Ceno ဘရောက်ဇာ | ကမ္ဘာ့ပထမဆုံး ဗဟိုချုပ်ကိုင်မှု မရှိသော p2p မိုဘိုင်း ဘရောက်ဇာကို eQualitie မှ မိတ်ဆက်လိုက်သည်

ကမ္ဘာ့ပထမဆုံး ဗဟိုချုပ်ကိုင်မှု မရှိသော p2p မိုဘိုင်း ဘရောက်ဇာကို eQualitie မှ မိတ်ဆက်လိုက်သည်။

Ceno ဘရောက်ဇာသည် ဆင်ဆာဖြတ်တောက်ခံရသော ချိတ်ဆက်မှုများရှိသည့်နေရာများတွင် အချက်အလက်များအား မည်သူမဆို ဝင်ရောက်ကြည့်ရှုနိုင်ပြီး မျှဝေနိုင်ပါသည်။

မွန်ထရီရယ် ၊ မေ ၁၀ ၂၀၂၂ : ပွင့်လင်းရင်းမြစ် နှင့် ပြန်လည်အသုံးချနိုင်သော ဒစ်ဂျစ်တယ် လုံခြုံရေးစနစ်များ၏ တီထွင်သူ eQualitie သည် ၎င်း၏ အသစ်ဆုံး ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိရိယာဖြစ်သည့် Ceno ဘရောက်ဇာကို အများပြည်သူထံသို့ မိတ်ဆက်ပေးခြင်းအား ကြေညာရန် ကျေနပ်ပါ သည်။ censorship.no၏အတိုကောက် Ceno သည် အထူးသဖြင့် လက်ရှိ အင်တာနက် ဆင်ဆာဖြတ်တောက်မှုနည်းလမ်းများကို ရှောင်ရှားနိုင်ရန်အတွက် ပြုလုပ်ထားသည့် ကမ္ဘာ့ပထမဆုံး မိုဘိုင်းဘရောက်ဇာဖြစ်ပါသည်။ ၎င်းသည် လူများအား ဆက်သွယ်မှု ပြတ်တောက်ခြင်း သို့မဟုတ် အပေးအယူ ပြတ်တောက်သွားသည့် ဒေသများအတွင်း နှင့် အနှံ့အပြားတွင် သတင်းအချက်အလက်များကို ရယူမျှဝေနိုင်စေပါသည်။

Ceno သည် တည်ရှိနေပြီးသော နည်းပညာများကို နည်းလမ်းသစ်များဖြင့် အသုံးချထားသည်။ အသုံးပြုသူများသည် ပုံမှန် မိုဘိုင်းဘရောက်ဇာတစ်ခုကို အသုံးပြုနေသကဲ့သို့ ဆင်တူ‌အောင် ပြုလုပ်ထားချိန်တွင် Ceno သည် အခြား ဘရောက်ဇာများ မလုပ်နိုင်သော သို့မဟုတ် မလုပ်သောအရာများဖြစ်သည့် Ouinet စာကြည့်တိုက်နှင့် BitTorrent ပရိုတိုကောများဖြင့် အသုံးပြုသူမှ အသုံးပြုသူသို့ ကွန်ရက်ချိတ်ဆက်မှုအဖြစ် အလုပ်လုပ်သည်။ ဝက်ဘ်အကြောင်းအရာများကို ရှာဖွေတွေ့ရှိခြင်း၊ သိမ်းဆည်းခြင်းနှင့် p2p ပြောင်းလဲခြင်းဖြင့် ဗဟိုချုပ်ကိုင်မှုကိုလျှော့ချခြင်းတို့ကြောင့် ပြင်ပကိုယ်စားလှယ်များမှ အတင်းအကျပ်ဖယ်ရှား၍မရနိုင်ပါ။ ထို့အပြင် Ceno သည် ‌‌ဒေသတွင်းကွန်ရက်(LAN)မှတစ်ဆင့် ယာယီသိမ်းဆည်းထားသော အကြောင်းအရာများကို ချိတ်ဆက်မှုကွန်ရက်မရှိသောအချိန်များတွင် ရယူရန်နှင့် မျှဝေနိုင်ရန် ပြုလုပ်ထားသည်။ Ceno ၏ ခံနိုင်ရည်ရှိခြင်းသည် မီဒီယာဖြတ်တောက်ခံရခြင်းများ၊ စစ်ထုတ်ခြင်းများ၊ တိုက်ခိုက်ခြင်းများ၊ ပိတ်ချခြင်းများ၊ သဘာဝဘေးအန္တရာယ်များ၊ အခြေအနေမငြိမ်သက်ခြင်းများ၊ ပဋိပက္ခများနှင့် စစ်ပွဲများအတွင်းတွင် ဝက်ဘ်အချက်အလက်များကို တည်ငြိမ်သောချိတ်ဆက်မှုများဖြင့်ရယူနိုင်ရန်နှင့် မျှဝေခြင်းများပြုလုပ်နိုင်ရန် လိုအပ်သူများအတွက် စံပြ ဖြစ်စေသည်။ Ceno ၏ လမ်းကြောင်းပြောင်းလဲခြင်းနှင့် ဖြန့်ချိခြင်းများသည် အင်တာနက်သုံးစွဲမှုနှင့် အခြားဆက်စပ်နေသော ကုန်ကျစားရိတ်များကိုလည်း သိသာစွာ လျှော့ချပေးနိုင်သည်။

"Ceno ဟာ အနာဂါတ်အတွက် အလားအလာကောင်းရှိနေပြီးတော့ ဒီမိုကရေစီလှုပ်ရှားမှုတွေနဲ့ ဆောင်ရွက်တာတွေမှာ သက်ဆိုင်နေတဲ့လူတွေအတွက် အခွင့်အခါကောင်းမှာ Ceno ကို မိတ်ဆက်လိုက်ပါပြီ" ဟု eQualitie မှ တာဝန်ရှိသူဖြစ်သော တည်ထောင်သူ၊ ဒါရိုက်တာ Dmitri Vitaliev မှ ပြောလိုက်ပါသည်။ "ဒါဟာ ထောင်ပေါင်းများစွာသော ပြည်သူတွေ၊ NGO တွေ၊ စုံစမ်းရေး သတင်းသမားတွေ၊ လွတ်လပ်တဲ့ မီဒီယာတွေ အစရှိတဲ့ သူတွေကို သူတို့ရဲ့ မိုဘိုင်းဖုန်းကနေတဆင့် နိုင်ငံတကာကို သတင်းအချက်အလက်တွေမျှဝေနိုင်ဖို့ အကူအညီ ဖြစ်နေပါပြီ။"

လက်ရှိတွင် Ceno ကို ကမ္ဘာတစ်ဝှမ်းမှ သိန်းပေါင်းများစွာသောလူများက အသုံးပြုလျက်ရှိသည်။ စစ်အာဏာရှင်များနှင့် ဒီဂျစ်တယ်အခွင့်အရေးဆိုင်ရာထင်မြင်ချက်များကို မလေးစားသောအုပ်ချုပ်ပုံများရှိသည့် မြန်မာနိုင်ငံနှင့် အီရန်နိုင်ငံ၊ ကျော်စစ်ဆင်နွှဲနေသော ရုရှားနိုင်ငံကြောင့် နိုင်ငံတွင်း အင်တာနက်အဆောက်အအုံများကို ထိခိုက်ပျက်စီးသွားစေသော ယူကရိန်းနိုင်ငံနှင့် တင်းကျပ်သော အင်တာနက်ဆင်ဆာဖြတ်တောက်မှုများ တိုးတက်နေဆဲဖြစ်သော ရုရှားနိုင်ငံ တို့လည်း အပါအဝင်ဖြစ်သည်။ Ceno သည် Android စနစ်သုံး စက်ပစ္စည်းများတွင် အလုပ်လုပ်သည်၊ ၎င်းကို Ceno websiteGoogle PlayGitHubPaskoocheh နှင့် Zanga.tech တို့တွင် ဒေါင်းလုဒ်ရယူနိုင်သည်။ ၎င်း(Ceno) သည် ဒီဂျစ်တယ် ဒီမိုကရေစီအသွင်ကူးပြောင်းရေး အက်ပ်များစွာထဲမှတစ်ခုဖြစ်ပြီး eQualitie မှ ပုံဖော် တည်ဆောက်ထားသည်။

နောက်ထပ်အချက်အလက်များအတွက်၊ Ceno အချက်အလက်စာမျက်နှာ သို့ ဝင်ရောက်ကြည့်ရှုပါ။

eQualitie အကြောင်း

မွန်ထရီရယ် အခြေစိုက် eQualitie အား Dmitri Vitaliev မှ ၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဦးဆောင်မှုပြုခဲ့သည်။ eQualitie အား ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၈၊ ၁၉ နှင့် ၂၀ တို့တွင် သတ်မှတ်ထားသည့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုနှင့် အသင်းအဖွဲ့အခြေခံမူများပေါ်တွင် အခြေခံပြီး တည်ထောင်ခဲ့သည်။ မွန်ထရီရယ်တွင် ရုံးချုပ်ရှိပြီး eQualitie ၏ အဖွဲ့သားများသည် ဆင်ဆာဖြတ်တောက်ခံရသောနယ်မြေများနှင့် ပဋိပက္ခဖြစ်ပွားနေသောနယ်မြေများ အပါအဝင် ကမ္ဘာအနှံ့အပြားတွင်ရှိသည်။ eQualitie ကို အများသူငါ ထောက်ပံ့ကြေးများ၊ ပုဂ္ဂလိက ဖောင်ဒေးရှင်းများနှင့် စီးပွားဖြစ်လုပ်ငန်းများမှ ရရှိသော ဝင်ငွေများဖြင့် ရန်ပုံငွေ ပံ့ပိုးထားသည်။ နောက်ထပ်အချက်အလက်များအတွက်၊ https://equalit.ie. သို့ ဝင်ရောက်ကြည့်ရှုပါ။

ဆက်သွယ်ရန်

စာနယ်ဇင်းနှင့် မီဒီယာ စုံစမ်းမေးမြန်းမှုများအတွက် ကျေးဇူးပြုပြီး Jenny Ryan: press [at] equalitie [dot] org ကို ဆက်သွယ်ပါ။

PDF ကို ဒေါင်းလုဒ်လုပ်ပါ