Ceno ဘရောက်ဇာ | ကိုယ်ရေးလုံခြုံမှု မူဝါဒ

Ceno ကိုယ်ရေးလုံခြုံမှုဆိုင်ရာ သတိပေးချက်

eQualit.ie သည် ၄င်းတို့၏ သုံးစွဲသူများ၊ ဖြန့်ဝေပေးသူများနှင့် ထောက်ပံ့ပေးသူများ၏ ပုဂ္ဂလိကအကျိုးစီးပွားကို ကာကွယ်ရန် ကတိကဝတ်ပြုထားပါသည်။ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ အသိပေးချက်သည် သင့်ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မည်သို့ အသုံးပြုသွားမည့်အကြောင်းကို ယေဘုယျအကြောင်းအရာများဖြင့် ရည်ရွယ်ဖော်ပြထားပါသည်။ eQualit.ie သည် ကနေဒါ အခြေစိုက် ကော်ပိုရေးရှင်းတစ်ခုဖြစ်ပြီး ၎င်းရုံးသည် မွန်ထရီရယ်မြို့တွင် တည်ရှိပါသည်။ ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ သတိပေးချက်ကို ကနေဒီယန်နှင့် ကွီဘက် ကိုယ်ရေးလုံခြုံမှုဆိုင်ရာ ဥပဒေများနှင့် နည်းဥပဒေများကို ကိုးကားပြီး ရေးသားထားခြင်းဖြစ်ပါသည်။ ကနေဒီယန်နှင့်ကွီဘက် ကိုယ်ရေးလုံခြုံမှုဆိုင်ရာ ဥပဒေများနှင့် ပတ်သက်ပြီး နောက်ထပ်အချက်အလက်များကို လေ့လာလိုပါက ကျေးဇူးပြုပြီး အောက်ပါလိပ်စာသို့ ဝင်ရောက်ကြည့်ရှုပါ -

သက်ရောက်မည့် နေ့ရက်နှင့် နယ်ပယ်

ဤကိုယ်ရေးလုံခြုံမှုဆိုင်ရာ သတိပေးချက်သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ အကျိုးသက်ရောက်မှု ရှိသည်။ ဤကိုယ်ရေးလုံခြုံမှုဆိုင်ရာ သတိပေးချက်ထဲတွင် "ကျွန်ုပ်"၊ "ကျွန်ုပ်တို့၏"၊ "ကျွန်ုပ်တို့ကို" အစရှိသော အသုံးအနှုန်းများသည် eQualit.ie ကို ကိုယ်စားပြုပါသည်။ ဤကိုယ်ရေးလုံခြုံမှုဆိုင်ရာ သတိပေးချက်သည် Ceno ဘရောက်ဇာမှတစ်ဆင့် ကျွန်ုပ်တို့ စုဆောင်းထားသော ဒေတာများနှင့် သက်ဆိုင်သော ကျွန်ုပ်တို့၏အပြုအမူများကို ထိန်းချုပ်ထားပါသည်။

Ceno အကြောင်း

Ceno ကို အွန်လိုင်းတွင် ဆင်ဆာဖြတ်ထားသော (ပိတ်ပင်ထားသော) အကြောင်းအရာများအား ပွင့်လင်းမြင်သာစွာ ဝင်ရောက်ကြည့်ရှုနိုင်ရန် ဖန်တီးပြုလုပ်ထားသည်။

အပြန်အလှန်ဆက်သွယ်မှုရှိသော အချက်အလက်များ

Ceno သည် Ceno အသုံးပြုသူများ ကြည့်ရှုထားသော အများသုံး ဝဘ်စာမျက်နှာများကို ဤစနစ်သုံးသည့် အခြားသောအသုံးပြုသူများမှ ထိုစာမျက်နှာများကို ကြည့်ရှုခွင့်ရအောင် စုဆောင်းထားသည်။ ကျွန်ုပ်တို့သည် အသုံးပြုသူများ၏ ကိုယ်ရေးလုံခြုံမှုကို အလေးထားရန်ကြိုးစားထားသော်လည်း ဤယန္တရားသည် တည်ဆောက်မှု၏အစပိုင်းအဆင့်တွင်သာ ရှိနေသေးသောကြောင့် အသုံးပြုသူများ၏ သီးသန့်ဝဘ်စာမျက်နှာများကို မတော်တဆ သိမ်းမိခြင်းများ ဖြစ်နိုင်ပါသည်။

Ceno ၏ စမ်းသပ်မှုဗားရှင်းတွင် ဆင်ဆာဖြတ်တောက်မှုကို ကျော်ဖြတ်ခြင်း ယန္တရားမှတဆင့် တောင်းဆိုထားသော စာမျက်နှာများအားလုံး၏ မှတ်တမ်းများကို သိမ်းဆည်းထားပါသည်။ မှတ်တမ်းများသည် သီးသန့်ဟု ယူဆခံရသော စာမျက်နှာများ၊ လုံခြုံရေးသတ်မှတ်ချက်များကို ခွဲခြားစိတ်ဖြာနိုင်ရန် သတ်မှတ်ထားသည့် မှတ်တမ်းများလည်း ပါဝင်ပါသည်။ ယခု မှတ်တမ်းအချက်အလက်များကို Ceno အခြေခံအဆောက်အအုံအတွင်း ပြဿနာများကို အဖြေရှာရန်အတွက် Ceno ဖွံ့ဖြိုးရေးအသင်းမှ အသုံးပြုပါသည်။ အခြားသူများကို အချက်အလက်များ မပေါက်ကြားစေပါ။

ကနေဒါနိုင်ငံပြင်ပ အချက်အလက်များ သိုလှောင်မှု

ကျွန်ုပ်တို့သည် အချက်အလက်များကို ကနေဒါနိုင်ငံပြင်ပတွင် သိမ်းဆည်းထားပါသည်။

အချက်အလက်များ သိမ်းဆည်းခြင်း မူဝါဒ

ဝဘ်စာမျက်နှာ အကျဉ်းချုပ် စုဆောင်းခြင်း အချက်များကို အကန့်အသတ်မရှိ သိမ်းဆည်းထားပါသည်။ စမ်းသပ်မှုများအတွက် မှတ်တမ်းများကို စမ်းသပ်ခြင်းနှင့် ဝေဖန်ပိုင်းခြားခြင်း အချိန်ပိုင်းအခြားအတွင်းသာ ထိန်းသိမ်းထားပြီး စမ်းသပ်မှုပြီး နောက်ပိုင်းတွင် ဖျက်ပစ်ပါလိမ့်မည်။

သင့်ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ရယူခြင်းနှင့် ပြုပြင်ခြင်း သို့မဟုတ် တိုင်ကြားချက်တစ်ခု ပြုလုပ်ခြင်းကို သင်မည်ကဲ့သို့ ပြုလုပ်ရမည်နည်း။

ဝဘ်စာမျက်နှာ အကျဉ်းချုပ်စုဆောင်းခြင်း သို့မဟုတ် စမ်းသပ်ခြင်း မှတ်တမ်းများတွင် သိမ်းဆည်းထားသော အချက်အလက်များသည် အသုံးပြုသူတစ်ယောက်ချင်းစီနှင့် တိုက်ရိုက် ချိတ်ဆက်ခြင်းမရှိပါ။ အကျိုးဆက်အနေဖြင့် ချိတ်ဆက်ထားသော အသုံးပြုသူတစ်ယောက်ချင်းစီအလိုက် အချက်အလက်များကို ရယူခြင်း သို့မဟုတ် ပြုပြင်ခြင်းများကို လုပ်ရန် မဖြစ်နိုင်ပါ။ သင့်တွင် မေးခွန်း သို့မဟုတ် မသေချာသောအချက်များရှိပါက privacy@equalit.ie မှတစ်ဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်နိုင်ပါတယ်။

ကနေဒါနိုင်ငံပြင်ပမှ လူပုဂ္ဂိုလ်များအတွက် အသိပေးချက်

ဤကိုယ်ရေးလုံခြုံမှုဆိုင်ရာ သတိပေးချက်ကို ကနေဒါနိုင်ငံ၏ ဥပဒေများနှင့် သက်ဆိုင်ရာ ပြည်နယ်ဥပဒေများဖြင့် ထိန်းချုပ်ထားသည်။ ကျွန်ုပ်တို့ထံ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ပေးပို့ခြင်းဖြင့် သင့်ကိုယ်ရေးကိုယ်တာအချက်အလက်များသည် ကနေဒါနိုင်ငံ၏ ဥပဒေများနှင့် သက်ဆိုင်ရာ ပြည်နယ်ဥပဒေများနှင့် သက်ဆိုင်လိမ့်မည်ကို သင်နားလည်သဘောပေါက်ရမည်။

ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ သတိပေးချက် အပြောင်းအလဲများ

ကျွန်ုပ်တို့သည် ကိုယ်ရေးလုံခြုံမှုဆိုင်ရာ သတိပေးချက်၏ အချို့သော ရှုထောင့်များကို အချိန်နှင့်အမျှ ပြောင်းလဲရန် လိုအပ်နိုင်ပါသည်။ ကိုယ်ရေးလုံခြုံမှုဆိုင်ရာ သတိပေးချက်တွင် အပြောင်းအလဲများရှိလာပါက ထိုအပြောင်းအလဲများ စတင်သက်ရောက်မည့် နေ့စွဲနှင့်အတူ ကျွန်ုပ်တို့၏ဝဘ်စာမျက်နှာတွင် ပို့စ်တင်ခြင်းနှင့် သင့်ထံ အီးမေးလ်ပို့ခြင်းများ ပြုလုပ်ပေးပါမည်။