Ceno ဘရောက်ဇာ | အီရန် မြေပြင်အခြေအနေမှ အထူးသတင်းများ

အီရန် မြေပြင်အခြေအနေမှ အထူးသတင်းများ

ဒီဇင်ဘာ ၂၀၂၂

Ceno အသုံးပြုသူ အတွေ့အကြုံများ

  • အသုံးပြုသူ အတွေ့အကြုံများသည် ISP များမှ အင်တာနက်ပိတ်ဆို့ဖြတ်တောက်ခြင်းမှုပေါ်မူတည်ပြီး နေရာဒေသအလိုက် ကွဲပြားမှု ရှိနေပြီး နှောင့်ယှက်ခြင်းများကို ကွဲပြားစွာ တိုင်းတာရသည်။
  • အီရန်၏ နိုင်ငံတွင်းကွန်ရက်(အမျိုးသားသတင်းအချက်အလက်ကွန်ရက် သို့မဟုတ် NIN)တစ်ခုသာ ကွန်နက်ရှင်ရရှိနိုင်သောအခါတွင် Ceno အသုံးပြုသူများသည် ပိတ်ဆို့ထားသော ဝဘ်အကြောင်းအရာများကို ရယူကြည့်ရှုနိုင်သေးသည်။
  • အသုံးပြုသူများသည် တချို့သော WiFi ကွန်ရက်နှင့် တချို့သော မိုဘိုင်းကွန်ရက်များကို အသုံးပြုပြီး ပိတ်ဆို့ ဖြတ်တောက်ထားခံရသော အကြောင်းအရာများကို ရယူ ကြည့်ရှနိုင်သည်။
  • အက်ပလီကေးရှင်းကို ထည့်သွင်းထားခြင်းပြီး ဝဘ်အကြောင်းအရာ ရှာဖွေရန် အသုံးပြုခြင်းဖြင့် ကမ္ဘာတစ်ဝှမ်းရှိ မည်သူမဆို Ceno ကွန်ရက်ကို တိုးချဲ့ရန် ကူညီနိုင်သည်။ ဘရောက်ဇာကို အသုံးပြုခြင်း တစ်ခုစီတိုင်းသည် အကြောင်းအရာ၏ အမြန်နှုန်း၊ အရည်အသွေးနှင့် အရေအတွက်တို့ကို တိုးတက်စေနိုင်သည်။ ကန့်သတ်မှုနည်းသော နေရာဒေသများတွင် ရှိသော အသုံးပြုသူများက ကန့်သတ်မှုများသော နေရာဒေသများတွင် ရှိသည့် အသုံးပြုသူများအတွက် ဝဘ်အကြောင်းအရာများကို လုံခြုံစွာ မျှဝေနိုင်သည်။
  • အသုံးပြုသူများသည် Ceno တွင် တောင်းဆိုထားသည့် အချက်အလက်များကို လက်ခံရရှိမည် ဖြစ်သည်။ ပြန်လည်ရရှိလာသော အကြောင်းအရာများကို အတည်ပြုစစ်ဆေးရန်အတွက် ကွန်ရက်လုံခြုံရေး nodes များကို အသုံးပြုထားသည်။

အသုံးပြုသူ မှတ်ချက်များ

"တော်တော် အထင်ကြီးစရာကောင်းတဲ့ ပလက်ဖောင်းပါ။ အီရန်လိုနိုင်ငံမျိုးမှာ နေထိုင်နေတာမဟုတ်ဘူးဆိုရင် ဘယ်လောက်အသုံးဝင်လဲဆိုတာ သင် မခန့်မှန်းနိုင်လောက်ဘူး။"

"အီရန်မှာ ပြင်းပြင်းထန်ထန် အင်တာနက် ပြတ်တောက်မှုတွေ ဖြစ်ပျက်နေတဲ့အချိန်မှာ ဒီအက်ပ်က ကျွန်ုပ်တို့ရဲ့ မျှော်လင့်ချက်အနည်းငယ်ထဲက တစ်ခုပါပဲ။"

"လူတိုင်း ဒီအက်ပ်နှစ်ခု(Ceno နှင့် NewNode)ကို ထည့်ထားသင့်ပါတယ်။ ဒီအက်ပ်တွေနဲ့ဆိုရင် အင်တာနက်စစ်ထုတ်ခြင်း၊ ဆင်ဆာဖြတ်တောက်ခြင်းတွေက သက်ရောက်မှု မဖြစ်တော့ပါဘူး။"

"အီရန်ပြင်ပမှာနေထိုင်တဲ့ အင်တာနက် အသုံးပြုသူတွေက Ceno ဘရောက်ဇာကိုထည့်သွင်းထားပြီးတော့ နိုင်ငံတွင်းအသုံးပြုသူတွေမှာ နိုင်ငံတကာကွန်ရက်ကို ဖြတ်တောက်ခံရတဲ့အခါမှာလည်း အကြောင်းအရာတွေကို ရယူနိုင်အောင်ကူညီပြီး အခမဲ့ အင်တာနက်ကို ထောက်ပံ့ပေးနိုင်ပါတယ်။"

"Ceno ဘရောက်ဇာကို ထည့်သွင်းပါ (Android အတွက်)။ ကမ္ဘာလုံးဆိုင်ရာ အင်တာနက် ပြတ်တောက်သွားတဲ့အခါ အသုံးပြုနိုင်ပါတယ်။ ကွန်ရက်တိုးလာတာနဲ့အမျှ အမြန်နှုန်းကတိုးလာနိုင်တဲ့အတွက် အသုံးပြုသူတွေ အများကြီးရှိဖို့ အရေးကြီးပါတယ်။"

" ဒီ ဘရောက်ဇာက ကောင်းပါတယ်၊ အထူးသဖြင့် ကျွန်တော်တို့ အီရန်နိုင်ငံသားတွေ အတွက်ပေါ့၊ ကျွန်တော်တို့မှာ အစိုးရက အကုန်လုံး (breaker တွေအပါအဝင်)ကို စစ်ထုတ်နေပြီးတော့ အင်တာနက်ကိုလည်း လွတ်လွတ်လပ်လပ် သုံးခွင့်လည်း မရှိပါဘူး။ "

သတင်းမီဒီယာများ၌ CENO

"အင်တာနက် ပြတ်တောက်သွားသည့်အချိန်တွင် သုံးစွဲသင့်သည့် ဆော့ဖ်ဝဲ၊” Independent Persian

"အီရန်ရဲ့ အင်တာနက်အခြေအနေဟာ ဘာလဲ။” Iran Wire

"ဒစ်ဂျစ်တယ်လုံခြုံရေးနှင့် စစ်ထုတ် ကိရိယာများအတွက် အွန်လိုင်း စျေးတန်းလို လမ်းကြားလေး” Zamaneh Tribune