို့မဟုတ် DEBUG (အမှားများကို သတင်းပို့ရာတွင် အသုံးဝင်သည့် လုပ်ဆောင်ချက်) စသည်ဖြင့် ရွေးချယ်နိုင်သည်။ စာရင်းဖိုင်ကိုလည်း သည်နေရာတွင် ဖွင့်ပြီး ရယူနိုင်ပါသည်။စာရင်းဖိုင်ကို ဖွင့်လိုက်သောအခါ စာရင်းအဆင့်ကို အလိုအလျောက် DEBUG သို့ ပြောင်းလဲသတ်မှတ်လိုက်သည် (ဒီနေရာတွင် သင် ပြန်လည်ပြောင်းလဲနိုင်သော်လည်း)။ စာရင်းဖိုင်ကို ပိတ်လိုက်သောအခါ မူလစာရင်းအဆင့်ကို ပြန်လည် ပြောင်းလဲသွားသည်။
  • ကမ္ဘာလုံးဆိုင်ရာ သုံးစွဲသူအခြေအနေနှင့် ဗားရှင်းသတင်းအချက်အလက်များ။ အမှားများကို အစီရင်ခံသည့်အခါ အသုံးဝင်သည်။

  • အများသုံးသော့ကို ထိုးသွင်းစက်မှ လက်မှတ်များကို စစ်ဆေးရန်အတွက် အသုံးပြုပြီး ၎င်းတို့ကို ရယူရန်အတွက် သီးသန့်စီစဉ်ထားသောနည်းလမ်းဖြစ်သည်။ bep5 ပုံသေနည်းလမ်းသည် BitTorrent ထိုးသွင်းစက် စာရင်းတွင် အင်တာနက်လိပ်စာများကို ရှာဖွေပါသည်။ ရှင်းပြချက်များကို ဒီနေရာတွင် ကြည့်ပါ။

  • ဖြန့်ချိထားသော ယာယီမှတ်ဉာဏ်မှ ထိုးသွင်းစက်များတွင်ရှိနေသည့် လက်မှတ်များကို အတည်ပြုစစ်ဆေးရန်အတွက် အများသုံးသော့များကို အသုံးပြုသည်။

  • သင့်စက်တွင် ယာယီ သိမ်းဆည်းထားသောမှတ်ဉာဏ် အချက်အလက်များတွင် ယာယီ သိမ်းဆည်းထားသောအကြောင်းအရာ၏ အကြာဆုံးသိမ်းနိုင်သော သက်တမ်း၊ ယာယီသိမ်းဆည်းထားသောမှတ်ဉာဏ်၏ ခန့်မှန်းခြေအရွယ်အစားနှင့် ထိုမှတ်ဉာဏ်အချက်အလက်များအားလုံးကို လုံးဝပိတ်ပစ်နိုင်သော ခလုတ်တစ်ခုတို့ပါဝင်သည်။

  • အကယ်၍ ဖွင့်ထားပါက ပြင်ပ၊ တည်တံ့သော ယာယီမှတ်ဥာဏ်၏ လမ်းကြောင်း (Ceno သည် ဒီအရာကို လက်ရှိတွင် အသုံးမပြုပါ)။