Ceno ဘရောက်ဇာ | အချက်အလက် စာမျက်နှာ

Ceno အချက်အလက်စာမျက်နှာ

PDF ကို ဒေါင်းလုဒ်လုပ်ပါ

ခြုံငုံသုံးသပ်ချက်

Ceno ဆိုတာ ဘာလဲ။

လက်ရှိ အင်တာနက်ဆင်ဆာဖြတ်တောက်မှုနည်းလမ်းများနှင့် အသုံးပြုသူမှအသုံးပြုသူနည်းပညာ (p2p) ကို အသုံးပြု၍ ဒေသတွင်းအင်တာနက်ပြတ်တောက်မှုများကို ရှောင်ရှားနိုင်သည့် ကမ္ဘာ့ပထမဆုံးမိုဘိုင်းဘရောက်ဇာ

Ceno သည် -

  • censorship.no ကို ကိုယ်စားပြုသည်။ Ceno အား ဝင်ရောက်စွက်ဖက်ပြီး တရားမျှတမှုမရှိသော စောင့်ကြည့်မှု၊ ဆင်ဆာနှင့် ဖိနှိပ်မှုများ ကင်းစင်သော အင်တာနက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပုံဖော်ထားသည်။
  • eQualitie မှ တီထွင်ဖန်တီးပြီး မိတ်ဆက်ခဲ့သည်။

Ceno သည် -

Android နည်းပညာသုံး မိုဘိုင်းစက်ပစ္စည်းများတွင် အလုပ်လုပ်သည်။

Ceno ကို -

အဘယ်ကြောင့် အသုံးပြုသင့်သနည်း။

  • ဆင်ဆာဖြတ်ထားသော သို့မဟုတ် အင်တာနက်အား ကန့်သတ်ထားသော ဒေသများနှင့် ချိတ်ဆက်မှုအား စိတ်မချရသော သို့မဟုတ် ငွေကုန်ကြေးကျများသော နိုင်ငံများတွင် ကမ္ဘာပေါ်ရှိ မည်သည့်နေရာမှ လူများကိုမဆို ဝင်ရောက်ကြည့်ရှုနိုင်ရန် ဒီဇိုင်းထုတ်ထားသည်။
  • ဆင်ဆာဖြတ်ထားသော သို့မဟုတ် ကန့်သတ်ထားသော အကြောင်းအရာများကို ဝင်ရောက်ကြည့်ရှုရန် အခြားသူများအတွက် ပေါင်းကူးတစ်ခုဖန်တီးရန် အသုံးပြုနိုင်သည်။

မည်ကဲ့သို့သောအရာ ဖြစ်သနည်း။

  • ကမ္ဘာတစ်ဝှမ်းရှိ ထောင်ပေါင်းများစွာသော အရပ်သားများ၊ NGO များ၊ စုံစမ်းစစ်ဆေးရေး သတင်းထောက်များနှင့် အမှီအခိုကင်းသော မီဒီယာများအား ဝဘ်အကြောင်းအရာများကို ဝင်ရောက်ကြည့်ရှုရန်နှင့် မျှဝေရန် ကူညီပေးနေပြီဖြစ်သည်။
  • Ceno တွင် ရှိနေသည့် အကြောင်းအရာများသည် တည်ငြိမ်နေပြီး မီဒီယာဆင်ဆာဖြတ်တောက်မှုများ၊ ပိတ်သိမ်းမှုများ၊ သဘာဝ အနှောင့်အယှက်များ၊ မငြိမ်သက်မှုများ၊ ပဋိပက္ခများနှင့် စစ်ပွဲများအတွင်း၌ပင် ပြင်ပအေးဂျင့်များက အတင်းအကျပ် ဖယ်ရှား၍မရနိုင်ပါ။
  • Ceno ၏ p2p လမ်းကြောင်းပြောင်းလဲခြင်းနှင့် သိုလှောင်ခန်း၏ ဖြန့်ဖြူးမှုသည် အင်တာနက်အသုံးပြုမှု နှင့် စွမ်းအင်အသုံးပြုမှုကို လျှော့ချနိုင်သည်
  • (ပရောက်စီ/ virtual private network (VPN) မော်ဒယ်များနှင့်မတူဘဲ) စွမ်းဆောင်ရည်သည် အတိုင်းအတာဖြင့် တိုးတက်လာသည်။ ပိုမိုများပြားလာသော အသုံးပြုသူများသည် နှောင့်နှေးမှု (latency) ကို လျော့ကျစေပြီး သိုလှောင်မှု(storage) ကို တိုးလာစေသည်။

မည်ကဲ့သို့ အလုပ်လုပ်သနည်း။

  • BitTorrent ကဲ့သို့အလုပ်လုပ်သည် - ဝဘ်ဆာဗာအရင်းအမြစ်တစ်ခုမှမဟုတ်ဘဲ များစွာသောကွန်ရက်အရင်းအမြစ်များမှ အကြောင်းအရာများကို ဆွဲယူခြင်း၊ သိုလှောင်ခြင်းနှင့်မျှဝေခြင်း - သို့သော် ဘရောက်ဇာတစ်ခုဖြစ်သည်။
  • တည်ထောင်ထားသော ပွင့်လင်းရင်းမြစ် Ouinet စာကြည့်တိုက်နှင့် BitTorrent ပရိုတို‌ကောများကို အရင်းခံ ဗဟိုချုပ်ကိုင်မှုမရှိသော p2p ကွန်ရက်မှ အသုံးပြုသည်ခြင်းသည် ၎င်းကို ခံနိုင်ရည်ရှိပြီး ယုံကြည်စိတ်ချရစေသည်။
  • အခြားသော ဘရောက်ဇာများကို အသုံးပြုသည့်အတိုင်း ခံစားရစေသည်။
  • ယာယီသိမ်းဆည်းထားသော အကြောင်းအရာများကို အင်တာနက်မရှိသောအချိန်နှင့် ဒေသတွင်းသုံးကွန်ရက် (local area networks - LANs) တို့တွင် မျှဝေနိုင်ရန် တပ်ဆင်ထားသည်။

eQualitie သည် မည်သူတို့နည်း။

  • မွန်ထရီရယ်အခြေစိုက် ဒီဂျစ်တယ် လုံခြုံရေး ကုမ္ပဏီသည် ၂၀၁၀ ခုနှစ်မှ စတင်ပြီး အွန်လိုင်း ကိုယ်ရေးလုံခြုံမှု၊ ခံနိုင်ရည်ရှိမှုနှင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်မှုတို့ကို ဦးစားပေးသည့် ပွင့်လင်းရင်းမြစ်နှင့် ပြန်လည်အသုံးပြုနိုင်သောစနစ်များ၊ ကိရိယာများကို တီထွင်ဖန်တီးထားသည်။
  • Deflect.ca ဝန်‌ဆောင်မှုအား ထိန်းသိမ်းထားသည်။
  • အာဏာရှင်နိုင်ငံများတွင် လွတ်လပ်သော အခမဲ့ ဆက်သွယ်ရေးတို့ကို အလေးထားသည့် များစွာသော ပဏာမခြေလှမ်းတို့အတွက် ရည်ရွယ်သည်။
  • Dmitri Vitaliev မှ တည်ထောင်ခဲ့သည်။

လက်ရှိ အသုံးပြုလျက်ရှိသူများ

  • ပျမ်းမျှလစဉ်အသုံးပြုသူများ - ၁၀,၀၀၀ နှင့် အထက်
  • လစဉ်အသုံးပြုသူအသစ်များ - ၁၀,၀၀၀
  • နိုင်ငံအလိုက် အသုံးပြုသူ အများစု- ယူကရိန်း ၄၈ ရာခိုင်နှုန်း၊ ရုရှား ၁၇ ရာခိုင်နှုန်း၊ အီရန် ၁၅ ရာခိုင်နှုန်း၊ မြန်မာ ၅ ရာခိုင်နှုန်း၊ ပိုလန်၊ အမေရိကန်နှင့် ဂျာမနီ ၃ ရာခိုင်နှုန်း

Ceno အလုပ်လုပ်ပုံ

နယူးယောက်မြို့ရှိ မိုဘိုင်းဖုန်းအသုံးပြုသူတစ်ဦးသည် သူမ၏ Ceno ဘရောက်ဇာတွင် BBC.com ရှိ သတင်း‌ဆောင်းပါးတစ်ခုကို ဖတ်ရှူသည်။

Ceno သည် ဆောင်းပါးအကြောင်းအရာကို လက်မှတ်ထိုး၍ ယာယီမှတ်ဉာဏ်တွင်သိမ်းဆည်းပြီး ဗဟိုချုပ်ကိုင်မှု ကင်းမဲ့စေသည်။

အင်တာနက်ဆင်ဆာဖြတ်တောက်ခြင်း သို့မဟုတ် အင်တာနက်ပြတ်တောက်ခြင်းတို့ရှိလင့်ကစား Ceno အသုံးပြုသူများသည် မည်သည့်နေရာတွင်မဆို ၎င်းတို့၏ မိုဘိုင်းဖုန်းတွင် တူညီသော ဆောင်းပါးကို ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဖတ်ရှုနိုင်သည်။ သို့ဖြစ်၍ အခြားသော Ceno အသုံးပြုသူများကို မျှဝေနိုင်သည်။

ကိန်းဂဏန်း အရေအတွက်များ

ဧပြီ ၂၀၂၂ အထိ Ceno သည် -

  • Google Play Store မှ ဒေါင်းလုဒ်များ - ၃၃,၂၉၇
  • အစားထိုး marketplaces များမှ တပ်ဆင်ခြင်းများ - ၆,၅၁၄
  • Docker Hub မှ ရယူခြင်းများ - ၅၉၇
  • GitHub repositories မှ ရယူခြင်းများ - ၁,၇၆၈
  • မတ် ၂၀၂၂ တွင် သီးသန့်ပါဝင်သူများ - ၂၈,၉၁၄
  • ကမ္ဘာတစ်ဝှမ်းရှိ Ceno ပေါင်းကူးများ - ၂၅ ခု (ယူကရိန်းတွင် ၆ခု၊ ရုရှားတွင် ၉ခု နှင့် ကျန်ပေါင်းကူးများမှာ အရှေ့အလယ်ပိုင်း၊ အရှေ့ ဥရောပ နှင့် အာရှတို့တွင် ရှိသည်)
  • အင်တာနက်ကွန်ရက်များ လုံးဝဥဿုံ ပိတ်ချထားချိန်တွင် နိုင်ငံတွင်း ဆက်သွယ်ရေးပွိုင့်များမှ BitTorrentကို အသုံးပြုနိုင်ကြောင်း သေချာစေသော Bootstrap ဆာဗာများ - ၈ ခု (ဥရောပအရှေ့ပိုင်း၊ မြန်မာ၊ အီရန် နှင့် ရုရှား တို့တွင် ရှိသည်)

Ceno ခွဲခြမ်းစိတ်ဖြာချက်များ

Ceno ဘရောက်ဇာသည် အသုံးပြုသူတစ်ယောက်ချင်းထံသို့ မူလဆာဗာမှရရှိလာသော ရင်းမြစ်များကို တိုက်ရိုက် ပြသပေးသည် (ထိုးသွင်းစက်များမှ တစ်ဆင့် အလုပ်လုပ်ပြီး p2p ကွန်ရက်မှတစ်ဆင့် လက်ခံရရှိသည်)။ Ceno ဘရောက်ဇာသည် အသုံးပြုသူတစ်ဦး၏ စက်ပစ္စည်းမှ အခြားသော အသုံးပြုသူများအား မည်မျှ မျှဝေထားသည်ကိုလည်း ပြသပေးသည်။

Ceno white-label ထုတ်ဝေမှုအတွက် အဓိက စွမ်းဆောင်ရည် တိုင်းတာချက်များတွင် (က) DHT ရှိ လက်လှမ်းမီနိုင်သော ပေါင်းကူး node များနှင့် မူလရင်းမြစ် အရေအတွက် (ခ) ထိုးသွင်းစက် ဆာဗာများမှ ဝန်ဆောင်မှုပေးသော ကွဲပြားသော ဝဘ်အရင်းအမြစ်များ အရေအတွက် နှင့် bandwidth တို့ ပါဝင်သည်။

Ceno ၏ ဗဟိုချုပ်ကိုင်မှု လျှော့ချရေးလုပ်ဆောင်ချက်ကို ထည့်သွင်းစဉ်းစားသည့် သိသာထင်ရှားသော မြင်သာမှုနှင့် လုပ်ဆောင်ချက် တိုင်းတာချက်များအား တိုင်းတာနိုင်သည့် အခြားသော စံနှုန်းများကို ဖန်တီးပြုလုပ်နိုင်သည်။ အသုံးပြုသူများကို သတ်မှတ်ထားခြင်းမရှိပဲ (က) အမည်ဝှက်ထားသော ကွန်ရက်သတ်မှတ်မှုစနစ်များနှင့် ၎င်းတို့၏ကွန်ရက်ထိုးသွင်းစက်များအား အသုံးပြုမှု၊ (ခ) မူရင်းနိုင်ငံ နှင့် (ဂ) သီးခြား စက်ပစ္စည်းသတ်မှတ်မှုများ အတွက် ခွဲဖြန့်ထားသော ဒေတာတည်ဆောက်ပုံ ဇယား တို့မှ တစ်ဆင့် ပါဝင်မှုကို တိကျစွာ ခန့်မှန်းနိုင်မည် ဖြစ်သည်။

Clean Insights SDK ကို ပေါင်းစပ်ခြင်းသည် အသုံးပြုသူများ၏ အားသာချက်မှ ဖြန့်ချိထားသော ယာယီမှတ်ဉာဏ် အသုံးပြုမှု အပါအဝင် မက်ထရစ်များကို တိုင်းတာသည့် ခိုင်မာသော ကိုယ်ရေးကိုယ်တာ-လေးစားမှုဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုကို ပေးသည့်နည်းလမ်းအဖြစ် စူးစမ်းရှာဖွေလျက်ရှိသည်။

၂၀၂၂ ခု၊ ဧပြီလ ၌ Ouinet

Ouinet ၏ ထိုးသွင်းစက်များသည် ဗဟိုချုပ်ကိုင်မှုကင်းသည့် အကြောင်းအရာမျှဝေခြင်း ကွန်ရက်တွင် ထူးခြားသည့် ဝဘ်ဆိုဒ် ၃၀,၀၀၀ ကျော်မှ စာမျက်နှာပေါင်း ၂သန်းခန့် (ဒေတာ ၆၀၂ GB) ကို မိတ်ဆက်ပေးခဲ့သည်။

အင်တာနက် ပိတ်ဆို့ဖြတ်တောက်မှုများ

အင်တာနက် ပိတ်ဆို့ဖြတ်တောက်မှုသည် အမျိုးမျိုးသော အင်တာနက် အသုံးပြုခြင်း ကန့်သတ်ချက်မှု အခြေအနေတို့ကို လွှမ်းခြုံထားသော ကျယ်ပြန့်သည့် ဝေါဟာရတစ်ခု ဖြစ်သည်။ ပိတ်ဆို့ဖြတ်တောက်ခြင်းတွင် တိကျသော နည်းပညာဆိုင်ရာအချက်အလက်များသည် မီဒီယာဖော်ပြမှုများတွင် ပျောက်ဆုံးနေတတ်သည်။ ပိတ်ဆို့ဖြတ်တောက်မှုကို အောက်ပါအတိုင်း ရည်ညွှန်းနိုင်သည်။

  • အဆင့် ၁။ ဆင်ဆာဖြတ်တောက်မှု၊ ဆိုက်ဘာတိုက်ခိုက်မှုများ၊ သဘာဝဘေးအန္တရာယ်များ၊ ရဲ သို့မဟုတ် လုံခြုံရေးဝန်ဆောင်မှုများ၏ လုပ်ဆောင်ချက်များ သို့မဟုတ် အမှားအယွင်းများ စသည်တို့သည် အင်တာနက် ဝန်ဆောင်မှုများအား တစိတ်တစ်ပိုင်း သို့မဟုတ် လုံးဝဥဿုံ ပြတ်တောက်မှုများကို ဖြစ်ပေါ်စေနိုင်သည်။ VPN များ လုံးဝ မရနိုင်တော့သောအချိန်(ဥပမာ- ၂၀၂၂ ခုနှစ်တွင် ရုရှား၊ ၂၀၂၀ ခုနှစ်တွင် ဘဲလားရက်စ် နှင့် ၂၀၁၉ ခုနှစ်တွင် အီရန်) သို့မဟုတ် နိုင်ငံတကာ ဆက်သွယ်မှုများ ဖြတ်တောက်ခံရသောအချိန်(ဥပမာ- ၂၀၁၉-၂၀၂၀ ခုနှစ်တွင် အိန္ဒိယ ကာရှီမာ နှင့် ကျူဘား) စသည့် ပြင်းထန်သည့် ကွန်ရက် ပိတ်ဆို့ဖြတ်တောက်မှုများ၏ အဖြစ်အပျက်များကို Ceno မှ ဖြေရှင်းပေးနိုင်သည်။
  • အဆင့် ၂။ နိုင်ငံတွင်း ကွန်ရက်များအလုပ်လုပ်နိုင်သော်လည်း နိုင်ငံပြင်ပတွင်ရှိနေသော ဆာဗာများနှင့် ဝန်ဆောင်မှုများကဲ့သို့သော နိုင်ငံတကာ ဆက်သွယ်မှုများကို ဖြတ်တောက်ခြင်းများ (ဥပမာ- ၂၀၂၁ ခုနှစ်တွင် ကာဇက်စတန်) ရှိသည်။ Ceno သည် ယခုကဲ့သို့ နိုင်ငံတွင်း အဖြစ်အပျက်များတွင် ဆက်လက် အလုပ်လုပ်နိုင်သည်။
  • အဆင့် ၃။ သဘာဝဘေးအန္တရာယ်နှင့် စစ်ပွဲများကဲ့သို့သော အချိန်များတွင် (ဥပမာ- ၂၀၂၂ ခုနှစ်တွင် မာရီပူလ်) လျှပ်စစ်ဓာတ်အားများ အလုပ်မလုပ်တော့သည့်အချိန်၌ Ceno သည် စက်ပစ္စည်းများအလုပ်လုပ်နိုင်သလောက် ပါဝါ(ဘက်ထရီ)ရှိနေသည့်အချိန်နှင့် နီးနီးကပ်ကပ်ရှိနေသည့် အချိန်များတွင် စက်ပစ္စည်းများအချင်းချင်း ချိတ်ဆက် ဆက်သွယ် အလုပ်လုပ်နိုင်သေးသည်။

နိုင်ငံအများအပြားတွင် လက်ရှိ ဆင်ဆာဖြတ်တောက်ခြင်း နည်းလမ်းများနှင့် ဆက်သွယ်မှုများကို ပိတ်ပင်ကန့်ကွက်ခြင်းနှင့် အင်တာနက်ပေါ်တွင် သတင်းအချက်များ လွတ်လပ်စွာ စီးဆင်းခြင်းများကို ရင်းမြစ်မှစ၍ဖယ်ထုတ်နိုင်ရန်အတွက် ခေတ်မီသော စောင့်ကြပ်ခြင်းများနှင့် ကွန်ရက်စစ်ထုတ်ခြင်း နည်းပညာများကို မိတ်ဆက်ထားသည်။ တချို့သည် ကွန်ရက်တစ်ခုလုံးကို နိုင်ငံတကာဆက်သွယ်မှုများမှ ဖြတ်တောက်ခြင်းကဲ့သို့သော အနီးအနား၊ ဒေသအလိုက်နှင့် နိုင်ငံအလိုက် ဖြတ်တောက်ခြင်းများကို ပြုလုပ်ထားကြသည်။

ယနေ့ခေတ်အသုံးပြုလျက်ရှိနေသော ပြဿနာဖြေရှင်းခြင်းနည်းစနစ်များသည် အသုံးပြုသူအား ဆင်ဆာဖြတ်တောက်ခြင်းမရှိသော နေရာတွင်ရှိသည့် ဆင့်ပွားကွန်ရက်တစ်ခုကို ပထမဆုံးချိတ်ဆက်ရန်လိုအပ်သည်။ ဆင်ဆာဖြတ်တောက်ခြင်းနှင့် ဖြေရှင်းခြင်းနည်းများ (ဆန်းသစ်သော ပရောက်စီ ဖြန့်ဖြူးခြင်း၊ လမ်းကြောင်းရှုပ်ထွေးခြင်း၊ တမင်တကာပြုလုပ်သော ကိစ္စရပ်များကြောင့် ပျက်စီးခြင်း၊ ကွန်ရက်ချိတ်ဆက်မှုကို လှည့်စားခြင်းအတွက် ISP များနှင့် လက်တွဲအလုပ်လုပ်ခြင်းနှင့် စသည်ဖြင့်) သည် "ကြောင်နှင့်ကြွက်" ဂိမ်းကဲ့သို့ ရရှိသော အဖြေသည် ချိတ်ဆက်ခြင်းနှင့် ဒစ်ဂျစ်တယ် အကြောင်းအရာများကို ဖြန့်ချိရေးအတွက် လုံလောက်သေချာခြင်း မရှိတော့ပါ။

Ceno မှ ဆင်ဆာဖြတ်တောက်မှုကို ရှောင်ရှားပုံ

နောက်ဆုံး၌ လက်ရှိ ရှိနေသော ဆင်ဆာဖြတ်တောက်ခြင်းနည်းလမ်းများတွင် ကျရှုံးနိုင်သောအချက်တစ်ချက် ရှိနေသည်၊ အသုံးပြုသူက ဆင်ဆာ စောင့်ကြည့်နေသောနေရာ firewall ကို ထိုးဖောက်ရန် လိုအပ်သည်။ ၂၀၁၉ ခုနှစ်တွင် အီရန်၊ ၂၀၂၀ ခုနှစ်တွင် ဘဲလားရစ်၊ ၂၀၂၁ ခုနှစ်တွင် ကာဇက်စတန်နှင့် ယခုနှစ်အတွင်း ရုရှားတွင် လွတ်လွတ်ကျွတ်ကျွတ် အင်တာနက် အသုံးပြုနိုင်ခြင်းကို ဖြတ်တောက်ခြင်း တို့ကို သက်သေထားလျက် ဆင်ဆာဖြတ်တောက်ခြင်း နည်းလမ်းများသည် သည်နိုင်ငံများရှိ အသုံးပြုသူများအတွက် အလုပ်မဖြစ်ကြောင်းကို သိနိုင်သည်။ Ceno သည် ၎င်းအခြေအနေများအတွက် ဖြေရှင်းချက်တစ်ခု ဖြစ်နေကြောင်းကို ကိုယ်တိုင် သက်သေပြထားပြီး ဖြစ်ည်။ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးခြင်းသည် ပိုမိုအသုံးဝင်ခြင်း၊ နည်းပါးသော နှေင့်နှေးမှုများ နှင့် ထိရောက်သော ဗဟိုချုပ်ကိုင်မှုမရှိသည့် အသုံးပြုသူမှ အသုံးပြုသူ ဆက်သွယ်ခြင်းများနှင့် ဖြန့်ဖြူးထားသော ယာယီမှတ်ဉာဏ်သိုလှောင်ခြင်းများကို သေချာစေနိုင်သည်။

အသုံးပြုသူ မှတ်ချက်များ

ရုရှား

"တော်တော်ကောင်းတဲ့ ဘရောက်ဇာပါ။ VPN မလိုပဲ ပိတ်ထားတဲ့ ရင်းမြစ်တွေကို ကြည့်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အင်တာနက် ကွန်ရက်တွေမရှိရင်တောင် အသုံးဝင်ပါသေးတယ်။"

"ရုရှားမှ VPN တွေကို ပိတ်ထားဖို့ ခြိမ်းခြောက်ထားတဲ့အတွက် Ceno ကတော့ တော်တော်လေး အလားအလာရှိပါတယ်။ သင်တို့ရဲ့ ISPမှာ အသွားအလာ(traffic) အများအပြား ကဲ့သို့သောအရာများကြောင့် ဖြစ်နိုင်ပြီး အသွားအလာတွေကို မူပိုင်ခွင့်ကို လေးစားတန်ဖိုးထားသည့် အနောက်နိုင်ငံများနှင့် မတူပဲ ရုရှားမှာတော့ ပုံမှန် ဖြစ်ပါတယ်။ မော်စကိုမှာဆိုရင်လည်း ရဲတွေက ဖုန်းတွေကို ပြခိုင်းပြီး သင့်မှာ ရှိနေတဲ့ အပ်ပလီကေးရှင်းတွေကို ပြခိုင်းပါတယ်။ ကျနော်တို့မှာလည်း ဒီလို ထိန်းချုပ်မှုတွေ ရှိနေပါတယ်။ သူတို့က VPN တွေ ဒါမှမဟုတ် Signal, Telegram လိုမျိုး မက်စေ့ပို့နိုင်တဲ့ အပ်ပလီကေးရှင်းတွေကို ကြည့်ပါတယ်။ Ceno ကတော့ ပုံမှန် ဘရောက်ဇာလိုပါပဲ၊ ဒီတော့ သူတို့မေးတဲ့အခါ ကျွန်ုပ်က ဒါဟာ ဘရောက်ဇာတစ်ခုပါလို့ ပြောလိုက်ပါတယ်၊ ထပ်ပြီး မေးခွန်းတွေကို မမေးတော့ပါဘူး၊ ပြဿနာလည်း မရှိခဲ့ပါဘူး။ ကျွန်ုပ်က ရှာဖွေမှုမှတ်တမ်းတွေကို ထွက်တဲ့အချိန် ပုံမှန်ဖျက်ပစ်ခြင်းကို ရွေးထားပါတယ်။ ဒီတော့ ဒါဟာ ဝဘ်ဆိုက်တွေကို ရယူကြည့်ရှုနိုင်ခြင်းသာမကပဲ ကြည့်ရတာ ရိုးသားပုံပေါက်နေတဲ့အတွက် တော်တော်လေး အဆင်ပြေပါတယ်။"

"အခုလိုမျိုး ကောင်းမွန်တဲ့ ထုတ်ကုန်တစ်ခုအတွက် ကျေးဇူးတင်ပါတယ်။ သင်တို့ရဲ့ ဘရောက်ဇာက @meduzaproject က အပ်ပ် ထက် http://meduza.io ကို ဝင်ကြည့်တာ ပို မြန်မြန် ပွင့်လာပါတယ်။"

မြန်မာ

“ပိတ်ဆို့ထားတဲ့ ဝဘ်ဆိုဒ်တွေကြောင့် အဆင်မပြေမှုတွေ အများကြီးရှိခဲ့ပါတယ်။ ဒီအက်ပ်မှာ ကောင်းကောင်းမွန်မွန် အလုပ်လုပ်ကြောင်းတွေ့မြင်ရသည်တာ အတော်လေးကောင်းပါတယ်။ ဒါက ကျွန်ုပ်တို့၏ ဒစ်ဂျစ်တယ်အခွင့်အရေးဖြစ်ပါတယ်။ ဒါကြောင့် တစ်ခါတလေတော့ ကျွန်ုပ် ဆက်သုံးဖြစ်ပါမယ်။”

"အက်ပ်ထဲမှာ ကျွန်တော်မြင်လိုတဲ့ လုပ်ဆောင်ချက်တွေ အများကြီးရှိပါသေးတယ်။ ဒါပေမယ့် ဒါက လုံးဝကို အဆင်ပြေပြီး အသုံးဝင်တဲ့ အက်ပ်တစ်ခုပါ။"

အီရန်

"ဒီအက်ပ်က အီရန်မှာ ပြင်းပြင်းထန်ထန် အင်တာနက်ပြတ်တောက်မှုတွေဖြစ်နေတဲ့အချိန်တွေအတွင်းမှာ ကျွန်ုပ်တို့တွေရဲ့ မျှော်လင့်ချက်တွေထဲကတစ်ခုပါ။ ကျေးဇူးပြုပြီး ဆက်လက်ပြီးတော့ ပိုကောင်းအောင် ဆောင်ရွက်ပေးပါ။ ကျေးဇူးတင်ပါတယ်။"

"ဒါက ကောင်းမွန်တဲ့ ဘရောက်ဇာတစ်ခုပါ၊ အထူးသဖြင့် အင်တာနက်ကို လွတ်လွတ်လပ်လပ်သုံးခွင့်မရှိဘူး၊ ပြီးတော့ အစိုးရဘက်ကနေ အရာအားလုံး၊ breakers တွေကိုပါ ကို ပိတ်ပင်ထားပြီးတော့ သုံးနေရတဲ့ ကျွန်ုပ်တို့ အီရန်နိုင်ငံသားတွေ အတွက်ပါ။"