Ceno ဘရောက်ဇာ | Ceno သည် အီရန်တွင် အင်တာနက်ဖြတ်တောက်ခြင်း ကာလအတွင်း ကိုယ့်ကိုယ်ကို သက်သေပြသထား

Ceno သည် အီရန်တွင် အင်တာနက်ဖြတ်တောက်ခြင်း ကာလအတွင်း ကိုယ့်ကိုယ်ကို သက်သေပြသထား

ဗဟိုချုပ်ကိုင်မှုမရှိသော မိုဘိုင်း ဝဘ် ဘရောက်ဇာသည် ဆင်ဆာဖြတ်တောက်မှုကို ကျော်လွန်၍ လူများအား သတင်းအချက်အလက်များကို ရယူပြီး မျှဝေစေနိုင်သည်။

မွန်ထရီရယ်၊ ဒီဇင်ဘာ ၁၅၊ ၂၀၂၂ – eQualitie သည် ရုရှား-ယူကရိန်း စစ်ပွဲအတွင်း Ceno ဘရောက်ဇာ၏ အသုံးဝင်မှု တိုးတက်လာစဉ်အတွင်း အီရန်တွင်လည်း ၎င်း၏ ဘရောက်ဇာသည် ထောင်ပေါင်းများစွာသောလူများကို ကူညီလျက် ၎င်း၏ မျှော်မှန်းချက်ကို ဆောင်ရွက်လျက်ရှိနေခြင်းကို ဝမ်းမြောက်စွာ ကြေညာလိုက်သည်။ censorship.no ၏ အတိုကောက်ရေးပုံဖြစ်သည့် Ceno သည် မိုဘိုင်းဖုန်း အသုံးပြုသူများအား အင်တာနက် ဆင်ဆာဖြတ်တောက်မှု နည်းပရိယာယ်များနှင့် ကန့်သတ်ထားသော ချိတ်ဆက်မှုများရှိနေသည့် ဧရိယာများ ရှိနေသော်ငြားလည်း ကမ္ဘာလုံးဆိုင်ရာ ဝဘ်အကြောင်းအရာများကို ရယူခြင်းနှင့် မျှဝေခြင်းများတို့ကို လုပ်ဆောင်စေနိုင်သည်။ Ceno သည် ၂၀၂၂ ခုနှစ်မှ စတင်၍ ယနေ့အထိ အီရန်တွင် အင်တာနက် ချိတ်ဆက်မှုများကို ဖြတ်တောက်ခံထားရသည့် အချိန်တွင်လည်း လူပေါင်း သောင်းဂဏန်းအထိ ကူညီနိုင်ခဲ့သည်။

အင်တာနက်ဖြတ်တောက်ခြင်းများသည် ဒီမိုကရေစီမရရှိသော နိုင်ငံများတွင် ပုံမှန်ကဲ့သို့ဖြစ်လာနေသည်၊ Ceno ကဲ့သို့သော ဗဟိုချုပ်ကိုင်မှုမရှိသည့် ဝန်ဆောင်မှုများနှင့် ကိရိယာများအား လိုအပ်ချက်သည် ပိုမိုတိုးလာနေသည်။ အီရန်တွင် စက်တင်ဘာလလယ်အတွင်း ဆန္ဒပြသူများ တဟုန်ထိုး များပြားလာသည့်အတွက်ကြောင့် အာဏာပိုင်အစိုးရများသည် နိုင်ငံအတွင်း အင်ထရာနက် အဆောက်အုံများ၊ နိုင်ငံတွင်း သတင်းအချက်အလက် ကွန်ရက်များ ပြင်ပ ဆက်သွယ်ခြင်းများကို ပြင်းပြင်းထန်ထန် ဖိနှိပ်လာခဲ့သည်။ အခြားအရာများတွင် အာဏာပိုင်များသည် ဝဘ်ဆိုဒ်များနှင့် ဆိုရှယ်ပလက်ဖောင်းများကို ပိတ်ဆို့ခြင်း၊ မိုဘိုင်းဒေတာများကို ပိတ်ချခြင်း၊ DNS ဆားဗစ်များကို ကုဒ်ဖြင့် ပြောင်းလဲခြင်းများနှင့် ကွန်ရက်များကို ဖြိုလှဲခြင်းများတို့ကို ပြုလုပ်နေခဲ့သည်။

Ceno သည် Ouinet ကဲ့သို့ အသုံးပြုသူမှ အသုံးပြုသူ ကျောရိုး(peer-to-peer backbone)ကို အသုံးပြုပြီး ပိတ်ဆို့မှုများ၊ စစ်ထုတ်ခြင်းများ၊ ဖြတ်တောက်ခြင်းများနှင့် တိုက်ခိုက်ခြင်းများ စသည့် နည်းပရိယာယ်များကို ကျော်လွှားနိုင်အောင် ကြံ့ကြံ့ခံနိုင်ခဲ့သည်။ Ceno သည် ၎င်း၏ ဗဟိုချုပ်ကိုင်မှုကင်းမဲ့သော ကွန်ရက်ကို အီရန်တွင် လူထောင်ပေါင်းများစွာက နိုင်ငံတွင်း အင်ထရာနက်ကို ရှောင်ရှားနိုင်ရန်အတွက် လက်ရှိတွင် Ceno ဘရောက်ဇာ အသုံးပြုခြင်းပေါ်မူတည်ပြီး တွက်ချက် ခန့်မှန်းနိုင်ခဲ့သည်။ Ceno ကို အသုံးပြုသူအရေအတွက်သည် ရုရှား၊ အာဖဂန်နစ်စတန်၊ ယူကရိန်း၊ ပါကစ္စတန်၊ အိန္ဒိယ၊ ယီမင်၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ စသည့် ဆင်ဆာဖြတ်တောက်ခြင်းခံရသော အခြားနိုင်ငံများတွင်လည်း ဆက်လက်တိုးတက်လာနေခဲ့သည်။ တစ်ယောက်ချင်းစီ၏ အပ်ပ်ထည့်သွင်းခြင်းသည် ဖုန်းတစ်ခုနှင့်တစ်ခုကြား bridge(တံတား)များကို ဖန်တီးပြီး ကွန်ရက်ကို ချဲ့ကားလာနိုင်ပြီး ပိတ်ဆို့ခြင်း၊ စစ်ထုတ်ခြင်းနှင့် ဆင်ဆာဖြတ်တောက်ခြင်းခံထားရသည့် ဝဘ်အကြောင်းအရာများကို အသုံးပြုသူများအား မျှဝေစေနိုင်သည်။

"အရေးကိစ္စတွေကြုံလာတဲ့အခါ Ceno ရဲ့ လုပ်ဆောင်ချက်တွေကိုကြည့်ရတာ အတော်လေး ကျေနပ်မိပါတယ်" ဆိုပြီး eQualitie ၏ တည်ထောင်သူ၊ ဒါရိုက်တာ Dmitri Vitaliev က ပြောပါတယ်။ "အီရန်မှာ ပြည်သူတွေ အချက်အလက်တွေကို လွတ်လွတ်လပ်လပ် မရနိုင်တဲ့အချိန်မှာ Ceno ကိုအသုံးပြုတာက သူတို့ရဲ့ အခြေအနေတွေကို ဖြေရှင်းဖို့ကူညီနိုင်ပြီးတော့ အီရန်ကွန်ရက်မှာ ဆင်ဆာဖြတ်တောက်ခံထားရတဲ့ အချက်အလက်တွေကို လွတ်လပ်စွာကြည့်နိုင်ဖို့ အထောက်အပံ့ဖြစ်စေခဲ့ပါတယ်။"

Google Play Store သုံးသပ်သူတစ်ဦးက "အထင်ကြီးစရာ ပလက်ဖောင်း" ဟု မှတ်ချက်ပြုခဲ့သည်။ "ဒါက တော်တော်လေးအသုံးဝင်ပြီးတော့ ကောင်းမွန်တဲ့ အပ်ပ်တစ်ခုဆိုတာကို အီရန်လိုနိုင်ငံမှာနေတာမဟုတ်ရင် သင်သိနိုင်မှာ မဟုတ်ပါဘူး။"

Ceno သည် Android စက်ကိရိယာများတွင် အလုပ်လုပ်ပြီး ဗားရှင်း ၂.၀ ကို Google Play၊ censorship.no နှင့် Paskoocheh (Farsi for Alley Way) တို့တွင် လာမယ့် အပါတ်၌ ထုတ်လွှင့်ရန် စီစဉ်ထားသည်။ ၎င်း၏ open-source code ကို Gitlab တွင် ရနိုင်သည်။ Ceno သည် အွန်လိုင်းဝင်ရောက်ကြည့်ရှုနိုင်မှုနှင့် သတင်းအချက်အလက်ဆိုင်ရာ စိန်ခေါ်မှုများကို လက်တွေ့ကျကျ တုံ့ပြန်မှုများ ကမ်းလှမ်းရန် တိုရွန်တို အခြေစိုက် နည်းပညာအုပ်စု ASL19 ကဲ့သို့ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ထားသည့် eQualitie မှ စိတ်ကူးပြီး တီထွင်ခဲ့သော ဒစ်ဂျစ်တယ် ဒီမိုကရေစီစနစ် စီမံကိန်းများစွာထဲမှ တစ်ခုဖြစ်သည်။ ပိုမိုသိရှိလိုပါက အချက်အလက်စာမျက်နှာ ကို ကြည့်ပါ

eQualitie အကြောင်း

eQualitie ကို 2010 ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် 18၊ 19 နှင့် 20 တို့တွင် သတ်မှတ်ထားသည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ပေါင်းသင်းခြင်းဆိုင်ရာ အခြေခံမူများပေါ်တွင် မူတည်ပြီး ဖန်တီးခဲ့သည်။ မွန်ထရီရယ်တွင် ရုံးချုပ်တည်ရှိပြီး eQualitie ၏အဖွဲ့များသည် ဆင်ဆာဖြတ်ထားသောနေရာများနှင့် ပဋိပက္ခဖြစ်ပွားရာနေရာများအပါအဝင် ကမ္ဘာတစ်ဝှမ်းတွင် ဖြန့်လျက်ရှိနေသည်။ eQualitie ကို အများသူငှာ ထောက်ပံ့ကြေးများ၊ ပုဂ္ဂလိက ဖောင်ဒေးရှင်းများနှင့် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများမှ ရရှိသော ၀င်ငွေများဖြင့် ရန်ပုံငွေ ပံ့ပိုးထားသည်။ နောက်ထပ်အချက်အလက်များအတွက်၊ https://equalit.ie သို့ ဝင်ရောက်ကြည့်ရှုပါ။

ဆက်သွယ်ရန်

စာနယ်ဇင်းနှင့် မီဒီယာ စုံစမ်းမေးမြန်းမှုများအတွက် ကျေးဇူးပြုပြီး Jenny Ryan: press [at] equalitie [dot] org ကို ဆက်သွယ်ပါ။

PDF ကို ဒေါင်းလုဒ်လုပ်ပါ